Wednesday, July 04, 2018

ပြည်သူ့ အလံတော်အောက်မှာ

ဦးနှောက်နဲ့  နှလုံးသား
ရစ်ပတ်လုံးထွေးနေသလား ဂျူလီယာ
တွေဝေနေရင်တော့ ကျန်ရစ်ခဲ့လေ …..

ကောင်းကင်ကို မော့ကြည့်လိုက်တယ်
ကြည်နှုးဘွယ်ရာ ပျော်ရွှင်မှုများ
တိမ်တွေလေနှင်ရာ လွင့်ပါး ကွယ်ပျောက်သလိုမျိုး
ငါ့ဘ၀ထဲက ထွက်ခွာသွားကြ …..

အနာဂတ်ကို မျှော်ကြည့်လိုက်တယ်
တိုက်ပွဲတွေက ပြည့်လို့ ပေါ့ ဂျူလီယာ
အားလုံးအတွက်ပါ
ဟောဒီ ရင်ဘတ်ကြီးတွေနဲ
ထမ်းတင်ပေးတဲ့အခါ
နှလုံးသားက နာနာကျင်ကျင်
ပါဗလိုနိရူဒါရဲ့  ပြည်သူ့ အလံတော်ကိုမှ ပြေးမြင်မိတယ် …..

တိုက်ပွဲစထဲက မုန်တိုင်းမီးတောက်တွေထဲ ခုန်ဆင်းခဲ့ကြတာပါ ….
ဘ၀မှာ အလိုအပ်ဆုံးအရာ
ဟောဒီလို ရေးခဲ့ ယုံကြည်ခဲ့ဘူးတယ်
လွတ်လပ်မှု တန်းတူညီမျှမှု
ဒီမိုကရေစီနိုင်ငံတော်
အသက်စွန့် သွားတဲ့ရဲဘော်
အဲဒီအောက်ဆှံးမှာမှ အချစ်ဟာရှင်သန်တယ်
နင်မငိုပါနဲ့  ….တဲ့ …

ဂျူလီယာ အခုတော့
တိုက်ပွဲတွေလဲ ပီးခဲ့ပြီ
အကြိမ်ကြိမ် မက်ခဲ့ရတဲ့
ပြည်သူ့ အလံတော်လည်း လေမှာ ၀ဲပျံခဲံ့ပြီ ……

ဒါပေမယ့်ပေါ့ ဂျူလီယာ
အဲဒိ ၀ဲပျံနေတဲ့ ပြည်သူ့ အလံတော်အောက်မှာ
ငါတို့  လူနဲစုဝင်တွေ ယုံကြည်ရာ
မတူကွဲပြားသူတွေ အတွက်တော့
ပင်လယ်ပြင် သင်္ဘောမှောက်တာထက် ပိုဆိုးခဲ့ရပေါ့.
သို့ သော်လည်းပေါ့လေ
ငါတို့ ဟာ ယုံကြည်ချက်ခိုင်မြဲ
လက်ထဲကိုင်ဆွဲထားတဲံ့
ပြည်သူ့  အလံတော်ကို လွှတ်မချခဲ့ပါ့ဘူး
အမေ့ကိုယုံလို့  ဘ၀တွေကို ပုံအပ်ခဲ့တာပဲ ……

ရဲရင့်သက်ဇွဲ ၂၄ စက်တင်ဘာ ၂၀၁၆ 
  

No comments: