Showing posts with label အမှတ်တရ ကဗျာ. Show all posts
Showing posts with label အမှတ်တရ ကဗျာ. Show all posts
Saturday, August 27, 2011
ဟယ်လ်ဆင်ကီးမြို့ ရဲ့  ရွှေအိုရောင်နွေရက်များ
ဟယ်လ်ဆင်ကီးမြို့ ရဲ့  ရွှေအိုရောင်နွေရက်များ
အရှေ့ တောင်အာရှက အပ်တစင်းနဲ့ 
ဥရောပမှာ သောင်တင်နေတဲ့အပ်တစင်း
ထိတွေ့ ခြင်းဟာ ရခဲခြင်းတရားလေးပါးထဲက
မနုသတ္တဘာဝေါ ဒုလ္လဘော ကို ဖော်ကျူးနေတာပဲမဟုတ်လား ။
ကျနော်တို့ ရဲ့ တွေ့ ဆုံခြင်းမှာ ဘာဘာညာညာမလို
ရွတ်ဆိုစရာ ကဗျာတချို့ နဲ့ 
ဗျစ်ရည် နဲနဲပါးပါးတော့ လိုအပ်သပေါ့လေ ။
အထူးဧည့်သည်တော်အနေနဲ့ 
ခင်ဝမ်းရဲ့ တေးသီချင်းတွေကို ဖိတ်ကြားခဲ့ကြရဲ့  ။
ကိုအောင်ချိမ့် ကဗျာထဲကလို
အမှန်တရားတခုထဲ ကို ဟောပြောဘို့ကိစ္စဟာ
နည်းနည်းစောပြီး
သိပ်နောက်ကျသွားပြီ
မောင်ချောနွယ်စကားလို
ရင်ဘတ်ခြင်း ဂျက်ပင်ထိုးလိုက်ကြတယ်။
ချစ်ချင်း မုန်းချင်းတရားအိုဇုန်းလွှာလိုပါးလွှာ
ကျနော် နဲနဲလေးမှအထိမခံနိုင်
ရာဇ၀င်ထဲက မိဖုရားငယ်ရဲ့ မသိစိတ်က ယောင်ရမ်းမှု
လွှတ်ကနဲ အို ဆင်ကဲကလေ ...ဘ၀ဇာတ်သိမ်း
မီးကျီးခဲတွေ မငြိမ်းခင်အထိ
ဘယ်ဟာက ဇာတိ ဘယ်ဟာကဇရာ ဘယ်ဟာကဗျာဓိ
ဘယ်ဟာက မရဏ သိခွင့်ရချင်မိရဲ့ 
အဲဒီနောက်မှာတော့ နေကွယ်ရင် ရွှေဓါးဆွဲလို့ ပဲသတ်သတ်
ကျောတရာ ရင်တရာ ဒဏ်ခတ် မြိုင်ရပ်ကိုပဲ နှင်နှင်
ဒီမှာလေ … ဟေရာကလိုက်တပ်စ်ရဲ့  မြစ်တမြစ်သီအိုရီ
ကျနော် လေ အကြိမ်ကြိမ်အော်ဟစ် ရယ်(ရီ)မော မျက်ရည်တောမှာ ….
Sunday, September 06, 2009
ဥဒါန်း
ဥဒါန်း
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့  ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ် ။
သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။
ရာဇ၀င်းဆိုးရဲ့ 
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ် .။
ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ် ။
သားပျောက်ရှာနေတဲ့ အမေကို
သူအောက်က မြေက
“မေမေ” လို့  တိုးတိုးလေး ခေါ်နေတယ်။
မေမေရယ် မေမေရယ် မေမေရယ် ။
ဇာဘုရင်ရဲ့  စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ် ။
နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။
ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲဖြစ်တယ် ။
“ဟေ့ …..ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ် ။
ရွှေဘုန်းလူ
(ရွှေဘုန်းလူ(ခ)တာရာမင်းဝေ အမှတ်တရ)
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့  ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ် ။
သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။
ရာဇ၀င်းဆိုးရဲ့ 
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ် .။
ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ် ။
သားပျောက်ရှာနေတဲ့ အမေကို
သူအောက်က မြေက
“မေမေ” လို့  တိုးတိုးလေး ခေါ်နေတယ်။
မေမေရယ် မေမေရယ် မေမေရယ် ။
ဇာဘုရင်ရဲ့  စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ် ။
နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။
ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲဖြစ်တယ် ။
“ဟေ့ …..ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ် ။
ရွှေဘုန်းလူ
(ရွှေဘုန်းလူ(ခ)တာရာမင်းဝေ အမှတ်တရ)
Subscribe to:
Posts (Atom)