Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, February 13, 2016

proud of February 13th


proud of February 13th

just like magic
just like sorcery
limitless
except all the goodness
all the badness
grew up in a place where there's everything
we the youth
aren't the lazy ones

what happened in the past
what is happening now
what is going to happen next 
I know it all....
what I want in the past
what I want now 
what I need in the future
I know it all

English and Burma the first war
........the second war
........the third war
slaves of colonization
I know it all
we don't let ourselves 
submerge in the slavery
I know all the rebellion of the Patriots


I know the teacher and the lord Mhine
I know the general Minn Yaung
I know the Farmer teacher San
I know the lord Aung Sann
I know the lord Ba Hein
I know the lord Thann Htunn
I know the lord Aung Kyaw
History before their birth

I know parts of their lives

after their birth
the great and the grand
history of the students movement
history of the citizen movement
history of the monks movement
the cruelty of this upholding authority
the inhumane history
I know it all
The flow of the generation
among those who know their duty and uphold it
a mother who love their country more than their life I know it all

loving the simple life of a man
a man of age thirty two
the ability of a fascinating history
the mindset that should be an example
the youth of the new generation 
for a brighter future
let's make the best and be proud of February 13th

Poem by Ye Yint

Translate by ye yint tin aung moe

Saturday, May 19, 2012

ကျီတောက်စွပ် ခဏ မချစ်ကြနဲ့ 

ကျီတောက်စွပ် ခဏ မချစ်ကြနဲ့ 

ဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး
အမေ့ ကျေးဇူး ဘာညာ
တဇာဇာအော်ဟစ် ….

မရှိတာထက် မသိတာခက်
လှတာမက်၍ ညစာခက်
ခက်ခဲဘ၀ကြုံမှ အမေ့တ
သားမှားပြီ မှားပြီ အမေရဲ့ 
ငိုချင်းတွေချ အမေ့အိမ်ဝမှာ …..

အာကာကို လွှာပုံပြုပါလို့  အစချီ
အတောင်အလက်မစုံခင်ထဲက
ခြေစုံကန်ခဲ့ကြပုံများ
မိဘနေရာ ကိုယ်ကိုယ်တိုင် အစပြုတဲ့အခါ
အမေဘယ်လိုနေရှာမလဲလေ
မျက်ဝန်းထဲမှာ မိုးတွေရွာစွေ
ပြိုမယ့် မိုးမသဲနဲ့ လေ ……

အမေတယောက်က
သားတယောက်ကို ပြောခဲ့ဘူးတယ်
ငါ့ကို မသနားနဲ့  နင့်ကိုယ်နင်သနားတဲ့
(ပိတောက်ဖူးပေါ် ပျံသန်း …….. မောင်လွမ်းဏီ)
ပြန်လာခဲ့ပါ သားရယ်…
အမေ သေရင်လည်း ငါ့သားတွေ မျက်စေ့အောက်မှာ
ငါ့သားတွေ သေရင်လည်း အမေ့မျက်စေ့အောက်မှာ …
(မထုတ်ဖြစ်သေးသော အမေမျှော်ရှာနေရော့မယ် နှင့်…..ရဲရင့်သက်ဇွဲ)

အမေ အသက်အရွယ်ကြီးရင့်လာ
ရွှေ ငွေ တိုက်တာ မော်တော်ကား
ဒါတွေမလိုပါ မရချင်ပါဘူး
သားသမီးတွေရဲ့  ချစ်ချင်းမေတ္တာတရား
အမေ့ရင်မှာ လရောင်ပါပဲ
အမေ့ချစ်ချင်းမေတ္တာတရား
သားသမီးများအပေါ် ထာဝရစီးဆင်းနေမြဲ …

ရဲရင့်သက်ဇွဲ
၁၃၀၅၂၀၁၂



တကိုယ်တော် လေမှာလွင့်ချင်တယ်

တကိုယ်တော် လေမှာလွင့်ချင်တယ်

အခုတော့
ရေခဲတွေ အရည်ပျော်ကုန်ကြပြီ ။

တရွေ့ ရွေ့ ကုန်လွန်ခဲ့
ပရိဒေ၀ မီးနဲ့ ထွန်းညှိတဲ့အလင်းရောင်မှာ
ပိုးဖလံတို့ ရဲ့ တောင်ပံခပ်သံများ
တရားပြ
ငါ ကိုယ်တိုင် ငါဟာအပြစ်လဲမကင်းနိုင်
အတောင်တဖြတ်ဖြတ်ခတ်လို့ ..။

ဒီလမ်းအဆုံးအထိ
လျှောက်နိုင်ပါ့ဦးမလား
ဒီတောင်က
ကျော်နိုင်ပါ့ဦးမလား
မကျော်နိုင်ရင်လည်းကွေ့ သွား
ဘယ်လိုသွားသွား
တနေ့ တော့ရောက်မှာပါ …။

ဝင်္ကပါ
ဆူညံရှုပ်ထွေး ဤအရေးမှ
ပြေးထွက်ခွာလို ချည်နှောင်သည်ကြိုး
ရုန်းထွက်ဘို့ ကြိုးစားတာတွေလည်း
ငါ မင်းကို ပြောပြချင်တယ်….။

ရဲရင့်သက်ဇွဲ
၁၇၀၅၂၀၁၂


မီးတောက်ထဲကိုပိုးဖလံ တိုးဝင်မိုက်တယ်

မီးတောက်ထဲကိုပိုးဖလံ တိုးဝင်မိုက်တယ်

ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
မျှော်ကိုးနေမိတဲ့စိတ်ကို
အမြစ်ပြတ်အောင် မနှုတ်သိမ်းနိုင်ခဲ့ဘူး ။

လှေမျော လှေနဲ့ လိုက်ကြတယ်
ငွေမျောတော့လည်း ငွေနဲ့ လိုက်ကြပြန်တယ်
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီထင်ကြေးထဲကို မျက်စေ့စုံမှိတ်
နောက်ပြသနာ နောက်ရှင်း
ခပ်တင်းတင်းခုန်ဆင်းသွားကြတယ် ။

ဘ၀သံသရာမှာ
သမုဒယ အနုအလှတွေနဲ့ 
ယုယုယယ နေချင်သော်လည်း
ဘ၀မျောတော့ ဘ၀တွေနဲ့ လိုက်ရ
အနာဂတ်တွေ မျောတော့
ဘာတွေနဲ့ လိုက်ရမှာလဲ
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီမီးထဲကိုပဲ ထင်းတွေထပ်ထိုးနေခဲ့ကြ ။

ဟိုးတုန်းကလို
အိပ်ကပ်ထဲ အောင်ဘာလေထီလက်မှတ်တွေ့ ရုံနဲ့ 
စကားကို အပြတ်မပြောလိုက်ဘို့ 
အဲသလိုမျိုး ခေတ်ကို
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အိပ်မက်အသိုးတွေကို သာသာထိုးထိုးပေးနေပြန်ပြီ .။

မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
မပြတ်သားတဲ့ စိတ်ကို ခေတ်တိုင်းမှာ
အမြစ်ပြတ်အောင် ဆွဲမနှုတ်နိုင်ခဲ့ကြပုံများ
ထင်းတွေဖြစ်လို့  ……။။

ရဲရင့်သက်ဇွဲ
၁၂၀၅၂၀၁၂

Thursday, May 10, 2012

ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ ဘ၀ခိုငှက်တွေမှာတော့

ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ
ဘ၀ခိုငှက်တွေမှာတော့


နှင်းပွင့်လေးတွေကို ငါချစ်တယ်
နှင်းအတုန်းအခဲတွေကိုလည်း ငါချစ်တာပါပဲ။
နွေအခါမှာေ၇ပြင်ကျယ်
ဆောင်းအခါမှာ ကစားကွင်းဖြစ်သွားတဲ့
ပင်လယ်ရဲ့  ဘ၀ကို သနားလိုက်တာ။
ဝင်ရိုးစွန်းနိုင်ငံရဲ့ 
ဆောင်းနက်နက်ထဲတိုးဝင်သွားတဲ့အခါ
သနားစရာဟာ ငါဖြစ်လို့ သွားတယ်။

ဒါဟာ လွန်ခဲ့တဲ့တနှစ်က
ကြုံရတဲ့ ငါ့ အဖြစ်ကို
ပြန်ပြောပြတာပါ။

လူတွေ လူတွေ
အသားအရောင် လူမျိုး ကိုးကွယ်ရာ မတူသောလည်း
ဘ၀ရှင်သန်ဘို့  အနာဂတ်ရှင်သန်ဘို့ 
သူတို့  အသိုက်အမြုံတွေကို စွန့် ခွါခဲ့ရပုံက ထပ်တူ
ဆောင်းခိုငှက်များရဲ့  ပျံသန်းမှုမျိုး ထပ်တူ
အဲဒီလို ထပ်တူပြုမှုနဲ့ သူတွေကို
ဟောဒီမြေပေါ်မှာ ဘ၀ခိုငှက်တွေလို့  ငါဆိုလိုက်ချင်တယ်. ..။

ဖိနှိပ်ခံရတဲ့ဝေဒနာကို ဖိနှိပ်ခံရဘူးသူသာလျင် စာနာနားလည်နိုင်တယ်
လုံခြုံအေးချမ်းတဲ့  ဒီမြေပေါ်မှာ သူတို့ ရဲ့  အိပ်စက်မှုတွေဟာ
ချောက်ချားစရာ ကြောက်မက်ဘွယ်ရာ အိပ်မက်တွေနဲ့ ဖျက်ဆီးခံနေရဆဲ
တယောက်ချင်းရဲ့ အဖြစ်အပျက်တွေကို ကြားနာရတဲ့အခါ
မှတ်တမ်းရုပ်ရှင်တိုလေးတွေ ကြည့်ရသလိုမျိုး
ခံစားချက်အဖုံဖုံ ငါ့ရင်ကို တုန်စေတယ်
ငါ့နှလုံးသားကို ခုန်စေတယ်
ငါ့ မျက်ဝန်းကို မှုံရီဝေစေတယ်။

ရုတ်ရင့်ကြမ်းတမ်းတဲ့ လူမဆန်တဲ့ ဒီအဖြစ်အပျက်တွေဟာ
ဟောဒီကမ္ဘာကြီးရဲ့  နေရာအနှံ့ မှာဖြစ်ပျက်နေတယ် ဆိုတာ
အေးခဲလွန်းတဲ့ ၀င်ရိုးစွန်းနိုင်ငံတခုရဲ့  လူသားတွေအနေနဲ့ 
ယုံချင်မှ ယုံကြမယ်…..။
တကယ့်အဖြစ်အပျက်တွေဟာ အိပ်မက်ထက် ဆန်းကျယ်တယ်
ဝတ္ထုဇာတ်လမ်း ရုပ်ရှင်ဇာတ်ညွှန်းတို့  လိုက်မမှီတယ် ။

ခင်ဗျားပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ်
တခြားတယောက်ပဲဖြစ်ဖြစ်
ကိုယ့်တိုင်းပြည်ကို စွန့် ခွာ
မိသားစုကိုစွန့် ခွါ ချန်ထားခဲ့ရတဲ့ ဝေဒနာ
အသွားထက်ထက် ဓါးတလက်နဲ့ 
နှလုံးသားတည့်တည့် ထိုးစိုက်လိုက်သလိုမျိုး ။

သူစိမ်းတွေရဲ့ မြေပေါ်မှာ
ဘာသာစကားမတူသူတွေရဲ့  ပတ်ဝန်းကျင်မှာ
ယဉ်ကျေးမှုမတူသူတွေရဲ့  အရိပ်အောက်မှာ
ရှင်သန်ခွင့်ရတာ ခါးသီးမှုတခုဆိုတာထက်
ငါ…. ကံကောင်းလေခြင်းလို့ များ
ခင်ဗျားတို့  တွေးမိဘူးရဲ့ လား

ငါတော့ မထင်ဘူး
ကျန်ရစ်ခဲ့သူများ ရဲဘော် ရဲဘက်များ
ဒုက္ခတွင်းထဲ ပြစ်ထားခဲ့သလို
ကိုယ့်ကိုယ်ကို အလွတ်ရုန်းခဲ့သလို
ခံစားရတဲ့စိတ်က သိပ်နှိပ်စက်လွန်းတယ် ။

လူခြေတိတ်ဆိတ်
ညကတော့ အိပ်စက်သွားပြီ
သောကလှုပ်နှိုး ဝေဒနာဆိုး အမျိုမျိုးနဲ့ 
တရေးနိုးတာလား တရေးမှမပျော်သေးတာလား
မိတ်ဆွေ စိတ်လျော့ စိတ်လျော့
ဖိဆီးမှုက ပေါ့ပေါ့လေးမှ မဟုတ်ပဲ ……..
ကဲ … ဒီလိုတွေးရအောင်
ခင်ဗျားလွတ်မြောက်လာတဲ့အတွက်
ကျန်ခဲ့တဲ့ မိသားစု ဆွေမျိုးသားခြင်း
မိတ်ဆွေ ရဲဘော်များ လိုအပ်ချက်
ခင်ဗျားကူညီဆောင်ရွက်ပေးနိုင်တယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
ကျန်ရစ်သူမိသားစုက ၀မ်းမြောက်နေပေလိမ့်မယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
မိတ်ဆွေ ရဲဘော် ရဲဘက်များက ၀မ်းသာနေကြလိမ့်မယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုနဲ့ 
ကမ္ဘာကြီးကို အလှဆင်နိုင်လိမ့်မယ်။
တကယ်တော့
တို့ တတွေဟာ အထီးကျန်သူတွေ မဟုတ်ဘူး
တို့ တတွေဟာ မျှော်လင့်ချက်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အနာဂတ်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အသားအရောင် ရုပ်လက္ခဏာ မတူညီကြပေမယ့်
အရေပြားအောက်က သွေးတွေ နီပုံခြင်းတူကြတယ်
တို့ တတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်က ရုန်းထွက်လိုတဲ့ ဆန္ဒတူညီကြတယ်

ဒီမိုး ဒီရေ ဒီလေ ဒီမြေ ဒီလူတွေရဲ့ 
မေတ္တာ ဂရုဏာ စွမ်းပကားနဲ့ ဖေးမကူညီမှုအောက်မှာ
ခင်ဗျားတို့ ရဲ့  ဝေဒနာတွေ ပျောက်ကင်းသက်သာသွားလိမ့်မယ်လို့ 
ငါယုံတယ်….

ဆောင်းခိုငှက်တွေ အိမ်ပြန်လာသလိုမျိုး
ဘ၀ခိုငှက်တွေလည်း
တနေ့ တော့ အိမ်ပြန်ကြရမှာ………..။


ရဲရင့်သက်ဇွဲ
၂၄၀၄၂၀၁၂
၃း၃၆ အေအမ် 

 

 




Saturday, May 05, 2012

ပြေးလမ်းရဲ့ အဆုံးမှာ

ပြေးလမ်းရဲ့ အဆုံးမှာ

တချို့ …..
ဒရီးဒယိုင် တုန်တုန်ချိချိနဲ့ 
ပြေးလမ်းပေါ်ကို တက်လာကြတယ်
ဟန်ပန်ကတော့ တာဝေးအပြေးသမား ဂိုက်အပြည့်နဲ့ 

တချို့  ….
မသမာမှုကို
မင်းသားခေါင်းစွပ်လို့ 
ပြေးလမ်းပေါ်တက်လာကြတယ်

တချို့  ….
လေသံကြား တရားနာ
လေဖမ်း ဒန်းစီး
တော်၏ မတော်၏ သူမသိ
ပြေးလမ်းပေါ်တက်လာကြတယ်

တချို့  ….
မမှန် မတရားမှုကို
အပြုတ်တိုက်မဟဲ့တဲ့
ကိုယ်ခံအားကောင်းကောင်း မကောင်းကောင်း
စိတ်ကောင်းတခုနဲ့ 
ပြေးလမ်းပေါ် တက်လာကြတယ်

အနိုင် အရှုံးဆိုတာ
ပွဲပြီးမှသိရမှာ
ပြေးလမ်းရဲ့ အဆုံးမှာ
တာဝေးအပြေးသမား
ဘာတွေများရသွားမလဲ

ပြေးလမ်းအဆုံးမှာ
ညောင်သီးလဲစား
လေးသံလည်း နားထောင်…..။

ရဲရင့်သက်ဇွဲ
၅ မေ ၂၀၁၂


Sunday, April 22, 2012

ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ

ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ

မင်းလမ်းလျှောက်တဲ့အခါ
ညှင်သာစွာ ခြေလှမ်း ဖြေးဖြေးလေးလှမ်းလှည့်ပါ ။
မင်းစကားပြောတဲ့အခါ
တိုးတိုးဖွဖွ ရယ်သံလွှလွှ
ဖူးငုံသစ်စ နှုတ်ခမ်းပါးလျ
လက်ဝါးလေးနဲ့ ကာပြောစမ်းပါ ။

ဟိုမှာတွေ့ လား ……
ကွန်ကရစ် အတုန်းအပုံတွေကြားမှာ
မြစ်ဆုံလေ
ဧရာဝတီအတွက် အသက်ပေးကာကွယ်ကြတဲ့။

မင်းမျက်ဝန်းတွေထဲက
ကြေက်ရွံ့ စိုးရိမ်စိတ်တွေကို
မြစ်ဆုံမရိပ်မိစေနဲ့ 
ဧရာဝတီပေါ်ကို မကျမိစေနဲ့ 
ကိုယ့်လက်ကို မြဲမြဲကိုင်တွယ်
တရားတဖက် ဓါးတလက်နဲ့ 
သမိုင်းပေးတာဝန်တွေပါကွဲ့ ။

အချစ်ရေ …..
အရွယ်တွေ အရုပ်တွေ အရောင်တွေ ယုံကြည်ရာတွေ
ခေတ္တခဏမေ့ထား
ဟော့ဒီ မြေပေါ်မှာ မွေးဖွားကြီးပြင်းသူ ဘယ်သူပဲဖြစ်ဖြစ်
ဟော့ဒီ မြေပေါ်မှာ နှစ်ကာလရှည်လျားလာရောက်အခြေချသူများ
ဟော့ဒီ ရေ မြေ လေ တို့ ရဲ့ သစ္စာတရားကို စောင့်သိသူများ
ဟော့ဒီ နိုင်ငံရဲ့  အနာဂတ်သစ်ကို ဒိုးတူဘောင်ဖက် တည်ထောင်လိုသူများ
မြစ်ဆုံအရေး ဧရာဝတီအရေးမှာ လက်နှေးမနေကြနဲ့ ….
အဖိုးမှိုင်းသာ သက်ရှိထင်ရှား ရှိနေသေးရင် …..
(………………………..ဓါးမသွေးလောက်ပီမို့ လို့ များစာချိုး)
တိုက်ပွဲထဲ ရဲရဲတိုးသွားမှာအသေအချာပဲ …။

အချစ်ရေ ….
ရင်ကိုဖွင့်ကြည့်စမ်း ဘာတွေတွေ့ နိုင်မလဲ……..။

ရဲရင့်သက်ဇွဲ
၂၀၀၄၂၀၁၂

Saturday, April 14, 2012

ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ

ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ

နှင်းပွင့်တွေက မြေပြင်ပေါ်ကို
အရှိန်ပြင်းပြင်း ပြေးဆင်းလာကြတယ်…။
လေအဝှေ့ မှာ အအေးဓာတ်က
အရိုးထိအောင် ထိုးထဲ့လိုက်သလိုမျိုး
ခြောက်သွေ့ နေတဲ့ မြေပြင်ကတော့
ငိုပွဲ ဆင်နေလေရဲ့  ….။

ငါရောက်နေတဲ့ အရပ်ကနေ
အလွမ်းတွေ ကိုင်းကူးဆက်
ဖူးပွင့်လာတဲ့ဝေဒနာ
ပိတောက်ဝါ
ပိတောက်ဝါ
တို့ ရေ တို့ မြေမှာ
အတာရေလောင်း ချမ်းမြေ့ စေကြောင်း ဆုတောင်းပြီ …။

နှစ်ကာလများ
သတိရတမ်းတမိပေါ့
ဒီမှာတော့
ဆောင်းအကုန် နွေအကြိုညမျှားမှာ
ငါ့ … ပြူတင်းမှမြင်ရတဲ့ လမင်း
ပိတောက်ဝါအရောင်နဲ့ 
ထိန်ထိန်တောက်လို့  ……

ငါ ဒိနေ့ တနေ့ လုံး
ငါ … အထီးကျန် အဖေါ်မဲ့ ရေခံဖုံးမြေအပေါ်မှာ
ပိတောက်တွေကို အလွမ်းတွေနဲ့ ဖုံး
အလွမ်းတွေကို ပိတောက်တွေနဲ့ ဖုံးနေတုန်း
တံခါးခေါက်သံကြားတယ်
နေအောင်ရယ် ခင်သန်းနုရယ် ဇင်ဝိုင်းနဲ့ 
မေသန်းနု သီတာသိမ့် ဖော်ဝမ်းတို့ 
ရေတွေရွှဲရွှဲစိုလို့ 
ငါ့ …အိမ်ရှေ့ မှာ ….. ။

ရဲရင့်သက်ဇွဲ
၁၃၀၄၂၀၁၂


Monday, April 02, 2012

တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ


ငါ သတင်းအဆုံးသတ်ကို

နားမထောင်တော့ပါဘူး

ဒီတိတ်ဆိတ်ငြိမ်သက်လွန်းတဲ့

ပတ်ဝန်းကျင်ကို

ငါတို့ မြေမှာ ကျဉ်းထဲကျပ်ထဲက

လူးသာလွန့် သာ အောင်ပွဲအကြောင်းကို

အသိပေးရတော့မယ်။



တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တယောက်ယောက်နဲ့ စကားပြောချင်တယ်

မျိုးကြီး သီချင်းတစ

ငါ့ ဝေဒနာကို လာဖွနေတယ်။



ဝမ်းသာမှုလွန်ကဲတဲ့ အသဲက

ဖွင့်ထားတဲ့ အင်တာနက်ရေဒီယိုရဲ့ 

အသံမြှင့်တဲ့ ခလုပ်ကို

ခပ်ရဲရဲ အဆုံးထိ ဆွဲမြှင့်လိုက်တယ်။



ငါ ထင်ထားတဲ့အတိုင်းပါပဲ

မိနစ်အနည်းငယ်ကြာတဲ့အခါ

လူသံ ခွေးသံတွေကြားရ

ရဲကားရဲ့ ဂီတသံကြားရ

တံခါးခေါက်သံများကြားရ

ငါ့ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်မှုကနေ နိုးထလာခဲ့ပြီ ။



ငါ အသက်ပြင်းပြင်းတချက် ရှုရှိုက်

တံခါးကို အသာလှည့်ဖွင့်အလိုက်မှာ

မျက်ရည်စတွေနဲ့  ပြုံးနေတဲ့ ငါ့မျက်နှာကိုအတွေ့ မှာ

ခွေးဟောင်သံကလွဲလို့  အားလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားရဲ့  ။



အမေး အဖြေများ

ငါ့တိုင်းပြည်ရဲ့  အခြေအနေများ

ကြေလည်တဲ့အထိ ရှင်းပြ ငါ့ရင်ထဲက ဆန္ဒ

ငါ့ရင်ထဲကသောက သူတို့ သိသွားကြလေရဲ့ 

ရဲသားရဲ့  သတိပေးချက်အပြီးမှာ

အားလုံးကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ် ။



လွန်ခဲ့တဲ့ ၂၂နှစ်တုန်းကတော့ တလမ်းဝင်တလမ်းထွက်

အောင်ပွဲကိုပွေ့ ဖက်ခဲ့ရတာတွေ

ရန်သူရဲ့  ကောက်ကျစ်မှုတွေ

ဒဏ်ရာတွေကိုပွတ်သတ်

ခဲမှန်ဘူးတဲ့ စာသူငယ်ရဲ့  စိုးရိမ်ကြောင့်ကြမှုများ

အတွေးများ မိုးမဆုံး မြေမဆုံး

ငါနေတဲ့ အရပ်ကတော့ ၀န်ရိုးစွန်းဆိုတဲ့အတိုင်း

ပြန်လည်အေးခဲသွားပုံများ



တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တယောက်ယောက်နဲ့ စကားပြောချင်တယ် ……။



(လွန်ခဲ့သော နာရီပိုင်းအတွင်းက အဖြစ်အပျက်အားရေးဖွဲ့ခြင်း)



ရဲရင့်သက်ဇွဲ

၀၁ဧပြီ၂၀၁၂

၁၈း၄၅






Saturday, March 31, 2012

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ပန်းပေါင်းစုံ ဖူးပွင့်တယ်လို့  ပြောရမှာလား
သပွတ်အူ မျောလာတာတွေ့ ရတယ်လို့ ပြောရမှာလား
အမယ်ဘုတ်ရဲုသူ့ ချည်ခင်
မြန်မာပြည်ထဲကိုဝင်နေတာ
ငါ …ထင်တယ်
ကမ္ဘာဦးအစ
မြန်မာရယ်လို့ ဖြစ်လာတဲ့အချိန်ကထဲက
မွေးရာပါ ဗီဇစရိုက်
ကပ်ဆိုက်လာတာပဲဖြစ်မယ် …။

အခုတလော …
web ပေါ် net ပေါ် mail ပေါ်
ငါ့ ဖန်သားမျက်နှာပြင်ပေါ် ပေါ်လာသမျှအကုန်းလုံး
စိတ်ထောင်းကိုယ်ကျေ ဖြစ်ရပုံများ
ရှုရှိုက်နေရတဲ့ လေတွေတောင်မှ
ပုပ်အဲ့နံစော်သလိုခံစားလာရ …။

အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီသုံးရပ်စလုံးအတွက်
ရိုးစင်းသော အခြေခံတရား
မရှိမဖြစ် ငြိမ်းချမ်းရေးတရားပါပဲ
တခုတော့စဉ်းစားကြဗျာ
ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးရေး
အပြစ်အခတ်ရပ်စဲရေး လွတ်ငြိမ်းချမ်းသာခွင့်
ဒါတွေဟာ အသစ်တွေမဟုတ်ဘူး
ရန်သူရဲ့ နောက်ကျောကိုပို့ ထားတဲ့လက်ထဲက
စိတ်ပုတီးကုံးဟာ မီဂါတန်ဗုံးတွေပဲဖြစ်တယ်။

လှည့်စားမှု မာယာကပဲ အားကောင်းလေသလား
ကိုယ့်ညီအကိုများရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကပဲအားကောင်းသလား
မပြောတတ်တော့ဘူး
ဘာကိုယုံလို့  ဘာကို ပုံကြမှာတဲ့တုန်း
ကိုယ်ရေးခဲ့တဲ့သမိုင်း ရိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ်ဖြတ်ခဲ့တဲ့သမိုင်း ကိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ့်ရဲ့ ပေးဆပ်မှုတွေ ကွေးသွားမှာ မကြောက်ဘူးလား
တိုက်ဖော်တိုက်ဖက် အသက်စွန့် သွားသူများအပေါ်
သစ္စာဖောက်ရာရောက်သွားမှာကို မကြောက်ဘူးလား…..။

ယုံချင်သူတွေ ယုံကြပါ
ပုံချင်သူတွေ ပုံကြပါ
ကြိုးတန်းပေါ် လမ်းလျှောက်သလိုမျိုး
အသက်ကိုညာဏ်စောင့်တယ်
ဟန်ချက်ညီစေကွဲ့ 
အော် … ငြိမ်းချမ်းရေးအတွက်
သွေးစွန်းလက်များကို မချစ်သော်လည်း
အောင့်ကာနမ်းကြပုံများ ဒဏ္ဍာရီဆန်လွန်းနေမလား …။

ရဲရင့်သက်ဇွဲ
၁ မတ် ၂၀၁၂


Sunday, February 26, 2012

အရွေ့ က ခင်ဗျားတို့ ကိုယ်ထဲမှာ

အရွေ့ က ခင်ဗျားတို့ ကိုယ်ထဲမှာ

ကမ္ဘာဦးက အစပြုရှိခဲ့တာလား
ဘယ်ကာလက စခဲ့တာလည်း
ငါ့ ဦးခေါင်းများ ချာချာလည်
မျှော်လင့်ခြင်းများ ရွာလည်နေတယ် ။

အခုတော့
စိတ်ပျက် ငြီးငွေ့ ဘွယ် ဘ၀တွေထဲ
မျှော်လင့်ချင်းများ
တွားတွားတက်လာပုံ
ကမ္ဘာကုန်ကျယ်သရွေ့ ပါပဲ
ဟောဒီမှာ……
လဲကျ ရွှေဘ ပြန်ထပြီကွ ။

အားလုံးဗျာ ……..
သေရေး ရှင်ရေး
လူတိုင်းတွေ့ ရမဲ့ဘေး
လူတိုင်း တွေ့ ရတဲ့ဘေးပါ
အလွမ်းတွေ အဆွေးတွေ
အရေးတွေ ဘေးတွေ
အတ္တတွေ မာနတွေ ခ၀ါချ
အနာဂတ်လူ့ ဘောင်ခေါင်းထောင်ထဘို့ 
ပြိုင်တူတွန်းလိုက်ကြပါစို့  ….။

ရဲရင့်သက်ဇွဲ
၂၆၀၂၂၀၁၂
၅း၃၀အေအမ်


Saturday, February 18, 2012

ဘယ်တော့များလည်းနှင်းရယ်

ဘယ်တော့များလည်းနှင်းရယ်

ကမ္ဘာဝင်ရိုးစွန်းနားက နိုင်ငံတခုမှာ

ရေမျောကမ်းတင်နေတဲ့ငါ

လွန်ခဲ့တဲ့ တပတ်က အသိုက်ရွှေ့ တယ်။

နေရာသစ်ကိုချီတက်ဘို့ အတွက်

နေရာဟောင်းကို နှုတ်ဆက်

ခင်ဝမ်းရဲ့ သီချင်းငါ့ ရင်တွင်းမှာ............

နှုတ်ဆက်ခဲ့ပါတယ် ......တပြည်သူမရွှေထားရေ

ကံမကုန်ရင် ပြန်ဆုံကြဦးမယ် .....

နေရာသစ်မှာ နှင်းပွင့်တွေလေ

အလွမ်းရင့်တော့ ပန်းပွင့်လိုမကြွေ

နှင်းပွင့်လိုဝေ

ဘယ်တော့များလည်းနှင်းရယ်

ဘယ်တော့များလည်း နှင်းရယ်......

ငါနေတဲ့အရပ်မှာ

ရေတွင်းမတွေ့ ရသော်လည်း

ငါ .... သေတွင်းထဲမှာ

နှင်းရေ လို့ အော်ခဲ့ တယ် ။။



ရဲရင့်သက်ဇွဲ

၁၈၀၂၂၀၁၂

၀၃း၀၂ အေအမ်



Saturday, February 04, 2012

ဘုရားပေးတဲ့ ဆုလာဒ်လား

ဘုရားပေးတဲ့ ဆုလာဒ်လား

မနုသတ္တဘာဝေါ ဒုလ္လဘော

လူ့ အသက်တချောင်းရခဲကောင်းပုံများ

ဘုရားဟောပေမို့ သာ။

သြော် ..... သတ်လိုက်ကြတဲ့ အသက်တွေ

သူတို့ ကသတ်လိုက် ကိုယ့်အချင်းချင်းကသတ်လိုက်

ကြက်ကလေး ငှက်ကလေးများသဖွယ်

စာနာမှုများ ဘယ်ကမ္ဘာမှာ ထားခဲ့ကြပြီလဲ.....

ဟောဒီဘဒ္ဒကမ္ဘာမှာ ပွင့်သမျှ ဘုရားအဆုဆူ

ချွတ်လည်း မကျွတ်သူများ

ချွတ်လည်း မကျွတ်သူများ

ချွတ်လည်း မကျွတ်သူများ

တောက်ခေါက်သံ ပြင်းပြင်းတချက်အောက်မှာ

ပေါက်ကွဲသွားပုံများ တစစီ

နာကျင်ရလွန်းလို့ 

နာကျည်းရလွန်းလို့ 

နာကျည်းစရာတွေများလွန်းလို့ 

အခုတော့ ဒီဘ၀ကြီးထဲ

လူဖြစ်လာရတာကိုပဲ

စိတ်လွတ်ကိုယ်လွတ် နာကျည်းနေမိတော့တယ် ။



ရဲရင့်သက်ဇွဲ

၀၄၀၂၂၀၁၂

နံနက်၀၀း၃၀


Sunday, January 22, 2012

သုမနကျောက ဒဏ်ရာတွေလဲ ကြည့်ကြပါဦး

သုမနကျောက ဒဏ်ရာတွေလဲ ကြည့်ကြပါဦး



ပျော်နေကြလား

ပျော်လိုက်ကြပါ

စိတ်လွတ်ကိုယ်လွတ်

အကုန်လုံးနီးပါး လွတ်လာကြတာ မဟုတ်လား …။


အပြောင်းအလဲတွေက

နံနက်ခင်းရဲ့  အာရုဏ်

ရောင်နီသန်းလာပုံမျိုး

မျှော်လင့်ချက် အကုန်လုံး

ဟောဒီ ..မျက်တောင်တဆုံးမှာ

ပုံကြတော့မှာလား ….။



ပြုခဲ့တဲ့ ငရဲ နဲ့  ကုသိုလ်တပဲ လဲတဲ့ပွဲမှာ

ဝန်နဲ့ အားကမမျှ

ပုခုံးနဲ့ မချင်သူများ

ခေါင်းနဲ့ ရွက်ချင်သူများ

နဲနဲလောက်တော့ စဉ်းစားပါ

လူမသေဘူးတဲ့အိမ်က မုံညှင်းဆီ ..

ရှာ … ရှာ … ရှာ ……။



လမ်းမထက် လွင့်စဉ် ကျကျန်ရစ်တဲ့

ပိုင်ရှင်မဲ့ ဖိနပ် သခင်များအတွက်

ဒဏ်ရာနက်နက် သွေးစက်လက်

လမ်းများထက်က ၀ိဥာဉ်များအသက်

အမျှဝေဘို့ 

လည်ပင်းမှာ အသံနင်နေတဲ့ လူတွေနဲ့ 

သံသရာမှာ ရေစက်မဆုံလို ….။



အတိတ်တုန်းကလည်း

ဖိနှိပ်ရက်စက် လိမ်လည်ခဲ့တာ

ကမ်းကုန် …..



ပစ္စုပ္ပန်မှာလည်း

ဖိနှိပ်ရက်စက် လိမ်လည်ခဲ့တာ

လက်ကုန် …..



ဒီလိုပုံမျိုးနဲ့  … အနာဂတ်ကို

ဘယ်လိုယုံလို့  ဘယ်လိုပုံရမှာတဲ့တုန်း …

စဉ်းစားဦး စဉ်းစားဦး …..



အပြုသဘောဆောင်သော

အခင်းအကျင်းများအပေါ်

သံသယအတွေး မတွေးနဲ့ 

သံသရာရှည်တတ်လွန်းလို့ …..

ကိုယ့်ကိုယ်ကို … ကိုယ့်စိတ်ကို

ကိုယ်ဆုံးမနေတုန်း

သုမနကျောပေါ်က ဒဏ်ရာတွေလည်း လှည့်ကြည့်ကြဦး……။



ခု

လူနဲ့ ခွေးများ တောခြောက်ကြ

အပြေးအမြန်

ငါ့ကိုက်လမ်းအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ

ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။

(မောင်ချောနွယ်)



(မောင်ချောနွယ်၏ ကိုက်လမ်းကဗျာမှ)



ရဲရင့်သက်ဇွဲ

၂၂၀၁၂၀၁၂

နံနက် ၅း၃၅

























Sunday, January 15, 2012

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ



ဒီကနေ့  …..

ငါ့အသားကိုငါ ဆွဲဆိတ်ကြည့်လိုက်တယ်

ဒါဟာ အိပ်မက်မဟုတ်ဘူး ….။

ထိခိုက်ပွန်းရှလွယ်လွန်းလှတဲ့(ခိုင်မာတဲ့)

ငါ့နှလုံးသားရဲ့  မျက်ရည်တာရိုး

လွတ်မြောက်ခြင်းတေးသံက

ရိုက်ချိုးသွားခဲ့ပြီ ။



ငါတို့ ခေတ်ရဲ့  အနာဂတ်များ

လှောင်ချိုင့်များအတွင်းမှ လွတ်မြောက်

သွေးခင်းသောလမ်းများထက်က

ဝိညာဉ်များရှေ့ မှောက်ကို

တကျော့ပြန်ရောက်ခဲ့ပြီ

ပြည်သူလူထုကြီးလည်း

သပြေခင်းလေးကိုပျိုး ယုံကြည်ချက်တွေတိုးခဲ့ပြီ ။



မဆုံးသေးသောတိုက်ပွဲ

မျက်ရည်လည်ရွှဲ သေကွဲ ရှင်ကွဲ

ဒါတွေကို အဆုံးသတ်ရမယ့်ပွဲ

ငြိမ်းချမ်းစွာအဖြေရှာနွှဲ

ဒါဟာလည်း တိုက်ပွဲတခု့ ပါပဲ ။



မည်သို့ ပင်ဖြစ်စေ

လွတ်မြောက်လာတဲ့  ခွပ်ဒေါင်းတို့ ရဲ့ 

တောင်ပံရိုက်ခတ်သံမှာ

ငါ …. ကြားတယ်

ပြည်သူလူထုကြီးလည်း ကြားရလိမ့်မယ်

ငါ ... ယုံတယ်

များစွာသော သူခပ်သိမ်းတို့သည်

သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။

ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊

ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။

အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့

ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊

(ရွှေစည်းခုံဘုရားကျောက်စာမှ)



ရဲရင့်သက်ဇွဲ

၁၃၀၁၂၀၁၂မနက်၅း၄၅

ဖင်လန်နိုင်ငံတောင်ပိုင်း









Tuesday, January 10, 2012

မောင်ရှင် ဖတ်ဘို့  ရေးတဲ့စာ

မောင်ရှင် ဖတ်ဘို့  ရေးတဲ့စာ

(၂၀၁၂မှာ မောင်၇ှင်ဟာ မောင်သေဖြစ်မသွားဘို့ အရေးကြီးတယ်။)

မောင်ရှင်ရေ
ဘ၀ဟာတိုတောင်းလွန်းပါတယ်။
မနုသတ္တဘာဝေါ ဒုလ္လဘောတဲ့
(စာလုံးပေါင်းမှားရင်သည်းခံဖတ်ပါ)
လူ့ ဘ၀ရခဲလှသတဲ့ ဘုရားဟောတာနော်။

အင်း ငါစဉ်းစားတယ်။
ငါတို့ ရဲဘော်တွေရဲ့ အသက်ကျတော့
အသက်လို့ မမှတ်
သူတို့အလှည့်ကျမှအသက်ကို
အသက်လို့ မြင်တာကို ခွင့်လွှတ်ရမတဲ့ လား
သင်ပုန်းခြေရမတဲ့လား ...

သူများမကောင်းကြောင်းကို နာနာထောင်းပီး
ကိုယ့်ပေါင်ကျတော့ သာသာလေးထောင်း
သူကိုယ်တိုင်မလှူ
သူများလှူတဲ့အလှူတွေမှာလည်း ခေါင်းရင်းဝိုင်းမှာထိုင်
တ၀တပြဲစား စားပီးမပြန်
မြန်မာ့နိုင်ငံရေးကိုအာဘောင်အာရင်းသန်သန်နဲ့ 

ဗိုလ်ချုပ်ရဲ့ လေမျိုးနဲ့ တနှစ်အတွင်းလွတ်လပ်ရေး ..........

အော် ... ၂၃နှစ်အပေါ်မှာ မိန့် မိန့်ကြီးထိုင်

အင်းဒီလိုလူမျိုးတွေနဲ့ တမိုးအောက်အတူပေါက်ခဲ့ရတဲ့
ကိုယ့်ဘ၀ကို ကိုယ်စိတ်နာ
ကြာနီကန်လေနဲ့ ပြောရရင်တော့
ပရိတ်သတ်ကြီးရေ ..... ငိုကြတာပေါ့ကွာ....။

ရဲရင့်သက်ဇွဲ
၀၁၀၁၂၀၁၁




သွားကြည့်လိုက် … ကမ္ဘာမကြေဘူး

သွားကြည့်လိုက် … ကမ္ဘာမကြေဘူး

တထောင်ကိုးရာခြောက်ဆယ့်နှစ်
ဆဲဗင်းဂျူလိုင် အရေးတော်ပုံကြီးဖြစ်တော့
ငါ … လူ့ လောကကြီးကို မရောက်သေးပါဘူး …။

ဒီလိုနဲ့ 
ငိုကြွေးခြင်း တပွေ့ တပိုက် နဲ့ 
လောကကို နှုတ်ခွန်းဆက်
အမေ့ ၀မ်းကြာတိုက်ကထွက်ခဲ့တယ် ….။

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများရဲ့ ချိုတေးသံ
ကဗျာဆန်မနေခဲ့ဘူး
ကျနော့်ရဲ့  ငယ်ဘဝ
အိပ်ရာဝင်ညများဟာ
သူရဲကောင်း အထောင်းအသောင်းတို့ ရဲ့ 
နှလုံးသွေးနဲ့ မီးဆေးတဲ့ဓါး
တုန်ရီနှုတ်ဖျား အမေ့ပါးမှာ ပင်လယ်
ကျနော့်ရင်မှာ ဆူနာမီလှိုင်း …

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများမှာ တခါတခါ
ချေဂွေဗားရား ဒေါက်တာဇီဗားဂိုး
ဂေါ်ကီရဲ့ အမေ သစ္စာဖောက်အမေ
သွေးစွန်းသောနေ့ ရက်များ မဟတ္တမဂန္ဒီ
မာသာထရီဇာ နိုက်တင်ဂေးလ်
အဂ္ဂါစနိုး တရုတ်ပြည်ပေါ်မှ ကြယ်နီတပွင့်
တငြိမ့် ငြိမ့်ဒွန် ဒီရေမြင့်သစ်
တဂိုးရဲ့ ရှန်တိနိကေတန်
သခင်ဘသောင်း အောင်ဆန်း (သို့ မဟုတ်)…
အာဇာနည်ခေါင်းဆောင်ကြီးများ မြို့ မညိမ်း
လူထုဦးလှ လူထုဒေါ်အမာ ဒဂုန်တာရာ
ဗန်းမော်တင်အောင် ဂျာနယ်ကျော် ဦးချစ်မောင်
မြသန်းတင့် နိုင်ဝင်းဆွေ ပေါ်ဦးသက်
မင်းတုန်းမင်းလက်ထက် လွတ်လပ်သောသတင်းစာ
အမေဖတ်ပြ ပြောပြ ကျနော်မှတ်မိသမျှ
အသွေးအသားထဲကတောင်းတနေမိပုံများ ….။

ငယ်ဘ၀လွန်မြောက်
အရွယ်လေးမရောက်တရောက်မှာ
ကျောပေါက်ကြီးတွေအကြောင်း
ပြန်ပြောင်းပြောပြ ကြားရ သိရ
ဒါ ဒဏ္ဏာရီ မဟုတ်ဘူး
ဒါ ပုံပြင်မဟုတ်ဘူး
ဒါဟာ သမိုင်းထဲက အရိုးတွန်သံဖြစ်တယ်
ငါ့ရင်ထဲက ဆူနာမီလှိုင်း ၀ုန်းဒိုင်းကြဲလာတယ် …။

မျိုးဆက်တို့ လက်ဆင့်ကမ်း
ခေတ်ဝန်ကို ထမ်းခဲ့ ကြ
ယုံကြည်ချက်အတွက် အကျဉ်းကျ
သတ္တ၀ါနဲ့ လက်နက်မမျှ
ဒင်းတို့  မိုးကောင်းတုန်းရွာထားကြကွ
နရသိန်ထဲက ရဲဘော်များ
အကိုတော် အမတော်များ
ညီတော် ညီမတော်များ
ကျောပေါက်ကြီးတွေရဲ့  မျိုးဆက်
မပြေးသော်လဲကန်ရာရှိခဲ့
ကျော်ပေါ်မှာ စစ်ဖိနပ်ခြေရာများ
လူရှင်သင်းချိုင်းမှာ သွားကြည့်လိုက်
ငါတို့ မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ ….။

ရဲရင့်သက်ဇွဲ
၀၇၀၁၂၀၁၂



ဘယ်သူ့ ကြောင့်လို့  မင်းထင်သလဲ

ဘယ်သူ့ ကြောင့်လို့  မင်းထင်သလဲ

တခါတခါတော့လဲ ငယ်ဘ၀တွေကို လွမ်းမိရဲ့ 
ငါနေတဲ့အရပ် နေ့ တာတွေကတိုပြီး ညတွေကရှည်လျားလွန်းလှတယ်
ဘ၀ရဲ့ သုခတွေက နည်းပါးလွန်းပြီး ဒုက္ခတွေက ရှည်လျားလွန်းလှတယ်
ဒီရုပ်ခန္ဒာကြီးကိုထမ်းပိုးထားရတာ သံသရာလဲ ညောင်းလွန်းလှရော့မယ်
ခင်ဝမ်းရဲ့  ပတ်ဝန်းကျင်အပေါ်တင်နေတဲ့အကြွေး အကြိမ်ကြိမ်နားထောင်နေမိတော့တယ်

ဖိုးချိုရေ ပျော်ရွှင်ဘွယ်ရာကာလတွေကို လက်နှစ်လုံးလောက် ငှဲ့ ငှဲ့ ပေးမနေပါနဲ့ 
အတ္တကြီးတယ်ပြောပြော တဘ၀စာအတွက် မျက်ရည်နဲ့ သောက
ပျော်ရွှင်ဘွယ်ရာတွေနဲ့ ရောနှော ချခွင့်ပြုပါ (ချကွ)
နေရောင်မမြင်ရတဲ့ ရေခဲအရောင်တွေကြားမှာ
ငယ်ဘ၀ကို စွန်တခုလို လွှင့်တင်ဘို့ ကြိုးစား
အလို ဟောဟိုမှာ ဆောင်းခိုငှက်တွေ အုပ်စုဖွဲ့ ပျံသန်း
အသိုက်အမြုံစွန့် ခွါတဲ့လမ်းကို ငေးမောရီဝေ
အော် ဘ၀နဲ့ ဆန္ဒ တထပ်ထဲမကျပုံများ ။

(သီတင်းကျွတ်လပြည့်က ပြန်လွတ်လာတဲ့ သရက်ထာင်ကယုံကြည်ချက်အကျဉ်းသားငယ်သူ
ငယ်ချင်းမင်းဟန်သို့ အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၁၁၂၂၀၁၁


Thursday, January 05, 2012

လွတ်ငြိမ်းချမ်းသာခွင့်

လွတ်ငြိမ်းချမ်းသာခွင့်


ရူးသွပ်သွားတော့မယ့်အတိုင်း

ထင်ရာစိုင်းလိုက်ချင်မိတယ်

၂၀၁၂ အတွက် ဆွဲလိုက်တဲ့ဖဲ

မျှော်လင့်ချက်အကုန်လုံးလွဲသွားတယ်



တောက်ခေါက်သံ တချက် အံထွက်လာတယ်

ဝေဒနာ အခင်းအကျင်း

ရိုက်ချက်ကပြင်းတယ်

ခံစားမှု အတိုင်းအတာကို

ဘယ်အရာနဲ့ များ နှိုင်းကာပြရပါ့



ကမ္ဘာ့ လူကြီး လူကောင်းများ

ခင်ဗျားတို့ ရဲ့  ထောက်ခံမှုကို

ခင်ဗျားတို့  အလေးပြုပါ

ခင်ဗျားတို့  ဂုဏ်ယူပါ၊ လက်ခမောင်းခတ်ပါ

ခင်ဗျားတို့  လေးလေးနက်နက် လက်ခုပ်တီးပါ။

ပြီးရင် ချူံးပွဲချငိုပါ ။



ဟုတ်ကဲ့ ....

ပြည်သူတယောက်အနေနဲ့ 

ခင်ဗျား ဘာလုပ်ချင်ပါသလဲ မေးလာခဲ့ရင်



အဲ့ဒီ မသတီစရာ မျက်နှာတွေကို

ဖြတ်ရိုက်ချင်လိုက်တာ


လက်ကုန်ပဲ.....။


ရဲရင့်သက်ဇွဲ

၀၄၀၁၂၀၁၂

၎း၄၈ အေအမ်