Showing posts with labelောကကွဲခြင်းကဗျာ. Show all posts
Showing posts with labelောကကွဲခြင်းကဗျာ. Show all posts

Wednesday, November 30, 2011

ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း

ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း



ကမ္ဘာကြီး ကျနော့် ဦးခေါင်းပေါ်ကို ပြုတ်ကျလာတယ်

လူတွေ အသွားအလာမပျက်တဲ့ ညနေခင်းများမှာ

အကိုလှသန်းရေ .....

တသက်တာအလွမ်းတွေနဲ့  စွန့် ပြစ်သွားခဲံပြီလား

ကျနော် သက်ပြင်း မရှိုက်နိုင်ဘူး

အားလုံးရဲ့  ပျော်ရွှင်မှုတွေ ရုတ်ချည်းပျက်စီး

တနေ့ လူတိုင်းသွားရမယ့် ခရီး

အကိုရေ သိပ်စောလွန်းနေသလား

ခင်ဗျား မတရားဘူးဗျာ ....

သေသင့်တဲ့ သူတွေ မသေသင့်တဲ့သူတွေ

ခင်ဗျားဗျာ .....

ငါ့လက်သီးများ မရပ်မနားတရစပ်

သေမင်းဟာ ဟားတိုက်ရီမော

ဘယ်သူတွေ ပျော်နေသလည်း

ဘယ်သူတွေ မော်နေလည်း

ကျနော် မသိတော့ဘူး မသိတော့ဘူး မသိတော့ဘူး

ကျနော် ချစ်တဲ့ ကဗျာ ဆရာကြီးရေ

ရောက်လေရာ ဘ၀မှာ ကဗျာသာအမိ ကဗျာသာအဖ

ကဗျာနဲ့ ထုံမွှမ်းတဲ့  ဘုံဘဝ

အကိုလှသန်းရေ

ကဗျာအမျှ ကဗျာအမျှ ကဗျာအမျှ ......



ရဲရင့်သက်ဇွဲ

၂၂၁၀၂၀၁၁