Showing posts with label သူတို့ ရေးတဲ့ မွေးနေ့ ကဗျာ. Show all posts
Showing posts with label သူတို့ ရေးတဲ့ မွေးနေ့ ကဗျာ. Show all posts

Tuesday, March 22, 2011

ညီတော်တယောက် ကဗျာကောက်ရခြင်း

ညီတော်တယောက် ကဗျာကောက်ရခြင်း



မွေးနေ့ ရက်မှာလည်း

ဘေးတွေ့ လျက်သာပဲလို့ 

ကဗျာထဲ ရေးရမလို။



ဘယ်နှနှစ်မြောက်လဲ

ဒါလည်း မဝေခွဲတတ်တော့

ကြေကွဲဇာတ်က အတိပြီးပြန်။



အော့ဇ၀စ်အကျဉ်းထဲမှာလား

နာဇီလက်သစ်တွေ လက်ထဲမလား

မယားနဲ့ သားအတွက် ဗလောင်ဆူ

ဂျပန်ဆူနာမီ ငလျင်လှိုင်းက

ဘာလင်တံတိုင်းကို ကျော်ခဲ့

အဖော်မဲ့သူရဲ့ သောက

လောကပြက်ရယ် ပြုသကို။



ငိုလို့ လဲ မဆုံးတဲ့ ၀တ္ထု

ဒီရာစုမှာ ရေးသား

တရားရှင်ရဲ့  စီရင်ချက်ပေလား

ဘ၀ခါးခါးကိုမှ မြိန်မြိန်ယှက်ယှက်

သေမင်းလက်ကို ပုတ်ထုတ်ခဲ့

နောက်မဆုတ်တတ်တဲ့ ရာဇ၀င်

မွေးနေ့ ရှင်သာ ရေးပေတော့။ ။



(ရဲရင့်သက်ဇွဲ မွေးနေ့ သို့ )



မောင်လွမ်းဏီ

၂၂ မတ် ၂၀၁၁

Tuesday, June 15, 2010

နေမ၀င်မြစ်တစင်းသို့ 

နေမ၀င်မြစ်တစင်းသို့ 

မြစ်တို့ ရဲ့ မာယာ
ကောက်ကွေ့ စွာနဲ့ 
ပရိယာယ်သုံး
မာယာမှုန်းသတဲ့
ကြားဖူးခဲ့လည်း ။

မြစ်ပြင်ဧရာ
ပမာတူစွာ
မိခင်မြန်မာ
ဝင်ကာ မ ဖေး
သူ့ အရေးထက်
ပြည်ရေးတွေးချင့်
စီးမျောခဲ့စဉ် ။

တခါတရံ
မုန်တိုင်းထန်၍
တရံတဆစ်
မိုးကြိုးထစ်ပြီး
ရံဖန်ရံခါ
ရာသီကဆိုး
လူအမျိုးမျိုး
ဆိုးကျိုးပေးလည်း
အားကိုမလျော့
မာန်မဖျော့ပဲ
မခြောက်မခန်း
လန်းလျက်သာ
စီးဆင်းဖြာဆဲ
မိမာတာအသွင်
ကျမ်းခန့် စင်သည်
သက်တော် ရာကျော်စေသတည်း ။

သံလွင်ခ
ဇွန် ၁၁ ၂၀၁၀
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့  အထိမ်းအမှတ်အဖြစ်ေ၇းဖွဲံပါသည် )