အနှုတ် ၃၀ စင်တီဂရိတ်
ဥရောပကို
ငါရောက်စတုန်းက အခုလိုပဲ
နှင်းတွေဝေတဲ့ဆောင်းပေါ့ ။
တက္ကသိုလ်မှာ ဝေတဲ့နှင်း
နှင်းကလေးတွေမှ ဟုတ်ရဲ့ လား
အချစ်လက်ကိုဆွဲ နှင်းမှုန်ထဲမှာလျှောက်လို့ လည်ချင်တယ်
သီချင်းလေးတွေမှ မဆုံးသေး
အုန်းကနဲ ၀ုန်းကနဲ လျှပ်တပျက်
မျက်စေ့တမှိတ်အတွင်းမှာ
သူစိမ်းတို့ ရဲ့  ရာသီ ချစ်လို့ ကျီစား
ငါ့အား နှိပ်စက်ကြပြီမို့ လည်း
ဥရောပရဲ့ ဝေဒနာညများ ကဗျာစုတွေ
သေမင်းလက်က လုပြီး ရေးခဲ့တယ် ။
ဒါဟာ လွန်ခဲ့တဲ့ တနှစ်က
သေတွင်းက လွတ်မြောက်လာတဲ့အကြောင်း
ပြန်ပြောင်းပြောပြတာပါ။
အခုတော့ …
သေမင်းက စာချုပ်စာတမ်းနဲ့ ဖမ်းချုပ်
ရဲရင့်သက်ဇွဲဆိုတဲ့ကောင်ကို
ပါကင်ဆမ် ရောဂါနဲ့ 
ရာသက်ပန် အကျယ်ချုပ်တဲ့လေ ….
အခန်းထဲက
ရေခဲသေတ္တာကိုဖွင့်လိုက်တော့
အနှုတ် (၇)ရှိတယ်
အခန်းပြူတင်းတံခါးကိုဖွင့်လိုက်တော့
အနှုတ်(၃၀)ရှိတယ်
တဖွဲဖွဲကျနေတဲ့ နှင်းတွေကို
စိုက်ကြည့်မိတော့
အမေ ၊ အကို မိသားစု
ညီမလေး သမီး သား
မိတ်ဆွေ အပေါင်းအသင်းများ
နှင်းတွေကြားမှာ
အပြုံးနဲ့ နှုတ်ဆက်လိုက်တယ် ။
သီချင်းသံ တိုးတိုးသဲ့သဲ့ကြားတယ်
သူတို့ အပေါ် တာဝန်မကြေသလိုများ ဖြစ်နေပြီလား …..
……………………………………………………………
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့ ……….။
(ခင်ဝမ်း သိချင်းစာသား။ ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး၊ ပြည်မှာဆောင်း)
ရဲရင့်သက်ဇွဲ
၀၃၀၂၂၀၁၂
Showing posts with label ဥရောပ ဝေဒနာညများကဗျာမှ. Show all posts
Showing posts with label ဥရောပ ဝေဒနာညများကဗျာမှ. Show all posts
Wednesday, February 08, 2012
Monday, December 27, 2010
သီချင်းအပိုင်းအစများနှင့် ဥရောပ ဝေဒနာညများ
သီချင်းအပိုင်းအစများနှင့် ဥရောပ ဝေဒနာညများ
ဆရာမလေးရယ်
လာပါဦးဗျ
ကျနော့် ဝေဒနာ မသက်သာ …..
ထိုင်မရ … ထမရ
ကုတင်ပေါ်လှဲနေရတဲ့
ဝေဒနာသည်ဘ၀မှာ
အတွေးထဲ ၀င်လာတဲ့ သီချင်းတစက
ဦးနှောက်လာစား
ပြုံးစရာဖြစ်သွားတယ် …..။
ကိုယ်ထူ ကိုယ်ထ
ကိုယ့်ဘ၀ အခြေအနေ …..
သီချင်း တပိုင်းတစက
ကုတင်ပေါ်က ထမရတဲ့ ငါ့ကို
တရားချနေသလိုလို
ရန်စနေ သလိုလို …..။
ကမ္ဘာမကျေဘူး
ငါ တို့ သွေးနဲ့ရေးတဲ့ မော်ကွန်းတွေ…..
ငါ့ဘေးဝဲယာ ကုတင်တွေက
ဝေဒနာအဖေါ်တွေ
ငါ့ တိုင်းပြည်ရဲ့ ဘ၀ကိုမေးတဲ့အခါ
သေသေချာချာ ရှင်းပြ
ကမ္ဘာမကြေဘူးသီချင်းက
ရင်ထဲလျှံကျလာတယ် …..။
တိတ်ဆိတ်
အိပ်မက်တို့  ကြွေနေဆဲ
ငါ့အတွက် အဖြေရှာနေတုန်းပေါ့ …..
အရာရာတိတ်ဆိတ်သယောင်
အမှန်မှာ အားလုံး
အိပ်ချင်ယောင်ဆောင်နေကြတာ
ဝေဒနာတောင်ပံတွေက
အိပ်မက်ကမ္ဘာထဲစီးမျော
သေငယ်ဇောနဲ့  မျောပါနေခဲ့ကြ …..။
ကြားဘူးနေကြ ကြားခဲ့ရပြီ
လက်လျော့နေကြ လက်လျော့ရပြီ
အဆုံးရှုံးတွေကြောင့် နာ လာပြီ ……
လူနာဆောင်တခုက အသံ ဆိုး
လန့် နိုးလာတဲ့ ငါ
ဝေဒနာ မြိုးမြိုးမျက်မျက်ကြားက
ဖျိုးဖျိုးဖျတ်ဖျတ် သတိရသွား
ရှင်သေမင်းနဲ့ စစ်ခင်းနေရင်း
အတိတ်ကို စိတ်ကရွေ့ သွား
ဒါ … ညကောင်းကင်ရဲ့ တေးသမား
အမှောင်မှာ ပျော်ဘို့  … ငိုသံရယ်(ရီ)သံ
နောက်မှာ ကျန်ခဲ့ပြီ …..။
တလောကလုံးမှာ
ခရမ်းနုရောင်ကလေးတွေ
မှိုင်းမှိုင်းမှုန်ဝေ ….. နှင်းဝတ်မှုန်တွေရဲ့ ……
အိပ်မက်လား … တကယ်လား
မပီဝိုးတ၀ါး မကွဲပြာဘူး
လူတွေ လူတွေ ..
အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ်
ညီအကိုမောင်နှမ မိသားစုများ
မိတ်ဆွေအပေါင်းအသင်းများ
ငါ့ကိုယ်ထဲကိုတိုးဝင် ထိုးဖေါက်ထွက်သွားကြ
သီချင်းတစ ဆက်လက်ဆိုငြီး
ပြန်သင့် မပြန်သင့် … ဆုံးဖြတ်ခွင့်မရှိတော့တဲ့
ပြည်မှာဆောင်း ……..။
တောင်ကုန်းလေးတခုပေါ်ကို
တက်လှမ်းတော့ကွယ် ….လမ်းခရီးမှာ
ကျေးငှက်တွေကို အဖေါ်ပြုခဲ့တယ် …..
ရင်ထဲတလှပ်လှပ် မောပန်း
ညီမလေးရဲ့ လက်ကို လှမ်းလဲမရ
ယုံကြည်ရာတွဲလက်မြဲခဲ့တဲ့
ရဲဘော်တို့ ရဲ့ လက်ကိုလှမ်းလဲမရ
တဖြေးဖြေး ဝေးသွား တဖြေးဖြေးနီးလာ
လက်တွေ … လက်တွေ
ငါ့ကို ….. လှမ်းဆွဲနေတာလား
ငါ့ကို …..၀ိုင်းတွန်းနေတာလား
အသံတစ မိုးပေါ်ကကျလာတာလား
ငါ့ရင်ထဲက ထိုးဖောက်ထွက်လာတာလား
ငါ ….. သေလို့ မဖြစ်ဘူး ……။
ရေတွင်းလေးတခုကိုတွေ့ တော့
ရေငင်လို့ သောက်ရင်း … တွင်းထဲကို ငုံ့ ပြီး
နှင်းရေ ညီမလေးရေ မိတ်ဆွေတို့ ရေ အသံကုန်အော်
ဆရာဝန် အခန်းဆီက
အပြေးအလွှား ပြေးလာသံများကြားရတဲ့အချိန်
ငါ့ ၀ိဥာဉ်က
ငါ့ … ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်စတွေကို သုတ်လို့ …..။
ရဲရင့်သက်ဇွဲ ၀၉ ၁၁ ၂၀၁၀
(ဝေဒနာအပြင်းထန်ဆုံးခံစားရသော ညသို့  အမှတ်တရ)
bold တင်ထားသောစာသားများသည် သီချင်းစာသားများဖြစ်ပါသည်။
ဆရာမလေးရယ်
လာပါဦးဗျ
ကျနော့် ဝေဒနာ မသက်သာ …..
ထိုင်မရ … ထမရ
ကုတင်ပေါ်လှဲနေရတဲ့
ဝေဒနာသည်ဘ၀မှာ
အတွေးထဲ ၀င်လာတဲ့ သီချင်းတစက
ဦးနှောက်လာစား
ပြုံးစရာဖြစ်သွားတယ် …..။
ကိုယ်ထူ ကိုယ်ထ
ကိုယ့်ဘ၀ အခြေအနေ …..
သီချင်း တပိုင်းတစက
ကုတင်ပေါ်က ထမရတဲ့ ငါ့ကို
တရားချနေသလိုလို
ရန်စနေ သလိုလို …..။
ကမ္ဘာမကျေဘူး
ငါ တို့ သွေးနဲ့ရေးတဲ့ မော်ကွန်းတွေ…..
ငါ့ဘေးဝဲယာ ကုတင်တွေက
ဝေဒနာအဖေါ်တွေ
ငါ့ တိုင်းပြည်ရဲ့ ဘ၀ကိုမေးတဲ့အခါ
သေသေချာချာ ရှင်းပြ
ကမ္ဘာမကြေဘူးသီချင်းက
ရင်ထဲလျှံကျလာတယ် …..။
တိတ်ဆိတ်
အိပ်မက်တို့  ကြွေနေဆဲ
ငါ့အတွက် အဖြေရှာနေတုန်းပေါ့ …..
အရာရာတိတ်ဆိတ်သယောင်
အမှန်မှာ အားလုံး
အိပ်ချင်ယောင်ဆောင်နေကြတာ
ဝေဒနာတောင်ပံတွေက
အိပ်မက်ကမ္ဘာထဲစီးမျော
သေငယ်ဇောနဲ့  မျောပါနေခဲ့ကြ …..။
ကြားဘူးနေကြ ကြားခဲ့ရပြီ
လက်လျော့နေကြ လက်လျော့ရပြီ
အဆုံးရှုံးတွေကြောင့် နာ လာပြီ ……
လူနာဆောင်တခုက အသံ ဆိုး
လန့် နိုးလာတဲ့ ငါ
ဝေဒနာ မြိုးမြိုးမျက်မျက်ကြားက
ဖျိုးဖျိုးဖျတ်ဖျတ် သတိရသွား
ရှင်သေမင်းနဲ့ စစ်ခင်းနေရင်း
အတိတ်ကို စိတ်ကရွေ့ သွား
ဒါ … ညကောင်းကင်ရဲ့ တေးသမား
အမှောင်မှာ ပျော်ဘို့  … ငိုသံရယ်(ရီ)သံ
နောက်မှာ ကျန်ခဲ့ပြီ …..။
တလောကလုံးမှာ
ခရမ်းနုရောင်ကလေးတွေ
မှိုင်းမှိုင်းမှုန်ဝေ ….. နှင်းဝတ်မှုန်တွေရဲ့ ……
အိပ်မက်လား … တကယ်လား
မပီဝိုးတ၀ါး မကွဲပြာဘူး
လူတွေ လူတွေ ..
အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ်
ညီအကိုမောင်နှမ မိသားစုများ
မိတ်ဆွေအပေါင်းအသင်းများ
ငါ့ကိုယ်ထဲကိုတိုးဝင် ထိုးဖေါက်ထွက်သွားကြ
သီချင်းတစ ဆက်လက်ဆိုငြီး
ပြန်သင့် မပြန်သင့် … ဆုံးဖြတ်ခွင့်မရှိတော့တဲ့
ပြည်မှာဆောင်း ……..။
တောင်ကုန်းလေးတခုပေါ်ကို
တက်လှမ်းတော့ကွယ် ….လမ်းခရီးမှာ
ကျေးငှက်တွေကို အဖေါ်ပြုခဲ့တယ် …..
ရင်ထဲတလှပ်လှပ် မောပန်း
ညီမလေးရဲ့ လက်ကို လှမ်းလဲမရ
ယုံကြည်ရာတွဲလက်မြဲခဲ့တဲ့
ရဲဘော်တို့ ရဲ့ လက်ကိုလှမ်းလဲမရ
တဖြေးဖြေး ဝေးသွား တဖြေးဖြေးနီးလာ
လက်တွေ … လက်တွေ
ငါ့ကို ….. လှမ်းဆွဲနေတာလား
ငါ့ကို …..၀ိုင်းတွန်းနေတာလား
အသံတစ မိုးပေါ်ကကျလာတာလား
ငါ့ရင်ထဲက ထိုးဖောက်ထွက်လာတာလား
ငါ ….. သေလို့ မဖြစ်ဘူး ……။
ရေတွင်းလေးတခုကိုတွေ့ တော့
ရေငင်လို့ သောက်ရင်း … တွင်းထဲကို ငုံ့ ပြီး
နှင်းရေ ညီမလေးရေ မိတ်ဆွေတို့ ရေ အသံကုန်အော်
ဆရာဝန် အခန်းဆီက
အပြေးအလွှား ပြေးလာသံများကြားရတဲ့အချိန်
ငါ့ ၀ိဥာဉ်က
ငါ့ … ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်စတွေကို သုတ်လို့ …..။
ရဲရင့်သက်ဇွဲ ၀၉ ၁၁ ၂၀၁၀
(ဝေဒနာအပြင်းထန်ဆုံးခံစားရသော ညသို့  အမှတ်တရ)
bold တင်ထားသောစာသားများသည် သီချင်းစာသားများဖြစ်ပါသည်။
ဥရောပ ဝေဒနာညများ(၂)
ဥရောပ ဝေဒနာညများ(၂)
ညီမလေးရေ
ဆောင်းညချမ်းချမ်းမှာ
သေရွာပါမယ့်အလွမ်း
တပြေ(ပြည်)တရွာက
ဝေဒနာနဲ့  တမ်းခြင်းတခုရယ်ပါ …..။
ညီမလေးရေ
ရည်မှန်းချက်
မျှော်လင့်ချက်
ဘ၀ကို တပ်မက်တွယ်တာ
ပူပန်(ပင်)တတ်တဲ့စိတ်ဟာ
မိခင်ကောင်း ဇနီးကောင်းတို့ ရဲ့ 
သဘာဝပဲမဟုတ်လား …..။
ညီမလေးရေ
ရွှေပေါ်မြတင် မထားနိုင်ခဲ့ဘူး
လက်ညှိုးညွှန်ရာ ရေမဖြစ်စေခဲ့ဘူး
ကိုယ့်အတ္တနဲ့  ကိုယ်မွေ့ လျော်
တိုင်းပြည်လွတ်မြောက်ရေးအပေါ်
မိသားစုရဲ့ အပျော်တွေကို စတေး
ငါ့ကို ... ခွင့်လွှတ်ပေးပါ .....။
ညီမလေးရေ
သမီးလေးက အဖေကိုတရားပြ
ဘ၀မှာတဲ့
မလုပ်မဖြစ်တဲ့ အလုပ်တွေအတွက်
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို
စွန့် လွှတ်ရ အနစ်နာခံရတတ်တယ် တဲ့
ငါ့ မှာ ပြောစရာစကား ရှားပါးလွန်းလှချည်ရဲ့  .....။
ညီမလေးရေ
အခုတော့
ငါလှဲလျောင်းရာ ကုတင်နံဘေးက
ပြူတင်းတံခါးမှန်မှာ
တဖွဲဖွဲလာကပ်နေတဲ့ နှင်းပွင့်လေးတွေကိုငေးရင်း
နောက်ဆုံးသစ်ရွက် ၀တ္ထုတိုလေးကို
နင့်နင့်သည်းသည်း သတိရနေမိတယ် …..။
ရဲရင့်သက်ဇွဲ ၁၁ ၁၁ ၂၀၁၀
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )
ညီမလေးရေ
ဆောင်းညချမ်းချမ်းမှာ
သေရွာပါမယ့်အလွမ်း
တပြေ(ပြည်)တရွာက
ဝေဒနာနဲ့  တမ်းခြင်းတခုရယ်ပါ …..။
ညီမလေးရေ
ရည်မှန်းချက်
မျှော်လင့်ချက်
ဘ၀ကို တပ်မက်တွယ်တာ
ပူပန်(ပင်)တတ်တဲ့စိတ်ဟာ
မိခင်ကောင်း ဇနီးကောင်းတို့ ရဲ့ 
သဘာဝပဲမဟုတ်လား …..။
ညီမလေးရေ
ရွှေပေါ်မြတင် မထားနိုင်ခဲ့ဘူး
လက်ညှိုးညွှန်ရာ ရေမဖြစ်စေခဲ့ဘူး
ကိုယ့်အတ္တနဲ့  ကိုယ်မွေ့ လျော်
တိုင်းပြည်လွတ်မြောက်ရေးအပေါ်
မိသားစုရဲ့ အပျော်တွေကို စတေး
ငါ့ကို ... ခွင့်လွှတ်ပေးပါ .....။
ညီမလေးရေ
သမီးလေးက အဖေကိုတရားပြ
ဘ၀မှာတဲ့
မလုပ်မဖြစ်တဲ့ အလုပ်တွေအတွက်
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို
စွန့် လွှတ်ရ အနစ်နာခံရတတ်တယ် တဲ့
ငါ့ မှာ ပြောစရာစကား ရှားပါးလွန်းလှချည်ရဲ့  .....။
ညီမလေးရေ
အခုတော့
ငါလှဲလျောင်းရာ ကုတင်နံဘေးက
ပြူတင်းတံခါးမှန်မှာ
တဖွဲဖွဲလာကပ်နေတဲ့ နှင်းပွင့်လေးတွေကိုငေးရင်း
နောက်ဆုံးသစ်ရွက် ၀တ္ထုတိုလေးကို
နင့်နင့်သည်းသည်း သတိရနေမိတယ် …..။
ရဲရင့်သက်ဇွဲ ၁၁ ၁၁ ၂၀၁၀
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )
Subscribe to:
Posts (Atom)