၁။
ညီမလေး
ကမ္ဘာမြေ၀သုန်
သိကြားစေ သက်သေညွှန်းတော့
ရာဇ၀င်တွေလည်း
ရိုင်းခဲ့ရပြီ အဖိုးရေ
နိုင်ငံတော်လည်း
သွေးစွန်းခဲ့ပြီ အဖရေ … လို့ 
ကမ္ဘာမကြေတေးသာ
နာနာကျည်းကျည်း ဟစ်ကြွေးနေခဲ့ရတာပါ ။
၂။
ညီမလေး
ဒဏ်ရာနဲ့ သွေးအိုင်ထဲကရုန်းထ
ခွပ်ဒေါင်းအလံတော်ကို
လွှတ်မချခဲ့ဘူး ။
နှစ်ဆယ့်နှစ်နှစ် ကြာခဲ့ပေမယ့်
စက်တင်ဘာ တဆယ့်ကိုးရက်ရဲ့ 
မနက်ခင်းဟာ
ငါတို့ ရဲ့ ရင်ထဲမှာ သံမှိုဆွဲရိုက်နှက်ထားသလို
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ။
၃။
ညီမလေးရေ
အခုချိန်မှာ
နင်သာ သက်ရှိထင်ရှား
ရှိနေဦးမယ်ဆိုရင်
အကိုတို့ 
ရန်ပွဲတွေရပ်
ပြည်သူလူထု အကျိုးကိုမျှော်
တိုက်ပွဲကိုဖော်
တိုက်ပွဲမှာပျော် လို့ ပြောမှာပဲ
ငါ … ယုံတယ် ။
၎။
ညီမလေး အောင်ပွဲကို
ကောင်းကင်ဘုံက စောင့်ကြည့်ပါ ။
(အာမင်န်)
၁၉စက်တင်ဘာ၂၀၁၀ ရဲရင့်သက်ဇွဲ
Showing posts with label အမှတ်တရ ကဗျာ. Show all posts
Showing posts with label အမှတ်တရ ကဗျာ. Show all posts
Sunday, September 19, 2010
Sunday, June 27, 2010
ကြိုးတိုက်ထဲကမှတ်တမ်းမှတ်ရာ။
ကြိုးတိုက်ထဲကမှတ်တမ်းမှတ်ရာ။
အမည်ကြိုးတိုက်
တိုက်အမှတ် . ၂
တိုက်ပွဲနှစ်များ တေးသားသက်ဝင်
ရှင်သန်လှုပ်ရှားဆဲပေတကား ။
ခါးလည်တံခါး
စည်းခြားပိုင်နက် ခြမ်းတဘက်၌်ွ
နက်နက်ရှိုင်းရှိုင်း ပိုင်းပိုင်းဖြတ်ဖြတ်
ပြတ်ပြတ်သားသား ရှားရှားပါးပါး
ကြိုးသမားတို့ အံကြိတ်ရာ.။
ကြိုးစာရင်းဝင်
ကိုညွန့် တင်၊ဆလိုင်းတင်မောင်ဦး၊ဗိုလ်စံဖဲ
ဘဆွေလေး(အကောက်)၊စောလှဝင်း
ကိုထွန်းမောင်(ဘိုကလေး)နှင့်.....အစရှိသူများ။
ဟိုတဖက်က
မက္ကနားမှ၊ လှရွှေ၊ ဇေယျ
ဆာဂျင်သိန်းမြိုင်- အာဏာပိုင်လား
ပါးကွက်သားတို့  ယုတ်မာရာ။
ကိုညွန့် တင်ရဲ့ တယောချွဲသံ
ညယံထွင်းဖောက်လွင့်နေမြဲ ၊
ဘဆွေလေးရဲ့  အကျဉ်းနံရံ
''ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ''
မီးသွေးခဲနဲ့  ရဲတဲ့ စာတို၊
တော်လှန်ပုံရိပ် ၊ယုံကြည်ရွယ်စူး
တင်မောင်ဦးရဲ့  ကြွေးကြော်သံလား
ထောင်တံတိုင်းမှာ ပဲ့ တင်ညံ။
အဖိုးသခင်
ကြိုးစင်ဠီကာ ၊ မထီမဖြုံ
ဂဠုန် သရဏံ ဂစ္ဆာမိခိုင်းခဲ့တယ်လေ။
ဗိုလ်ကြီးအုန်းကျော်မြင့်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦး
ခေတ်ကိုတူးဆွခဲ့ သူတွေ။
ဂျူလိယက် ဖူးချစ်ရဲ့ 
ကြိုးစင်ပေါ်ကမှတ်တမ်းများ
တို့ ရဲဘော်ရဲ့ 
ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ခြေရာပြတ်ထင်
ကြိုးစင်အတက်၊သွေးမပျက်တွာ
ကြိုးစင်ထက်မှာ၊ရဲလက်နီစွေး
ခွပ်ဒေါင်းသွေးနဲ့ ၊အရေးတော်ပုံဖွဲ့ ခဲ့ သည် ။ ။
မောင်လွမ်းဏီ ( 24 .6 .2010 )
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း'' ၃၄ '' နှစ်မြောက် အထိမ်းအမှတ်
အမည်ကြိုးတိုက်
တိုက်အမှတ် . ၂
တိုက်ပွဲနှစ်များ တေးသားသက်ဝင်
ရှင်သန်လှုပ်ရှားဆဲပေတကား ။
ခါးလည်တံခါး
စည်းခြားပိုင်နက် ခြမ်းတဘက်၌်ွ
နက်နက်ရှိုင်းရှိုင်း ပိုင်းပိုင်းဖြတ်ဖြတ်
ပြတ်ပြတ်သားသား ရှားရှားပါးပါး
ကြိုးသမားတို့ အံကြိတ်ရာ.။
ကြိုးစာရင်းဝင်
ကိုညွန့် တင်၊ဆလိုင်းတင်မောင်ဦး၊ဗိုလ်စံဖဲ
ဘဆွေလေး(အကောက်)၊စောလှဝင်း
ကိုထွန်းမောင်(ဘိုကလေး)နှင့်.....အစရှိသူများ။
ဟိုတဖက်က
မက္ကနားမှ၊ လှရွှေ၊ ဇေယျ
ဆာဂျင်သိန်းမြိုင်- အာဏာပိုင်လား
ပါးကွက်သားတို့  ယုတ်မာရာ။
ကိုညွန့် တင်ရဲ့ တယောချွဲသံ
ညယံထွင်းဖောက်လွင့်နေမြဲ ၊
ဘဆွေလေးရဲ့  အကျဉ်းနံရံ
''ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ''
မီးသွေးခဲနဲ့  ရဲတဲ့ စာတို၊
တော်လှန်ပုံရိပ် ၊ယုံကြည်ရွယ်စူး
တင်မောင်ဦးရဲ့  ကြွေးကြော်သံလား
ထောင်တံတိုင်းမှာ ပဲ့ တင်ညံ။
အဖိုးသခင်
ကြိုးစင်ဠီကာ ၊ မထီမဖြုံ
ဂဠုန် သရဏံ ဂစ္ဆာမိခိုင်းခဲ့တယ်လေ။
ဗိုလ်ကြီးအုန်းကျော်မြင့်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦး
ခေတ်ကိုတူးဆွခဲ့ သူတွေ။
ဂျူလိယက် ဖူးချစ်ရဲ့ 
ကြိုးစင်ပေါ်ကမှတ်တမ်းများ
တို့ ရဲဘော်ရဲ့ 
ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ခြေရာပြတ်ထင်
ကြိုးစင်အတက်၊သွေးမပျက်တွာ
ကြိုးစင်ထက်မှာ၊ရဲလက်နီစွေး
ခွပ်ဒေါင်းသွေးနဲ့ ၊အရေးတော်ပုံဖွဲ့ ခဲ့ သည် ။ ။
မောင်လွမ်းဏီ ( 24 .6 .2010 )
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း'' ၃၄ '' နှစ်မြောက် အထိမ်းအမှတ်
Subscribe to:
Posts (Atom)