ရင်ငလျင်
တာလေမှာ
ကဗျာတွေမတွေ့ ဘူး၊
အနိဌာရုံ နဲ့  မသာတွေ့ တယ်။
ကြေးစည်သံလား
မေတ္တာတရား နဲ့ 
စာနာစိတ်တွေ တောင်းခံနေစဉ်။
သင် မြင်ခွင့် မရလို့  နေမှာပါ
ကဗျာတွေက
အက်ကြောင်းထဲမှာလေ။
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၁
Showing posts with label သူတို့ ရေးတဲ့ကဗျာ. Show all posts
Showing posts with label သူတို့ ရေးတဲ့ကဗျာ. Show all posts
Tuesday, March 29, 2011
Monday, March 28, 2011
ကျိန်စာ
ကျိန်စာ
အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။
အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။
ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉
အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။
အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။
ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉
Wednesday, March 24, 2010
ယမမင်းထံ အယူခံမ၀င်မီ
သူငယ်ချင်း
မင်းအကြောင်းသတင်း
အသင်းအပေါင်းရောင်းရင်းတွေဆီက
ကိုယ်ကြားပါရဲ့။
အဓမ္မ၀ါဒီတွေ
မတရားစီရင်နေတဲ့
တရားခွင်ဆိုတဲ့ဆီမှာ
တရားသူကြီးအရေခြုံပြီး
မတရားမှုကြီးတွေလုပ်နေသတဲ့။
သူငယ်ချင်း
မင်းကြိုက်စိုးကြိုက်
အကြိုက်လိုက်ဖား
သိသိကြီးနဲ့မှားနေတာများ
သြချလောက်ရဲ့။
ဘုရားတရားသံဃာစော်ကား
ဒုစရိုက်မျိုးစုံပွားနေတဲ့
လူ့ဗာလဂြိုလ်ဆိုးတသိုက်ရဲ့
အကုသိုလ်ယန္တရားထဲမှာ
ရမ်းကားသူတစ်ယောက်အဖြစ်
စာရင်းတင်ခံမလား
မင်းစဉ်းစားနော်။
ငါတော့လေ
သံသရာမှာ ၀ဋ်ဒုက္ခတွေနဲ့ လည်း
မနစ်မြုပ်ချင်
ငရဲမှာသစ်ငုတ်အဖြစ်လည်း
အဖြစ်မကုပ်ချင်သမို့ 
အလုပ်ကြမ်းအနေဆိုး
ဘယ်လိုမျိုးပဲဖြစ်ဖြစ်
အကြောက်တရားရှင်းလင်း
အပြစ်ကင်းတဲ့အလုပ်နဲ့ 
ထမင်းတလုတ်စားရတာ
သိက္ခာမငယ် အပယ်မလန့် ရတာမို့
လိပ်ပြာသန့် တယ် သူငယ်ချင်း။
သီတာအောင်
မင်းအကြောင်းသတင်း
အသင်းအပေါင်းရောင်းရင်းတွေဆီက
ကိုယ်ကြားပါရဲ့။
အဓမ္မ၀ါဒီတွေ
မတရားစီရင်နေတဲ့
တရားခွင်ဆိုတဲ့ဆီမှာ
တရားသူကြီးအရေခြုံပြီး
မတရားမှုကြီးတွေလုပ်နေသတဲ့။
သူငယ်ချင်း
မင်းကြိုက်စိုးကြိုက်
အကြိုက်လိုက်ဖား
သိသိကြီးနဲ့မှားနေတာများ
သြချလောက်ရဲ့။
ဘုရားတရားသံဃာစော်ကား
ဒုစရိုက်မျိုးစုံပွားနေတဲ့
လူ့ဗာလဂြိုလ်ဆိုးတသိုက်ရဲ့
အကုသိုလ်ယန္တရားထဲမှာ
ရမ်းကားသူတစ်ယောက်အဖြစ်
စာရင်းတင်ခံမလား
မင်းစဉ်းစားနော်။
ငါတော့လေ
သံသရာမှာ ၀ဋ်ဒုက္ခတွေနဲ့ လည်း
မနစ်မြုပ်ချင်
ငရဲမှာသစ်ငုတ်အဖြစ်လည်း
အဖြစ်မကုပ်ချင်သမို့ 
အလုပ်ကြမ်းအနေဆိုး
ဘယ်လိုမျိုးပဲဖြစ်ဖြစ်
အကြောက်တရားရှင်းလင်း
အပြစ်ကင်းတဲ့အလုပ်နဲ့ 
ထမင်းတလုတ်စားရတာ
သိက္ခာမငယ် အပယ်မလန့် ရတာမို့
လိပ်ပြာသန့် တယ် သူငယ်ချင်း။
သီတာအောင်
Wednesday, March 17, 2010
တူးပို့  တူးလှဲ့ ဝါ
ကဗျာကလည်း
ကဗျာချင်း ဖတ်တယ်။
ဂီတကလည်း
ဂီတချင်း တီးခတ်တယ်။
ခင်ဗျားတို့ ကလည်း
ခင်ဗျားတို့ ချင်း ဖက်ပွေ့ တယ်။
ကျွန်တော်တို့ ကလည်း
ကျွန်တော်တို့ ချင်း ပုလင်းတူ ဗူးစို့ ဖြစ်တယ်။
သမိုင်းတွေကလည်း
ရာဇ၀င်ကျောက်စာကို တီးမိခေါက်မိတယ်။
သဘောထား ကွဲလွဲတာနဲ့ 
အကြောက်အကန် ငြင်းခုန်မှုကလည်း
ပြင်းထန်နေပြန်ရော။
ဒေါ်အောင်ဆန်းစုကြည် ပန်ထားတဲ့
ပိတောက်ပန်းတွေက
ကျွန်တော်တို့  အားလုံး စိတ်ဝမ်းကို
ဖလန်းဖလန်းထအောင်၊ မလန်းစေလို့ လား။ ။
မောင်လွမ်းဏီ
၂ - ၃- ၂၀၁၀
တူးပို့  တူးလှဲ့ ဝါ
ဆရာမြို့ မငြိမ်း၏ တူးပို့  သင်္ကြန်တေးသီချင်းမှ စာသားတစ
ကဗျာချင်း ဖတ်တယ်။
ဂီတကလည်း
ဂီတချင်း တီးခတ်တယ်။
ခင်ဗျားတို့ ကလည်း
ခင်ဗျားတို့ ချင်း ဖက်ပွေ့ တယ်။
ကျွန်တော်တို့ ကလည်း
ကျွန်တော်တို့ ချင်း ပုလင်းတူ ဗူးစို့ ဖြစ်တယ်။
သမိုင်းတွေကလည်း
ရာဇ၀င်ကျောက်စာကို တီးမိခေါက်မိတယ်။
သဘောထား ကွဲလွဲတာနဲ့ 
အကြောက်အကန် ငြင်းခုန်မှုကလည်း
ပြင်းထန်နေပြန်ရော။
ဒေါ်အောင်ဆန်းစုကြည် ပန်ထားတဲ့
ပိတောက်ပန်းတွေက
ကျွန်တော်တို့  အားလုံး စိတ်ဝမ်းကို
ဖလန်းဖလန်းထအောင်၊ မလန်းစေလို့ လား။ ။
မောင်လွမ်းဏီ
၂ - ၃- ၂၀၁၀
တူးပို့  တူးလှဲ့ ဝါ
ဆရာမြို့ မငြိမ်း၏ တူးပို့  သင်္ကြန်တေးသီချင်းမှ စာသားတစ
Friday, November 06, 2009
ဟေမန္တနဲ့  အင်တာဗျူး
ဟေမန္တနဲ့  အင်တာဗျူး
နှင်းလို့  ခံစားရင်း
အေးစိမ့်ပုံဆောင်ခြင်းကို
ဆောင်းလို
ကိုယ့်ကိုကိုယ် သိုးမွှေးထိုးနေမိ
အသိနဲ့  နွေးးထွေးမှုက
ဘ၀ကို ယက်လုပ်မှာ။
နှစ်နံစပ် နယ်ဖြတ်သွေးကြောက
နယ်နိမိတ်တောလား
သဘောထား ပြတ်သားရှင်းလင်း
ထင်းခွေမကြုံ ရေခပ်ဆုံချင်။
ဟိုနွေမှာ အမေသေခဲ့
ဟိုမိုးမှာ အဖေ လေဖြတ်ခဲ့
ဟိုဆောင်းမှာ မင်းအဖေ ခြေကျိုးခဲ့
သုံးရာသီထဲမှာ ရဲဘော်တွေလေ
နေကွယ်ကုန်းကိုပဲ ဆဲရေးတိုင်းထွာ
ကဗျာမဆန်တဲ့ သံလွင်ပန်းချီလမ်း
ထိန်လင်းများ ထွင်းဖောက်မလား ငံ့မျှော်။
အဖေ
အိပ်တော့လေ
ဆေးသောက်ပြီးပလား
အဖေ့ကို သား စောင့်နေတာ
နာရီလည်း ကြည့်။
စောင့်ရခြင်းကို ကဗျာလို ဘာသာစကား
ခါးသီးရသ ဘ၀လား
အိမ်သူတောင် စောင်ထူထူခြုံ
အိပ်မက်ကို လုံအောင်ဖုန်းနေရှာ။ ။
မောင်လွမ်းဏီ
၆-၁၁-၀၉
နှင်းလို့  ခံစားရင်း
အေးစိမ့်ပုံဆောင်ခြင်းကို
ဆောင်းလို
ကိုယ့်ကိုကိုယ် သိုးမွှေးထိုးနေမိ
အသိနဲ့  နွေးးထွေးမှုက
ဘ၀ကို ယက်လုပ်မှာ။
နှစ်နံစပ် နယ်ဖြတ်သွေးကြောက
နယ်နိမိတ်တောလား
သဘောထား ပြတ်သားရှင်းလင်း
ထင်းခွေမကြုံ ရေခပ်ဆုံချင်။
ဟိုနွေမှာ အမေသေခဲ့
ဟိုမိုးမှာ အဖေ လေဖြတ်ခဲ့
ဟိုဆောင်းမှာ မင်းအဖေ ခြေကျိုးခဲ့
သုံးရာသီထဲမှာ ရဲဘော်တွေလေ
နေကွယ်ကုန်းကိုပဲ ဆဲရေးတိုင်းထွာ
ကဗျာမဆန်တဲ့ သံလွင်ပန်းချီလမ်း
ထိန်လင်းများ ထွင်းဖောက်မလား ငံ့မျှော်။
အဖေ
အိပ်တော့လေ
ဆေးသောက်ပြီးပလား
အဖေ့ကို သား စောင့်နေတာ
နာရီလည်း ကြည့်။
စောင့်ရခြင်းကို ကဗျာလို ဘာသာစကား
ခါးသီးရသ ဘ၀လား
အိမ်သူတောင် စောင်ထူထူခြုံ
အိပ်မက်ကို လုံအောင်ဖုန်းနေရှာ။ ။
မောင်လွမ်းဏီ
၆-၁၁-၀၉
Wednesday, September 30, 2009
ရွှေလက်များ
“ရွှေလက်များ”
လက်ဆိုတာ
ခန္ဓာကိုယ်တခုလုံးအတွက်
ပေးဆပ်သူသက်သက်၊
ပူမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ဒီငရုပ်စပ်စပ်ကိုမှ
ခံတွင်းကလိုအပ်နေတော့
ကိုင်ရတာပေါ့၊
ကျဉ်မယ်မှန်းသိလို့ 
မကိုင်ပဲနေချင်ပေမယ့်
ဒီရေခဲတုံးကိုမှ
ခံတွင်းကတောင်းတနေတော့
ကိုင်ရတာပေါ့ ၊
နာမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ပန်းခင်းလှလှ ပျိုးချင်မှတော့
တူရွင်း ကိုမှ
ကိုင်ရတာပေါ့ ၊
ပူမယ်မှန်းလဲသိ
နာမယ်မှန်းလဲသိ
ဇီဝိန်ကြွေမယ့်အထိ
ခန့်မှန်းမိလျက်နဲ့
ပြည့် ၀မ်းကပူဆာ
ပြည့် အနာဂတ်ကဘယ်ဆီမှာ
ပြည့် ဝေဒနာက ရှည်ကြာနေတော့
လူထုအခက်
မကြည့်ရက်တဲ့
ပြည့် ရွှေလက်တွေခမျာ
ရွှေဝါရောင်တံတိုင်းကြီးကာလို့
လိုနေသူအားလုံးကိုယ်စား
မားမားမတ်မတ် ရှေ့ ကရပ်လို့ 
အသက်ကိုနှင်း
ပေးဆပ်ရင်းနဲ့ 
ယခုတိုင်လဲ့  ပေးဆပ်ဆဲ ။
သီတာအောင်
လက်ဆိုတာ
ခန္ဓာကိုယ်တခုလုံးအတွက်
ပေးဆပ်သူသက်သက်၊
ပူမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ဒီငရုပ်စပ်စပ်ကိုမှ
ခံတွင်းကလိုအပ်နေတော့
ကိုင်ရတာပေါ့၊
ကျဉ်မယ်မှန်းသိလို့ 
မကိုင်ပဲနေချင်ပေမယ့်
ဒီရေခဲတုံးကိုမှ
ခံတွင်းကတောင်းတနေတော့
ကိုင်ရတာပေါ့ ၊
နာမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ပန်းခင်းလှလှ ပျိုးချင်မှတော့
တူရွင်း ကိုမှ
ကိုင်ရတာပေါ့ ၊
ပူမယ်မှန်းလဲသိ
နာမယ်မှန်းလဲသိ
ဇီဝိန်ကြွေမယ့်အထိ
ခန့်မှန်းမိလျက်နဲ့
ပြည့် ၀မ်းကပူဆာ
ပြည့် အနာဂတ်ကဘယ်ဆီမှာ
ပြည့် ဝေဒနာက ရှည်ကြာနေတော့
လူထုအခက်
မကြည့်ရက်တဲ့
ပြည့် ရွှေလက်တွေခမျာ
ရွှေဝါရောင်တံတိုင်းကြီးကာလို့
လိုနေသူအားလုံးကိုယ်စား
မားမားမတ်မတ် ရှေ့ ကရပ်လို့ 
အသက်ကိုနှင်း
ပေးဆပ်ရင်းနဲ့ 
ယခုတိုင်လဲ့  ပေးဆပ်ဆဲ ။
သီတာအောင်
Wednesday, August 05, 2009
အရေးတော်ပုံ
အရေးတော်ပုံ
ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
သွေးနဲ့ ထုံးထားတဲ့ပန်းတကုံးဖြစ်တယ်။
ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင်ဖြစ်တယ်။
ရှစ်လေးလုံး တဲ့
တောပြုံးတဲ့ တောင်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့  မကျို့ တဲ့ ဗေဒါဖြစ်တယ်။
ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်းမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခုဖြစ်တယ်။
ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေးဖြစ်တယ်။
ရှစ်လေးလုံး တဲ့
တုံးအောက်က ဖားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတားဖြစ်တယ်။
ရှစ်လေးလုံး တဲ့
အင်းစိန်အကျဉ်းခုံရုံးမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။
ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှုဖြစ်တယ်
ငါတို့ အားလုံးရဲ့  အရေးတော်ပုံ ဖြစ်ပြီးရင်းဖြစ်။ ။
မောင်လွမ်းဏီ
၎-၈-၀၉
ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
သွေးနဲ့ ထုံးထားတဲ့ပန်းတကုံးဖြစ်တယ်။
ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင်ဖြစ်တယ်။
ရှစ်လေးလုံး တဲ့
တောပြုံးတဲ့ တောင်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့  မကျို့ တဲ့ ဗေဒါဖြစ်တယ်။
ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်းမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခုဖြစ်တယ်။
ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေးဖြစ်တယ်။
ရှစ်လေးလုံး တဲ့
တုံးအောက်က ဖားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတားဖြစ်တယ်။
ရှစ်လေးလုံး တဲ့
အင်းစိန်အကျဉ်းခုံရုံးမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။
ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှုဖြစ်တယ်
ငါတို့ အားလုံးရဲ့  အရေးတော်ပုံ ဖြစ်ပြီးရင်းဖြစ်။ ။
မောင်လွမ်းဏီ
၎-၈-၀၉
Thursday, June 25, 2009
ဆဒ္ဒန်အလွမ်းပြေ
ဆဒ္ဒန်အလွမ်းပြေ
အချစ်က စီးမျောရင်
အင်ကြင်းခိုင် မကျိုးဘူး။
ဘ၀က ခဏဖြစ်ရင်
စစ်က ဘ၀တခု ။
ဂီတကို ခံစားဖြစ်ရင်
ယုံကြည်ချက်က ရင်ခုန်သံ။
ဒဏ်ရာက အမာရွတ်
ကြံရာပါက ကဗျာ
မြေကမ္ဘာက သောနုတ္ထိုရ်
ငါ မင်းလို အစွယ်မလိုခဲ့လေ။ ။
မောင်လွမ်းဏီ
၂၂၆၀၉
အချစ်က စီးမျောရင်
အင်ကြင်းခိုင် မကျိုးဘူး။
ဘ၀က ခဏဖြစ်ရင်
စစ်က ဘ၀တခု ။
ဂီတကို ခံစားဖြစ်ရင်
ယုံကြည်ချက်က ရင်ခုန်သံ။
ဒဏ်ရာက အမာရွတ်
ကြံရာပါက ကဗျာ
မြေကမ္ဘာက သောနုတ္ထိုရ်
ငါ မင်းလို အစွယ်မလိုခဲ့လေ။ ။
မောင်လွမ်းဏီ
၂၂၆၀၉
Friday, June 05, 2009
အညာသားများ - ၃
အညာသားများ
အထောက်အထား၊ ရှိထားသလာက်
ကျောက်စာတခု
ထိုင်သူနိုင်က ထုဆစ်ဖူးတယ်။
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ခဲ့
လွမ်းတဲ့ဇာတ်လမ်း
ကြည်မောင်သန်းက ကဇာတ်ဖွဲ့ တယ်၊
၂၀၀၃
မေ ၃၀
လွတ်တော်မူခန်း၊ ဇာတ်လမ်းအဆက်
ကျီရွာထက်က စောင့်နေသည်။
မောင်လွမ်းဏီ
၃၆၀၉
အထောက်အထား၊ ရှိထားသလာက်
ကျောက်စာတခု
ထိုင်သူနိုင်က ထုဆစ်ဖူးတယ်။
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ခဲ့
လွမ်းတဲ့ဇာတ်လမ်း
ကြည်မောင်သန်းက ကဇာတ်ဖွဲ့ တယ်၊
၂၀၀၃
မေ ၃၀
လွတ်တော်မူခန်း၊ ဇာတ်လမ်းအဆက်
ကျီရွာထက်က စောင့်နေသည်။
မောင်လွမ်းဏီ
၃၆၀၉
အညာသားများ - ၂
အညာသားတွေက
အစွဲအလမ်း ကြီးမားတယ်။
အညာသားတွေက
ရှားနှစ်လို မာကျောတယ်၊
အညာသားတွေက
ဝါးကြောလို တင်းခံတယ်၊
အညာသားတွေက
ဧရာဝတီကို သွေးနီဖြန်းခဲ့တယ်၊
အညာသားတွေက
ဓားတောင်ကိုလည်း ကျော်ခဲ့တယ်။
အညာသားတွေက
ပုဂံကို ယွန်းဆေးပန်းချီရေးခဲ့တယ်၊
အညာသားတွေက
မြေလတ်ကို သားအကြီးလို မွေးခဲ့တယ်။
အညာသားတွေက
လရောင်ကို ချစ်သလို
ဗိုလ်မင်းရောင်၊ ဗိုလ်လရောင်ကိုလည်း
စေတီလို ထီးတင်ခဲ့တယ်၊
အညာသားတွေက
အဖိုးကိုယ်တော်၊ ဇော်ဂျီ၊ မောင်ဝန်
ကျွန်စိတ်ပစင်၊ သခင်အစ
ဗဟိန်း တာရာ၊ တင်အောင် မြသန်းတင့်
ရင်နင့်အောင်မွှေး၊ မမလေး အမာ၊ သမိုင်းဆက်ထုံး
အရာအားလုံးကို ချစ်ခဲ့တယ်။
ဒါကြောင့်ပါခင်
အညာသားတွေက၊ သခင်အောင်ဆန်းကို
ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
ရိုးသားတာပါပဲပေါ့လေ။ ။
မောင်လွမ်းဏီ
၃ ၆ ၀၉
အစွဲအလမ်း ကြီးမားတယ်။
အညာသားတွေက
ရှားနှစ်လို မာကျောတယ်၊
အညာသားတွေက
ဝါးကြောလို တင်းခံတယ်၊
အညာသားတွေက
ဧရာဝတီကို သွေးနီဖြန်းခဲ့တယ်၊
အညာသားတွေက
ဓားတောင်ကိုလည်း ကျော်ခဲ့တယ်။
အညာသားတွေက
ပုဂံကို ယွန်းဆေးပန်းချီရေးခဲ့တယ်၊
အညာသားတွေက
မြေလတ်ကို သားအကြီးလို မွေးခဲ့တယ်။
အညာသားတွေက
လရောင်ကို ချစ်သလို
ဗိုလ်မင်းရောင်၊ ဗိုလ်လရောင်ကိုလည်း
စေတီလို ထီးတင်ခဲ့တယ်၊
အညာသားတွေက
အဖိုးကိုယ်တော်၊ ဇော်ဂျီ၊ မောင်ဝန်
ကျွန်စိတ်ပစင်၊ သခင်အစ
ဗဟိန်း တာရာ၊ တင်အောင် မြသန်းတင့်
ရင်နင့်အောင်မွှေး၊ မမလေး အမာ၊ သမိုင်းဆက်ထုံး
အရာအားလုံးကို ချစ်ခဲ့တယ်။
ဒါကြောင့်ပါခင်
အညာသားတွေက၊ သခင်အောင်ဆန်းကို
ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
ရိုးသားတာပါပဲပေါ့လေ။ ။
မောင်လွမ်းဏီ
၃ ၆ ၀၉
အညာသားများ
လမင်းတရာသာ
ပန်းပေါင်းတရာပွင့်
ကန္တာရနှစ်များလွန်မြောက်စေ။
အမေ့ခေါ်သံ
ပဲ့တင်သံကို၊ နိုင်ငံတကာ
ကဗျာမိသားစု၊ ဥပမာပြု
လူထုအမေ
သားတွေ သားဖြစ်နေဆဲပါ။
လွမ်းလိုက်တာ
ဦးပညာချောင်၊ တောင်သမန်အင်း
မင်းဘူးလမ်းဆုံး၊ မုန်းချောင်းဟိုကမ်း
မန်းချောင်းတဝိုက်၊ ကျင်လည်ခိုက်တံ့
အနုပညာ မိုက်မဲရူးသွပ်ခဲ့တာတွေ။
ဤအချိန်၌
မိုက်မဲခဲ့သူ၊ ကျန်စာမိသူ
သူရဲကောင်းလို့ ပြောရမလား။
ဆရာဂျမ်း ၊ ဆရာကို ၊
ဆရာကြည် ၊ ဆရာစွမ်း
တပ်မှူးတို့လမ်း၊ လူထုလွမ်းပြီ
အောင်ဆန်းမျိုးဆက် လက်တို့တော့။ ။
မောင်လွမ်းဏီ
၁ - ၆ - ဝ၉
ပန်းပေါင်းတရာပွင့်
ကန္တာရနှစ်များလွန်မြောက်စေ။
အမေ့ခေါ်သံ
ပဲ့တင်သံကို၊ နိုင်ငံတကာ
ကဗျာမိသားစု၊ ဥပမာပြု
လူထုအမေ
သားတွေ သားဖြစ်နေဆဲပါ။
လွမ်းလိုက်တာ
ဦးပညာချောင်၊ တောင်သမန်အင်း
မင်းဘူးလမ်းဆုံး၊ မုန်းချောင်းဟိုကမ်း
မန်းချောင်းတဝိုက်၊ ကျင်လည်ခိုက်တံ့
အနုပညာ မိုက်မဲရူးသွပ်ခဲ့တာတွေ။
ဤအချိန်၌
မိုက်မဲခဲ့သူ၊ ကျန်စာမိသူ
သူရဲကောင်းလို့ ပြောရမလား။
ဆရာဂျမ်း ၊ ဆရာကို ၊
ဆရာကြည် ၊ ဆရာစွမ်း
တပ်မှူးတို့လမ်း၊ လူထုလွမ်းပြီ
အောင်ဆန်းမျိုးဆက် လက်တို့တော့။ ။
မောင်လွမ်းဏီ
၁ - ၆ - ဝ၉
Subscribe to:
Posts (Atom)