Wednesday, March 24, 2010

ယမမင်းထံ အယူခံမ၀င်မီ

သူငယ်ချင်း
မင်းအကြောင်းသတင်း
အသင်းအပေါင်းရောင်းရင်းတွေဆီက
ကိုယ်ကြားပါရဲ့။

အဓမ္မ၀ါဒီတွေ
မတရားစီရင်နေတဲ့
တရားခွင်ဆိုတဲ့ဆီမှာ
တရားသူကြီးအရေခြုံပြီး
မတရားမှုကြီးတွေလုပ်နေသတဲ့။

သူငယ်ချင်း
မင်းကြိုက်စိုးကြိုက်
အကြိုက်လိုက်ဖား
သိသိကြီးနဲ့မှားနေတာများ
သြချလောက်ရဲ့။

ဘုရားတရားသံဃာစော်ကား
ဒုစရိုက်မျိုးစုံပွားနေတဲ့
လူ့ဗာလဂြိုလ်ဆိုးတသိုက်ရဲ့
အကုသိုလ်ယန္တရားထဲမှာ
ရမ်းကားသူတစ်ယောက်အဖြစ်
စာရင်းတင်ခံမလား
မင်းစဉ်းစားနော်။

ငါတော့လေ
သံသရာမှာ ၀ဋ်ဒုက္ခတွေနဲ့ လည်း
မနစ်မြုပ်ချင်
ငရဲမှာသစ်ငုတ်အဖြစ်လည်း
အဖြစ်မကုပ်ချင်သမို့ 
အလုပ်ကြမ်းအနေဆိုး
ဘယ်လိုမျိုးပဲဖြစ်ဖြစ်
အကြောက်တရားရှင်းလင်း
အပြစ်ကင်းတဲ့အလုပ်နဲ့ 
ထမင်းတလုတ်စားရတာ
သိက္ခာမငယ် အပယ်မလန့် ရတာမို့
လိပ်ပြာသန့် တယ် သူငယ်ချင်း။

သီတာအောင်


No comments: