Showing posts with label 7July အမှတ်တရကဗျာ. Show all posts
Showing posts with label 7July အမှတ်တရကဗျာ. Show all posts
Sunday, July 07, 2013
စိန်ပန်းတွေ ရဲပတောင်းခတ်အောင် ပွင့်ခဲ့တယ်.
စိန်ပန်းတွေ ရဲပတောင်းခတ်အောင် ပွင့်ခဲ့တယ်.
by Khinaung Aye (Notes) on Sunday, July 7, 2013 at 3:06am...
ခင်ဗျားတို့ ကျနော်တို့
အိပ်လို့ကောင်းနေတဲ့ ဟောဒီလိုမျိုးအချိန်
၁၉၆၂ ခုနှစ်တုန်းကပေါ့ဗျာ
ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်ကနေ စ လိုက်တဲ့
ကျောင်းသား ဆူပူအုံကြွမှုဟာ
‘ဆဲဗင်း ဂျူလိုင်’ ရဲ့ စနက်တံကို မီးတို့လိုက်မှုပါပဲ
အဖြစ်အပျက်တွေက ကြာခဲ့ပြီ
ဒါပေမယ့် ငါတို့ ရင်ထဲမှာတော့
အဓိပတိလမ်းပေါ်က ပိုင်ရှင်မဲ့သွားတဲ့
ဖိနပ်ကလေးတွေ နာရီလေးတွေ ပျံ့ကြဲလို့နေဆဲ
မန္တလေးဆောင်ရှေ့က မြောင်းထဲမှာ သွေးကွက်တွေ အိုင်ထွန်းလို့နေဆဲ
နောက်တစ်နေ့မနက် ၈ ဂျူလိုင် အရုဏ်တက်မှာ
တခဲနက်ပေါက်ကွဲသံကြီးနဲ့ တကသ အဆောက်အဦကြီးပြိုလဲကျခဲ့ခြင်းနဲ့အတူ
ဗမာ့နိုင်ငံရေးသမိုင်းဟာ ချောက်အနက်ကြီးထဲ နှစ်ပေါင်းများစွာ -
ခင်အောင်အေး
၇ ဇူလိုင် ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၅း၂၂ နာရီ
Subscribe to:
Posts (Atom)