Showing posts with label့ကဗျာ. Show all posts
Showing posts with label့ကဗျာ. Show all posts

Tuesday, May 25, 2010

ဘရုတပ်စ်နှင့် သူ၏နောက်လိုက်များ

ပွဲလန့် တုန်း
ဖျာ ခင်းချင်သူ
ကုလားထိုင် ဦးချင်သူတွေ
အုတ်အော်သောင်းတင်း
ပျာယာခတ်နေပုံများ
(မြင်ရ တွေ့ ရ သူတိုင်း)
လူတိုင်းရဲ့  ရင်ဘတ်တိုင်းမှာ
မီးတောင်တွေ ပေါက်နေတယ် ……။

အပ်ကြောင်းထပ်နေတဲ့
မုသာဝါဒကံတွေက
ထီမထင်မျက်နှာပေးနဲ့ 
ဘောင်းဘီချွတ်လိုက်ကြတယ်
မြို့ မေတ္တာခံယူမယ့် သားတွေမှာ
ချက်ကြိုးနဲ့ ရှက်ကြိုးမှားဖြတ်ခဲ့ပြီးသားမဟုတ်လား …..။

ယုတ်မာကောက်ကျစ်မှုတို့ 
လက်နက်အပြည့်အစုံ တပ်ဆင်ပြီးတဲ့အခါ
တအိမ်တက်ဆင်း
ပြည်သူတို့ ရဲ့ အိပ်မက်ကို နင်းချေကြ ပြီ ….၊
အော်သံ ဟစ်သံ
တရံမလပ် ဖေးမအားပေး
ငရဲကလူ ပြာပူမကြောက်
တောင်လို မောက်တဲ့
အရိုးပုံအောက်က အသံ

သစ္စာဖောက်တွေ
သစ္စာဖောက်တွေ
မင်းတို့ ရဲ့  ယုတ်မာမှုဟာ
မင်းတို့ ရဲ့  ရွေးချယ်မှုဖြစ်တယ်

မင်းတို့ ရဲ့  ရွေးချယ်မှုဟာ
ရိုင်းစိုင်းတဲ့ မင်းတို့ ရဲ့ သမိုင်းသာဖြစ်တယ် ….၊
အလှည့်ကျရင် မနွဲ့ ကြစတမ်းဟေ့ ….၊
သစ္စာဖောက်တွေ
သစ္စာဖောက်တွေ

အရိုးတွန်သံ
နားမှာ လျှံပြီ
ခွပ်ဒေါင်း အလံတော်ကို မြဲမြဲဆုပ်ကိုင်ပြီး
ရွှေဂုံတိုင်ကြေညာစာတမ်းကို ရဲရဲဆုပ်ကိုင်
တိုက်ပွဲခေါ်သံ
(ကြားကြရဲ့ လား) ဆယ်ရက်ဆယ်လ
တိုက်ပွဲခေါ်သံဟာ အလျှံတငြီးငြီး
ခင်ဗျားတို့  ကျုပ်တို့ ကိုယ်မှာတောက်လောင်လို့  ….။


ရဲရင့်သက်ဇွဲ
မေ ၂၅ ၂၀၁၀


Thursday, April 22, 2010

“ပိတောက်ပန်း”

(၁)
စစ်ဖိနပ်တွေကြီးစိုးတဲ့
ခေတ်တွေမှာ
ကျက်သရေအလှတွေနဲ့တင့်ဆန်း
ဝါထိန်ထိန်ပိတောက်ပန်းကို
အသရေ ညှိုးနွမ်းအောင် မပြုစားနိုင်ကြဘူး ။

(၂)
‘အတာရေလေး .... အေးပါတယ်ဆို’ ကအစ
‘တူးပို့တူးပို့ တေးသံသာ’အဆုံး
ငါတို့ခေတ်ရဲ့ ဂန္တ၀င်
သင်္ကြန်မိုး တေးသီချင်းသံစဉ်များ
‘အိုး .... ကလေးလှုပ်ပါဉီးး’ထဲ
မြုတ်ချည် ပေါ်ချည် ....။

ရေကူးဝတ်စုံ သာသာ
မလုံ့တလုံတွေကြားထဲမှာ
မြုတ်ချည် ပေါ်ချည် ....။
မတရား ရက်စက် ဖိနှိပ်မှုများ အောက်မှာ
မြုတ်ချည် ပေါ်ချည် ။

အာဏာရှင်တို့ လက်ထက်သင်္ကြန်တိုင်းဟာ
ပျက်စီးချင်တိုင်း ပျက်စီး
ညီအကိုတို့ရေ ....
ယဉ်ကျေးမှုတခုကို .... (ဒင်းတို့ )
စနစ်တကျ ဖျက်စီးပြနေတယ် ....။

(၃)
ကပ်ဆိုးများ
တရွေ့ရွေ့နဲ့ တဖြေးဖြေးများလာ
ဘုရားသခင်ရဲ့ဗျာဒိတ်တော်လာ
ကမ္ဘာကိုဆေးကြောမယ့် နေ့ရက်တွေဟာ
အလုအယက် ရောက်ရှိလာကြပြီပဲ ....။

အကြောက်တရားနဲ့ ချောက်ချားနေတဲ့
လူတစုရဲ့ လက်မှာ
စွန်းထင်းပေကျန်နေတဲ့
အပြစ်မဲ့ ပြည်သူရဲ့သွေး
အတာရေနဲ့ ဆေးလဲမရ
ဘာရေနဲ့မှ ဆေးလို့မရ
ပျက်စီး ဆုံးရှုံး ဘ၀တုန်းရတဲ့
အသက်တွေအတွက်

‘အလှည့်ကျရင် မနွဲ့ကြစတမ်းပေါ့ကွာ’

ဝါထိန်ထိန်ပိတောက်ပန်းက ပြောတဲ့အသံ
ခေတ်တခေတ်လုံး ပဲ့တင်ရိုက်ခတ်လို့ ....။


ရဲရင့်သက်ဇွဲ
ဧပြီ၊ ၂၀၁၀

Sunday, September 06, 2009

“ရင်ကွဲနာ”

အချိန်ကာလတွေကို ကျော်လွှားပြီး
ရွှေဝါရောင်ဒီလှိုင်းများ
ရိုက်ခတ်လာပုံက
ဟောဒီ ရင်ဘတ်တွေတောင်မှ
ကျောက်သား ကျောက်ဆိုင်လို
မာကျောမနေနိုင်တော့ဘူး ။

အသက်တချောင်း
ထောင်းကနဲပြတ်တောက်
အမေ့ရဲ့  မျက်ရည်တပေါက်ဟာ
ဗိုလ်အောင်ကျော် ကိုဗဟိန်း မှသည်
ကျော်ကိုကို တို့ အထိ
“မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမည်။”
ခေတ်တွေကတော့
ထပ်တူထပ်မျှသာပ ။

သမိုင်းကမဆုံးဘူး
မျိုးဆက်တွေ မတုန်းဘူး
ရာဇ၀င်ရေးအရ
မြေလှန်ကြည့်ရင်
ရဲရဲနီဆွေး
တိုင်းပြည်ရဲ့  ရင်သွေးတွေကို တွေ့ ရမယ် ၊
တစိမ့်စိမ့် စီးယိုကျသွေး
သာသနာ့ အာဇာနည်တို့ ရဲ့ 
မေတ္တာဓါတ်ကိုတွေ့ ရမယ် ။

ခင်ဗျားတို့ ချစ်တဲ့မြေကို
(ခင်ဗျားတို့ )
အာရုံခံကြည့်လိုက်ပါ
ရဟန်းရှင်လူ ပြည်သူလူထုကြီးရဲ့ 
အံကြိတ်ကြုံးဝါး
တက်(တောက်)ခေါက်သံများ ကြားရမယ်
ကမ္ဘာမကြေတေးသံများ ကြားရမယ် ။
ဒီမိုကရေစီ ရမှ အမျှဝေပါ ကြားရမယ်။
ငါတို့ ရဲ့  အနာဂတ်အိပ်မက်များကို ကြားရမယ် ။
ရိုက်သတ်လို့ တောင်မသေ
အာဇာနည်တွေ နေတဲ့တိုင်းပြည် ကြားရမယ် ။
နအဖစစ်အုပ်စုရဲ့ 
အကြောက်တရားနဲ့  သွေးလေချောက်ချားနေတာ ကြားရမယ်။

အဖြစ်အပျက် တခုလုံးမှာ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

ရဲရင့်သက်ဇွဲ
၀၆၊ ၀၉၊ ၂၀၀၉

Monday, August 24, 2009

တံလျှပ်

ဘ၀က (ည) အိပ်မက်ဆိုးတခုလို
ကျောက်စရစ်တော မာခေါင်ခေါင်မှာ
အတောင်ကျွတ်သည့် ကြိုးကြာ
ရေရှာမရသကဲ့သို့ 
့ ဆိုတာမျိုး
ငါ့ ၀င်တိုးတဲ့အချိန်
ချုပ်ညနေရီရဲ့ 
သက်တံ့ခုံးအစွန်းမှာ
လ ကလေးကတွဲလဲခိုလို့  ။

ဘာမှမသေချာဘူး
သံသရာတဆုံး
ရှိတာထက်ပို ရှုံးခဲ့ရပြီ
မှတ်တမ်းမှတ်ရာများလည်း
သက်တံ့ထဲမှာ ပျော်ဝင်
တံလျှပ်ကို ရေထင်
ရွှေသမင်အလိုက်မှားကြသူများအကြား
လရောင်ကရွှန်းပ အဲဒီညမှာ။

အဆုံးသတ် ဆုံးဖြတ်ချက်ဟာ
အဲဒီညကိုတောင် ချောက်ချားစေခဲ့ပြီးမှ

ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ
ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ


ရဲရဲရှေ့ တိုး
လရောင်ကိုပျိုးယူမယ်ကြံကာရှိသေး
ချုပ်ညနေရီထဲက လကလေး
သက်တံ့ခုံးအစွန်းနဘေးမှာ
ငါ အိပ်ရာကနိုးထ
အဲဒီည
ပြန်ရှာမရတော့ ၊၊

ရဲရင့်သက်ဇွဲ

Friday, August 21, 2009

အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်

ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလည်း
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ ကို
ဘယ်သူက ဘယ်သူ့ ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ် ။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ
တို့ ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွဲရပေါ့ ။

တကယ်တော့
သူတို့  သူမ ကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့  နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ် ။
တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။

မျှော်လင့်ထားတဲ့အတိုင်
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ ရ့ဲ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊
ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရန့်စ်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊
တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ ။

Saturday, August 08, 2009

အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

မေမေ
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဲ့ဝန်ထုပ်ဝန်ပိုးကြီးပါ၊
အမေပြောနေကြစကား
မိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ 
အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်း
တိတ်ဆိတ်စွာ သားကောင်အနံ့ ကိုရတဲ့
မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ 
နူတ်ဆက်ခွဲခွာ
အနာဂတ်သစ်တွေရှိမယ့်နေရာ
ထွက်ခွာသွားပေါ့ ။

နှစ်ဆယ့်တနှစ် တဲ့
အလွမ်းသင့်ကျိန်စာမြစ်ထဲမှာ
အကြိမ်ကြိမ်နစ်လို့
အိမ်ပြန်ချင်တဲ့ စိတ်မှာ
ကျနော်တမ်းတ
မေမေ့ အမည်နာမတခုသာ
ကြယ်ကြွေတွေကြားမှာ
သားတွေရဲ့  ကံကြမ္မာ
မေမေ့ရဲ့ ၀ဠ်ကြွေးတွေများလား
ငမိုက်သားများက်ု ခွင့်လွှတ်ပ ။

မေမေ
အိပ်မပျော်တဲ့ ညများမှာ
ကောင်းကင်ကိုမော့ကြည့်
ကြယ်တွေကို ရည်တွက်ရင်း
လရဲ့မျက်နှာပြင်မှာ
သားတွေရဲ့ ပုံရိပ်ကိုရှာ
ဆွေးမြေ့စွာကြေကွဲ
အိပ်မက်တွေက သတိတရနဲ့
မေမေ့အပေါ် လဲပြိုပိကျ
ကျနော့်အပေါ်လဲပြိုပိကျ ။

မေမေရေ
ပြန်လည်ကြားယောင်မိပေါ့
(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)
သူရဲကောင်းတို့ရဲ့ အမွေ
တဘ၀မှာ တခါသာ သေ
သားရေ
တဘ၀မှာ တခါသာသေသတဲ့
အားကြီးတဲ့ ရန်သူရှေ့မှာ
နှမ်းတစေ့လောက်တောင်
အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့
မေမေ့ကို ဖမ်းဆီးနှိပ်စက်
အဲဒီအတွက်လည်း စိတ်မပူနဲ့
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။

နှစ်ဆယ့်တနှစ်လုံးလုံး
ဗေဒါပန်းထုံး နှလုံးမူပြီး
စောင့်ခဲ့ရတာပါ
အခုမှတော့
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး ။


ရဲရင့်သက်ဇွဲ

Wednesday, July 22, 2009

ကြယ်တွေကြွေတယ်ဆိုပေမယ့်

ကြယ်တွေကြွေတယ်ဆိုပေမယ့်

၁။

ခေတ်ဆိုး
စနစ်ဆိုး
အစပျိုးခဲ့ရာ
တထောင့်ကိုးရာခြောက်ဆယ့်နှစ်မှာ ။
၂။

လွတ်လပ်မှုကိုမြတ်နိုး
မတရားတဲ့အဖြစ်မျိုးကိုလက်မခံ
အမှန်တရားကိုဖော်ထုတ်
ဒါဟာ
ခွပ်ဒေါင်းဇာနည်တို့ ရဲ့ 
အလုပ်မဟုတ်လား ။

၃။

ရာသီတွေပြောင်းသွားတယ်
နှစ်တွေဟောင်းသွားတယ်
ခေတ်တွေကတော့ ပြောင်းမသွားဘူး
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံစိုက်မယ့်

ခွပ်ေါးင်းစိတ် ခွပ်ဒေါင်းမာန်
ခွပ်ဒေါင်းဟန်တွေက
မျိုးဆက် တဆက်ပြီး တဆက်
လက်ဆင့်ကမ်းလာခဲ့ကြ
နံရံထက်က သွေးမှာတမ်း
၇ ၊ ၇ လ မမေ့ကြနဲ့  ။

၎။

ခေတ်ဆိုး စနစ်ဆိုး
ရိုက်ချိုးအာခံ
တော်လှန်ခဲ့ရာ
ဆဲဗင်း ဇူလိုင် စိတ်ဓါတ် အဓွန့် ရှည်စေသော်ဝ် ။

Sunday, October 05, 2008

“長井健司さん“

“長井健司さん“

心を寂しくさせている雨の中、
悲しいひびが影のように、汚れている、
涙を止まらせている事は出来ないように
誰が壊したんですか?
長井健司さん、
川のように情報の流れか
壁が無、国境も無いわよ。
貴方がいつも語っている言葉、
何かが起こっている所を、
誰も行きたくなければ、
誰かが行かなければ行けません。
で 言葉
命をかけて教えてくれましたよね。
長井健司さん、
世界家族全てが
貴方が命と一緒に教えてくれたことを、
触れている手で受け取ってくれましたよ。
独裁者を、
かばってくれた国も
見直してくれているよ、
(日本国も)
長井健司さん、
ビルマーの二度目の民主か運動道で、
忘れられる事無く、貴方を、ビルマーだけではなく
世界人々達も、尊敬し英雄と決まっているわよ。
今は。。。。静かで眠れる所を、
JOHN LENNONのIMAGINE歌に抱き込まれて、
雨の中、
別れの言葉を語って行ってくれ。。。
(長井健司さんを神様が見守ってくれるように)
2007年10月8日お葬式で書きました。
YE YINT THET ZWE.

翻訳者 テンテンウ(FWUBC)