Showing posts with label နှစ်သစ်အတွက်ရေးတဲ့ကဗျာ. Show all posts
Showing posts with label နှစ်သစ်အတွက်ရေးတဲ့ကဗျာ. Show all posts

Saturday, January 08, 2011

နှစ်သစ်နိမိတ်

(လွန်ခဲ့တဲ့ လေးနှစ်က ရေးခဲ့တဲ့ကဗျာလေးပါ။
မိတ်ဆွေတယောက်က ပြန်ပို့ ပေးလာလို့  ချစ်သောမိတ်ဆွေများကို ဝေမျှလိုက်ပါတယ်။
နှစ်သက်ကြမယ်ထင်ပါတယ်။)


နှစ်သစ်နိမိတ်

၁။
ညီမလေးရေ
ဆုမတောင်းလိုဘူး
ငါတို့ ချစ်တဲ့တိုင်းပြည်ကြီးအတွက်
နှစ်သစ်မှာ
ကြေမွနေတဲ့ ဘ၀တွေနဲ့  သွေးဝိဥာဉ်တွေကို
တိုင်တည်ရင်းနဲ့ သာ
တိုက်ပွဲကို ဖေါ်ဆောင်သွားမယ် ။

၂။
ညီမလေးရေ
ဒုက္ခများမြစ်ဖျားခံရာ
လူနေမှု စနစ်များ ပြိုလဲပျက်စီးရာ
အကျင့်စာရိတ္တများ ခြစားရာ
မွေးရာပါ လူ့အခွင့်အရေးများဆိတ်သုဉ်းရာ
ပုခုန်းနှစ်ဘက်ကြား ခေါင်းပါသော်လည်း
လူစိတ်မရှိသော လူများအုပ်စိုးရာ
အဲဒီ နိုင်ငံတော်ကြီးဟာ
ငါတို့  မွေးဖွားကြီးပြင်းရာ
ဘူမိနက်သန်ပ ။

၃။
ညီမလေးရေ
ရှည်လျားတဲ့ တော်လှန်ရေးခရီးမှာ
အာဇာနည် အထောင်အသောင်း
သူရဲကောင်းတို့ မွေးဖွားရာ
စွန့် လွှတ် စွန့် စား အနစ်နာခံသူများ ကြီးပြင်းရာ
ခွပ်ဒေါင်းတို့ သမိုင်းများထွန်းတောက်ပြောင်မြောက်ရာ
ယုံကြည်ချက် အကျဉ်းသား
သံမဏိစိတ်ဓာတ် ဓါးသွားများ မီးဆေးရာနေရာ
အဲဒီ နိုင်ငံတော်ကြီး လွတ်မြောက်ဖို့ ရာ
ပြည်တွင်းပြည်ပ ဟန်ချက်ညီ တိုက်ပွဲဝင်မှ
အနာဂတ် လူ့ ဘောင်
နှစ်သစ်မှာခေါင်းထောင်နိုင်လိမ့်မယ် ။
အနာဂတ် လူ့ ဘောင်
နှစ်သစ်မှာ အောင်ပွဲခံနိုင်လိမ့်မယ် ။

ရဲရင့်သက်ဇွဲ ၀၁ ၀၁ ၂၀၀၇