Why Oh why
ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်
ဒီလိုဆောင်းဦးပေါက်ရာသီမှာပဲ
မင်းကိုစတွေ့ခဲ့တာ မဟုတ်ဘူးလား
ဒီလိုဆောင်းဦးပေါက်ရာသီထဲမှာပဲ
မင်းငါ့ကို လွှတ်ချထားခဲ့တာပဲမဟုတ်လား
မင်းရဲ့ရီမောသံလေးတွေဟာ
ပတ္တလား သံသာသာလေးလို
ဒီနေ့အထိငါကြားယောင်နေဆဲပါ
မင်းမရှိတာ ကြာတောင့်ကြာလှပီဖြစ်ပေမယ့်
မင်းရဲ့ကိုယ်သင်းနံ့လေး မွှေးမြနေဆဲပါ
မင်းရဲ့နေရာ မင်းရဲ့အိပ်ယာ အိမ်ထဲမှာဗလာ
ရာသီတွေက ပုံမှန်အတိုင်း လည်ပတ်နေကြတယ်
နွေဦး နွေရာသီတို့ ကုန်ဆုံးလွန်မြောက်
ဆောင်းဦးပေါက်ကို ရောက်ခဲ့ပြီ
မင်းမရှိပေမဲ့ မင်းရှိနေသလိုလို ငါထင်မြင်နေမိ
ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်
မင်းဘာကြောင့် ငါ့ကိုတယောက်ထဲချန်ထားခဲ့တာလည်း
ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်
အနာဂါတ်ကို… ငါ….ကြိုမမြင်ခဲ့ပါဘူး
အနာဂါတ်ကို… ငါ….ကြိုမသိခဲ့ဘူး
အနာဂါတ်ကို… ငါ…….
ငါ့အတွက်ကျန်ခဲ့သမျှဟာ
တမ်းတရတဲ့ အရိပ်ကလေးတွေပါဘဲကွယ်
မင်းရဲ့ပစ္စည်း လေးတွေ အိမ်ထဲမှာ
သူ့နေရာသူ ဆက်သိမ်းထားဆဲပါ
ငါလေ အဲဒိပစ္စည်းလေးတွေကို
တိတ်တဆိတ်ငေးကြည့်နေမိ
ငါမင်းပြန်အလာကိုစောင့်နေပါတယ်ကွယ်
အဲတာထက်ပိုပြီးတော့ငါဘာများတတ်နိုင်မှာတဲ့လည်းလေ
မင်းရဲ့ဆံနွယ်ခွေလေးတွေကိုလက်နဲ့ဖွဖွရှင်းပေးခွင့်လေး တဖန် ပေးပါကွယ်
ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်
ငါ့အတွက်ကျန်ခဲ့သမျှတွေဟာ
တမ်းတရတဲ့အရိပ်ကလေးတှေပါပဲ .....//
No comments:
Post a Comment