Showing posts with label ၁၉ ဂျူလိုင် အမှတ်တရကဗျာ. Show all posts
Showing posts with label ၁၉ ဂျူလိုင် အမှတ်တရကဗျာ. Show all posts

Friday, July 22, 2011

ငါ … မမှီလိုက်တဲ့ မနက်ခင်းအကြောင်း

ငါ … မမှီလိုက်တဲ့ မနက်ခင်းအကြောင်း


အဲဒီနေ့ မနက်ခင်းကို ငါ မမှီ လိုက်ပါဘူး
အမေ့ရဲ့  ဆွေးမြေ့ကြေကွဲ အသံထဲမှာ
လူကိုးဦးရဲ့  ဘ၀ကံကြမ္မာ တိုင်းပြည်ရဲ့  အနာဂတ် ကံကြမ္မာ
အတွင်းဝန်ရုံးထဲက ကမ္ဘာပျက်တဲ့ မြင်ကွင်း
လူကို ခွေးသတ်ခြင်းတဲ့လေ .....။

ကြာခဲ့ပါပြီ .....
ဗမာပြည်က လူတယောက်ရဲ့
ပျှမ်းမျှသက်တမ်း တခုနီးပါး
မူးမူး မေ့မေ့ မေ့ချင်သူတွေ မေ့ကြပါ
မမေ့နိုင်သူတွေ အတွက် မှာတော့
သွေးနဲ့ စိုက်းခဲ့တဲ့ နှင်းဆီတခင်း
ချစ်ချင်းများစွာ ရင်တွင်းမှာ .......။

အာဇာနည်နေ့ တဲ့
သစ္စာတော် စူးရပါစေရဲ့ ကတိက၀တ်များ
ရွာဘုရားပွဲ နှစ်စဉ်နွှဲ သလိုမျိုး
ပြိးတော့လည်း ပြီးသွားခဲ့ကြ
နောက်ဆုံးတနေ့  ရှုံးမယ်ထင်သည်ဖြစ်စေ
နိုင်မယ်ထင်သည်ဖြစ်စေ မလျော့တမ်းဇွဲနဲ့ သွားရမယ်
ငါ ... ကြားတယ် ဗိုလ်ချုပ်ရဲ့  မိန့် ခွန်း ...။

လေးဆယ့်ခုနှစ် နှစ်က ကြေကွဲခြင်းတေးတစ
ဇူလိုင်လကို ယှက်သီ ဖွဲ့ ကုံး
အာဇာနည်ထုံး နှလုံးမူလျက်
ပြည်သူ့ အတွက် ဆက်ချီတက်မယ်
အာဇာနည်မျိုး သေရိုးမရှိ အာဇာနည်မျိုး သေရိုးမရှိ
တိုင်းသူပြည်သား မျိုးချစ်စိတ်ထားတတ်ဘို့ သာလိုတယ် ….။
အာဇာနည်ခေါင်းဆောင်ကြီးများ အားအစဉ် ဦးညွတ်လျက်။

ရဲရင့်သက်ဇွဲ
၁၉၀၇၂၀၁၁