ကျိန်စာ
အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။
အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။
ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉
Showing posts with label သူတို့ ရေးတဲ့ ကဗျာ. Show all posts
Showing posts with label သူတို့ ရေးတဲ့ ကဗျာ. Show all posts
Monday, February 13, 2012
Tuesday, August 17, 2010
မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ
မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ
သံသရာမွှေးမယ့် ရနံ့ ကဗျာစာအုပ်ကို ဇော်ထွဋ်နိုင်သေပြီးတော့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝခဲ့ပါတယ် …။သူ့ရဲ့ ကိုယ်ရေးအကျဉ်းလေးပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်ဗျာ။
အမည်ရင်းမှာ ဇော်ထွဋ်နိုင် ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ ၁၀ရက်နေ့၊ ပျဉ်းမနားမြို့၊ ရန်အောင် ရပ်၊ ရှမ်းကန်အရှေ့ဘက်တွင် အဖ ဦးခင်မောင်ထွေး(ပျဉ်းမနား)၊ အမိ ဒေါ်ခင်မြရင်တို့မှ မွေးဖွားသည်။ ၁၉၉၃၊ ၉၄ တွင် စာပေလောကသို့ ၀င်ရောက်ကာ ဇွဲသတ္တိဂျာနယ် အယ်ဒီတာ အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်တွင် Sport Light ဂျာနယ်အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ မှ ၂၀၀၃ soccer ဂျာနယ် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၅ Four Four Two ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်ထမ်းဆောင်ရင်း ၂၀၀၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ကွယ်လွန်သည်။
ဇနီး ဒေါ်အေးအေးကြူ (ခ) ဒေါ်မေသူခင် နှင့် သမီး မခင်မြတ်နိုးတို့ ကျန်ရစ်သည်။
အကြိုက်ဆုံးကဗျာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ…။
မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ
လူဆိုးသက်သက်တွေချည်း
ဆက်တိုက်လွယ်ခဲ့ရတာ. . .
အမေ. . .ပေါ့။
သားရေ. . .သားလေးရေလို့
ချိုမပြဘဲ မွေးမြူခဲ့ရတာကိုလည်း
အမေ. . .ပေါ့။
ကျွန်တော့် ဒုက္ခတောင်ကုန်းပေါ်
သုခတွေ ရွက်ရွက်ပြီး တက်လာရတာ ၃ နှစ်ကျော်
အစ်ကို့ ဒုက္ခအလုံပိတ်လေးထဲ
သုခတွေ ထွန်းညှိခဲ့ရတာက ၇ နှစ်ကျော်
ဟိုကောင်နဲ့ အသံပဲဆုံခဲ့ရတာက ၁၆ နှစ်ကျော်
ခေါင်းကိုက်ပြီ အမေ
အမေ့ကို ဘယ်ကစပြီး ချစ်ရတယ် ပြောရမှန်းမသိ
တစ်ခုတော့ရှိရဲ့
အငြိမ့်ကြည့် လူရွှင်တော်တွေ တွေ့တိုင်း
အမေ့ကို သတိရ. . .။
ကျွန်တော်တို့နဲ့ အမေဟာ တစ်သင်းတည်းမှ ကစားသူလည်းဖြစ်ခဲ့။
အမေဟာ
ကျွန်တော်တို့ကို အမေဖြစ်အောင် မရွေ့
ကျွန်တော်တို့ကို အမေကဖြစ်အောင် ရွေ့ခဲ့။
နီရင် နီလိုက်
ဆန့်ကျင်ရင် ဆန့်ကျင်လိုက်
ကြွေးကြော်ရင် ကြွေးကြော်လိုက်
တကယ့်လူတွေရှိရာ စီးဆင်းသူ အမေ. . .။
အမှန်တရားမှာ ထိုက်သင့်တဲ့ အချိန်နဲ့ နေရာရှိကြောင်း
ယုံရဲသူ ကျွန်တော်တို့ရဲ့ အမေ။
ကဗျာမရေးပေမဲ့ ကဗျာဆရာကို မွေးသူအမေ
အမေ့ ခြေသလုံးလောက် နှုးညံ့တဲ့ခြေသလုံးမျိုး
စကြ၀ဠာမှာ မနှိပ်နင်းဖူးခဲ့. . .
ဒါ ကျွန်တော်ရဲ့ မေတ္တာဘွဲ့ပေါ့ . . .။
ကျွန်တော်က လီဗာပူးဆို အမေက ပူးပြီးသား
ကျွန်တော်က အာဆင်နယ်ဆို အမေက နယ်ပြီးသား
ကျွန်တော်က ရီးယဲလ်ဆို အမေက ရဲပြီးသား
ဗဲရီးဂွတ်ပါပဲ အမေ။
နည်းနည်းပါးပါး လမ်းလျှောက်နိုင်သေးရင်ဖြင့်
အမေ့ဇာတိရွာကလေးမှာ မြို့တော်က ခြုံစောင်တွေကို
တစ်ခါကလိုပဲ ရွက်ရောင်းချင်သေးပေါ့။
အမေဈေးထွက် မနက်စောလေးထဲ. . .
နေမင်းမျှော်သလို အမေ့ကိုမျှော်ပြီး
တောင်းရမ်းချင်သေးသပါ့။
တစ်လစာ မှောင်နေတဲ့ ဟင်းလျာတွေကို
တစ်ထိုင်တည်း မြည်းစမ်းလိုသေးသပါ့
ကံမကောင်းဘူး အမေရယ်. . .
ခု အမေ့ကို စွန့်ခွာရတော့မယ် သေချာသတဲ့. . .။
သူတော်ကောင်းအမေက ကျန်ရစ်ပြီး
သူယုတ်မာ ကျွန်တော်က လောင်မြိုက်ရမယ်တဲ့. . .။
သံသရာမှာ ကဗျာရေးတဲ့ ခပ်ဆိုးဆိုးကောင်တွေ တွေ့တိုင်း . . .
အမေ့သားဖြစ်မလား နည်းနည်းတော့ သတိထားလိုက်ပါ အမေ. . . ။
တစ်ခါလောက်တော့ အမေ့ကို ပွေ့ဖက်ခွင့် ရချင်ပါသေး. . .။
ဇော်ထွဋ်နိုင်
(ကိုတည်ရ ဘလောဂ်မှ ကူးယူပါသည်။)
သံသရာမွှေးမယ့် ရနံ့ ကဗျာစာအုပ်ကို ဇော်ထွဋ်နိုင်သေပြီးတော့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝခဲ့ပါတယ် …။သူ့ရဲ့ ကိုယ်ရေးအကျဉ်းလေးပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်ဗျာ။
အမည်ရင်းမှာ ဇော်ထွဋ်နိုင် ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ ၁၀ရက်နေ့၊ ပျဉ်းမနားမြို့၊ ရန်အောင် ရပ်၊ ရှမ်းကန်အရှေ့ဘက်တွင် အဖ ဦးခင်မောင်ထွေး(ပျဉ်းမနား)၊ အမိ ဒေါ်ခင်မြရင်တို့မှ မွေးဖွားသည်။ ၁၉၉၃၊ ၉၄ တွင် စာပေလောကသို့ ၀င်ရောက်ကာ ဇွဲသတ္တိဂျာနယ် အယ်ဒီတာ အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်တွင် Sport Light ဂျာနယ်အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ မှ ၂၀၀၃ soccer ဂျာနယ် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၅ Four Four Two ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်ထမ်းဆောင်ရင်း ၂၀၀၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ကွယ်လွန်သည်။
ဇနီး ဒေါ်အေးအေးကြူ (ခ) ဒေါ်မေသူခင် နှင့် သမီး မခင်မြတ်နိုးတို့ ကျန်ရစ်သည်။
အကြိုက်ဆုံးကဗျာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ…။
မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ
လူဆိုးသက်သက်တွေချည်း
ဆက်တိုက်လွယ်ခဲ့ရတာ. . .
အမေ. . .ပေါ့။
သားရေ. . .သားလေးရေလို့
ချိုမပြဘဲ မွေးမြူခဲ့ရတာကိုလည်း
အမေ. . .ပေါ့။
ကျွန်တော့် ဒုက္ခတောင်ကုန်းပေါ်
သုခတွေ ရွက်ရွက်ပြီး တက်လာရတာ ၃ နှစ်ကျော်
အစ်ကို့ ဒုက္ခအလုံပိတ်လေးထဲ
သုခတွေ ထွန်းညှိခဲ့ရတာက ၇ နှစ်ကျော်
ဟိုကောင်နဲ့ အသံပဲဆုံခဲ့ရတာက ၁၆ နှစ်ကျော်
ခေါင်းကိုက်ပြီ အမေ
အမေ့ကို ဘယ်ကစပြီး ချစ်ရတယ် ပြောရမှန်းမသိ
တစ်ခုတော့ရှိရဲ့
အငြိမ့်ကြည့် လူရွှင်တော်တွေ တွေ့တိုင်း
အမေ့ကို သတိရ. . .။
ကျွန်တော်တို့နဲ့ အမေဟာ တစ်သင်းတည်းမှ ကစားသူလည်းဖြစ်ခဲ့။
အမေဟာ
ကျွန်တော်တို့ကို အမေဖြစ်အောင် မရွေ့
ကျွန်တော်တို့ကို အမေကဖြစ်အောင် ရွေ့ခဲ့။
နီရင် နီလိုက်
ဆန့်ကျင်ရင် ဆန့်ကျင်လိုက်
ကြွေးကြော်ရင် ကြွေးကြော်လိုက်
တကယ့်လူတွေရှိရာ စီးဆင်းသူ အမေ. . .။
အမှန်တရားမှာ ထိုက်သင့်တဲ့ အချိန်နဲ့ နေရာရှိကြောင်း
ယုံရဲသူ ကျွန်တော်တို့ရဲ့ အမေ။
ကဗျာမရေးပေမဲ့ ကဗျာဆရာကို မွေးသူအမေ
အမေ့ ခြေသလုံးလောက် နှုးညံ့တဲ့ခြေသလုံးမျိုး
စကြ၀ဠာမှာ မနှိပ်နင်းဖူးခဲ့. . .
ဒါ ကျွန်တော်ရဲ့ မေတ္တာဘွဲ့ပေါ့ . . .။
ကျွန်တော်က လီဗာပူးဆို အမေက ပူးပြီးသား
ကျွန်တော်က အာဆင်နယ်ဆို အမေက နယ်ပြီးသား
ကျွန်တော်က ရီးယဲလ်ဆို အမေက ရဲပြီးသား
ဗဲရီးဂွတ်ပါပဲ အမေ။
နည်းနည်းပါးပါး လမ်းလျှောက်နိုင်သေးရင်ဖြင့်
အမေ့ဇာတိရွာကလေးမှာ မြို့တော်က ခြုံစောင်တွေကို
တစ်ခါကလိုပဲ ရွက်ရောင်းချင်သေးပေါ့။
အမေဈေးထွက် မနက်စောလေးထဲ. . .
နေမင်းမျှော်သလို အမေ့ကိုမျှော်ပြီး
တောင်းရမ်းချင်သေးသပါ့။
တစ်လစာ မှောင်နေတဲ့ ဟင်းလျာတွေကို
တစ်ထိုင်တည်း မြည်းစမ်းလိုသေးသပါ့
ကံမကောင်းဘူး အမေရယ်. . .
ခု အမေ့ကို စွန့်ခွာရတော့မယ် သေချာသတဲ့. . .။
သူတော်ကောင်းအမေက ကျန်ရစ်ပြီး
သူယုတ်မာ ကျွန်တော်က လောင်မြိုက်ရမယ်တဲ့. . .။
သံသရာမှာ ကဗျာရေးတဲ့ ခပ်ဆိုးဆိုးကောင်တွေ တွေ့တိုင်း . . .
အမေ့သားဖြစ်မလား နည်းနည်းတော့ သတိထားလိုက်ပါ အမေ. . . ။
တစ်ခါလောက်တော့ အမေ့ကို ပွေ့ဖက်ခွင့် ရချင်ပါသေး. . .။
ဇော်ထွဋ်နိုင်
(ကိုတည်ရ ဘလောဂ်မှ ကူးယူပါသည်။)
Sunday, June 20, 2010
"မတရားတော့ ဘူးနော်"
> "မတရားတော့ ဘူးနော်"
> ~~~~~~~~~~~~~~~~~~~~~~~~
>
> တချို့ ကတော့ နေကောင်းပါစေတဲ့
> တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့
> တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
> တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ့
> တချို့ ကတော့ ......
> တချို့ က ............. ။ ။
>
> ကျနော်ကတော့ဗျာ
> ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
> အမေ့ မေတ္တာ ငတ်နေရရှာတဲ့
> အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
> တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
> အမြန်ဆုံး တွေ့ ခွင့်
> အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။
>
> တကယ်တော့
> ခင်ဗျားတို့ ရော ကျနော်ရော
> မြန်မာပြည်သူပြည်သားတွေရော
> ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
> ကီလို ပေါ် ကီလို ဆင့်
> ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
> ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
> သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
> "နင်မတရား တော့ ဘူးနော်"
> သြော် မတရားတော့ ဘူးနော်...............
> ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။
>
> ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
> တကယ်တော့လည်း
> သူမ ဟာ ၆၅ နှစ်။ ။
>
> ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)
> ~~~~~~~~~~~~~~~~~~~~~~~~
>
> တချို့ ကတော့ နေကောင်းပါစေတဲ့
> တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့
> တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
> တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ့
> တချို့ ကတော့ ......
> တချို့ က ............. ။ ။
>
> ကျနော်ကတော့ဗျာ
> ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
> အမေ့ မေတ္တာ ငတ်နေရရှာတဲ့
> အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
> တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
> အမြန်ဆုံး တွေ့ ခွင့်
> အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။
>
> တကယ်တော့
> ခင်ဗျားတို့ ရော ကျနော်ရော
> မြန်မာပြည်သူပြည်သားတွေရော
> ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
> ကီလို ပေါ် ကီလို ဆင့်
> ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
> ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
> သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
> "နင်မတရား တော့ ဘူးနော်"
> သြော် မတရားတော့ ဘူးနော်...............
> ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။
>
> ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
> တကယ်တော့လည်း
> သူမ ဟာ ၆၅ နှစ်။ ။
>
> ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)
Thursday, May 27, 2010
အာရုံကမ္ဘာမှာ
အာရုံကမ္ဘာမှာ
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
ကောင်းကင်ဆိုတာက အမြင့်မြတ်ဆုံးစင်ကြယ်နေမှ ။
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
မြေပြင်ဆိုတာက အရိုးသားဆုံး သန့်စင်နေမှ ။
မိတ်ဆွေတို့
သူရဲကောင်းဆိုတာ
အကြောင်းမဲ့အသက်စွန့်မှုကြီးမဟုတ်ဘူး
လိုအပ်တဲ့အခါ လိမ်လိမ်မာမာနဲ့
လက်နက်ချတတ်ဖို့လိုတယ်။
ချစ်သူတို့
အိမ်မက်မှာ တိတ်ဆိတ်မနေပါနဲ့
အကျယ်လောင်ဆုံး ရဲရင့်ကြ။
ဒီမိုကရေစီဆိုတာ
အာဏာရူးတွေအတွက်
နွေခေါင်ခေါင်မှာ ဝတ်ရတဲအနွေးထည်
လက်နက်ရှိလို့ လက်ခုပ်သံရတာ
အောင်မြင်မှု စစ်စစ်မဟုတ်ဘူး ။
လက်နက်ရှိသူတွေက
လက်နက်မဲ့လူသားအားလုံးကို
ထွေးပွေ့ထားနိုင်တာဟာ
အောင်မြင်မှု စစ်စစ်ဖြစ်တယ်။
အမုန်းတွေကို အခုချက်ချင်း
မီးသဂြိင်္ဟပြစ်ကြ
မေတ္တာတရားသာ ပစ္စုပ္ပန်နဲ့အနာဂါတ်အတွက်
အားဖြစ်မှာ။
အာရုံကမ္ဘာမှာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
အာရုံကမ္ဘာမှာ
ကျနော် စောဝေပါ။
ကိုစောဝေ ထောင်တွင်းမှရေးလာသော ကဗျာကို ထောင်ကလွတ်လွတ်ခြင်း ရွတ်ပြခဲ့တဲ့ ရင်တွင်းဖြစ်ကဗျာပါ
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
ကောင်းကင်ဆိုတာက အမြင့်မြတ်ဆုံးစင်ကြယ်နေမှ ။
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
မြေပြင်ဆိုတာက အရိုးသားဆုံး သန့်စင်နေမှ ။
မိတ်ဆွေတို့
သူရဲကောင်းဆိုတာ
အကြောင်းမဲ့အသက်စွန့်မှုကြီးမဟုတ်ဘူး
လိုအပ်တဲ့အခါ လိမ်လိမ်မာမာနဲ့
လက်နက်ချတတ်ဖို့လိုတယ်။
ချစ်သူတို့
အိမ်မက်မှာ တိတ်ဆိတ်မနေပါနဲ့
အကျယ်လောင်ဆုံး ရဲရင့်ကြ။
ဒီမိုကရေစီဆိုတာ
အာဏာရူးတွေအတွက်
နွေခေါင်ခေါင်မှာ ဝတ်ရတဲအနွေးထည်
လက်နက်ရှိလို့ လက်ခုပ်သံရတာ
အောင်မြင်မှု စစ်စစ်မဟုတ်ဘူး ။
လက်နက်ရှိသူတွေက
လက်နက်မဲ့လူသားအားလုံးကို
ထွေးပွေ့ထားနိုင်တာဟာ
အောင်မြင်မှု စစ်စစ်ဖြစ်တယ်။
အမုန်းတွေကို အခုချက်ချင်း
မီးသဂြိင်္ဟပြစ်ကြ
မေတ္တာတရားသာ ပစ္စုပ္ပန်နဲ့အနာဂါတ်အတွက်
အားဖြစ်မှာ။
အာရုံကမ္ဘာမှာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
အာရုံကမ္ဘာမှာ
ကျနော် စောဝေပါ။
ကိုစောဝေ ထောင်တွင်းမှရေးလာသော ကဗျာကို ထောင်ကလွတ်လွတ်ခြင်း ရွတ်ပြခဲ့တဲ့ ရင်တွင်းဖြစ်ကဗျာပါ
Tuesday, May 25, 2010
“ဒွိဟသားကောင်”
“ဒွိဟသားကောင်”
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
Saturday, May 15, 2010
ရေစောင်းထက်ချိန်
ရေစောင်းထက်ချိန်
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
Friday, December 18, 2009
မဟူရာကောင်းကင်အတွက် ရွှေရောင်ချည်တမ်းချင်း
မဟူရာကောင်းကင်အတွက်
ရွှေရောင်ချည်တမ်းချင်း
သန်းကောင်ထက်တော့
ညဉ့်မနက်ပါဘူးတဲ့
ဆိုရိုးစကားထားခဲ့ငြားလည်း
ဒို့ တိုင်းရွှေပြည်တော်မှာတော့
သန်းခေါင်ထက်နက်တဲ့ ညဉ့်ရောင်က
ပိန်းပိတ်အောင်မှောင်လို့
ကြယ်ရောင်လဲမရှိ
လရောင်နတ္တိနဲ့ပေါ့ ၊။
တခါ တခါ
လင်းကနဲ လက်ကနဲ
အလင်းမွဲမွဲလေးမြင်မိလို့
မျှော်လင့်တကြီး
အနားတိုးကြည့်မိတော့
တွေ့ ဆုံဆွေးနွေုးရေးအတွက်
တွေ့ဆုံ ဆွေးနွေးပေးမယ့်
ပိုးစုန်းကြူးလေးတွေပဲ ။
အဲဒါကလည်း
မှိတ်တခါ ပျောက်တလှည့်
ဖမ်းရခက် ဆုပ်ရခက်ပါဘိနဲ့
ဝမ်းနည်းရမလို ၀မ်းသာရမလို
အမျိုးမျိုး အမူပိုလို့  ။
တိုင်းဝေးပြည်ခြားက
ဒုက္ခသည် ဒို့ပြည်သားတွေမှာတော့
ဆူးကြားထဲက ဘူးခါးများလို
ရှေ့တိုးလို့လဲ နေရဘို့မမျှော်ရဲ
နောက်ဆုတ်လို့လဲ ပြန်ရမှာ မ၀ံ့မရဲနဲ့မို့
သန်းကောင်ထက်နက်တဲ့ ညဉ့်ယံတွေမှာ
အာရုဏ်ဉီးရဲ့ရှေ့ပြေး
ရောင်ချည်မျှင် ခပ်ရေးရေးပဲဖြစ်ဖြစ်
တောင့်တောင့်တတ
မြင်ခွင့်ရချင်ပါရဲ့
ချစ်စွာသော အို ... ကောင်းကင် ။
သီတာအောင်
၉ - ၁၂ - ၂၀၀၉
ရွှေရောင်ချည်တမ်းချင်း
သန်းကောင်ထက်တော့
ညဉ့်မနက်ပါဘူးတဲ့
ဆိုရိုးစကားထားခဲ့ငြားလည်း
ဒို့ တိုင်းရွှေပြည်တော်မှာတော့
သန်းခေါင်ထက်နက်တဲ့ ညဉ့်ရောင်က
ပိန်းပိတ်အောင်မှောင်လို့
ကြယ်ရောင်လဲမရှိ
လရောင်နတ္တိနဲ့ပေါ့ ၊။
တခါ တခါ
လင်းကနဲ လက်ကနဲ
အလင်းမွဲမွဲလေးမြင်မိလို့
မျှော်လင့်တကြီး
အနားတိုးကြည့်မိတော့
တွေ့ ဆုံဆွေးနွေုးရေးအတွက်
တွေ့ဆုံ ဆွေးနွေးပေးမယ့်
ပိုးစုန်းကြူးလေးတွေပဲ ။
အဲဒါကလည်း
မှိတ်တခါ ပျောက်တလှည့်
ဖမ်းရခက် ဆုပ်ရခက်ပါဘိနဲ့
ဝမ်းနည်းရမလို ၀မ်းသာရမလို
အမျိုးမျိုး အမူပိုလို့  ။
တိုင်းဝေးပြည်ခြားက
ဒုက္ခသည် ဒို့ပြည်သားတွေမှာတော့
ဆူးကြားထဲက ဘူးခါးများလို
ရှေ့တိုးလို့လဲ နေရဘို့မမျှော်ရဲ
နောက်ဆုတ်လို့လဲ ပြန်ရမှာ မ၀ံ့မရဲနဲ့မို့
သန်းကောင်ထက်နက်တဲ့ ညဉ့်ယံတွေမှာ
အာရုဏ်ဉီးရဲ့ရှေ့ပြေး
ရောင်ချည်မျှင် ခပ်ရေးရေးပဲဖြစ်ဖြစ်
တောင့်တောင့်တတ
မြင်ခွင့်ရချင်ပါရဲ့
ချစ်စွာသော အို ... ကောင်းကင် ။
သီတာအောင်
၉ - ၁၂ - ၂၀၀၉
Monday, July 27, 2009
ဘာပြန်ပေးကြမှာလဲ
ဘာပြန်ပေးကြမှာလဲ
သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။
သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။
သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။
သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။
သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။
သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။
သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။
သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။
သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။
သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊
သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။
သီတာအောင်
(မတရားဖမ်းဆီးထိမ်းသိမ်းခြင်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားရည်စူးရေးဖွဲ့ပါသည်။)ဘာပြန်ပေးကြမှာလဲ
သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။
သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။
သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။
သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။
သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။
သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။
သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။
သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။
သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။
သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊
သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။
သီတာအောင်
(မတရားဖမ်းဆီးထိမ်းသိမ်းခြင်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားရည်စူးရေးဖွဲ့ပါသည်။)ဘာပြန်ပေးကြမှာလဲ
Monday, March 16, 2009
ကဗျာဆရာ နလန်မထူနိုင်တဲ့ ည
ကဗျာဆရာ နလန်မထူနိုင်တဲ့ ည
ဝသန်
အဲဒီတည
ယိမ်းထိုးကလိုက်ကြတာ
ကဗျာဆရာတောင် နလန်မထူနိုင်တော့ဘူးတဲ့။
ပြောရက်လိုက်တာ
မောမောနဲ့ကနေသူတွေကို
ဘယ်လိုခံစားချက်နဲ့ ‘မုဒ်’သွင်းလို့ရမှာလဲတဲ့။
ရှု့ ခင်းကတော့ လှပါရဲ့
မလှတာက လူတွေဆိုပါလား
တယောက်မျက်နှာ တယောက်ကြည့် ကပါဆိုတော့
ဒီမျက်နှာကြီးကို ဘယ်လိုကြည့်ပြီး ကရပါ့မလဲတဲ့။
များများ‘က’ရင် ဗိုက်ကျတယ်ဆိုသူကရှိသေး
တခါတလေ အဲလိုကခုန်လိုက်တော့ ပေါ့သွားတယ်လို့ ဆိုသူကဆိုနဲ့
ဖန်ခွက်ကိုင်၊ ပုလင်းကိုင်
ထိုင်လိုက် ထလိုက် တချို့ကတော့ ငိုက်စိုက်
အဲလို ကနေလိုက်ကြတာကိုကြည့်ရင်း
ကဗျာဆရာ ကောက်ချက်ချဆိုလိုက်ပုံက
ဘုရားသခင် ဗျာဒိတ်ပေးခဲ့တဲ့
ကမ္ဘာပျက်မဲ့နေ့ဟာ ဒီလိုညမျိုး ဖြစ်မယ်ထင်တယ်တဲ့လေ။
ခြောက်ကြိမ်မြောက် နောက်ဆုံးည အမှတ်တရသို့
ဝသန်
အဲဒီတည
ယိမ်းထိုးကလိုက်ကြတာ
ကဗျာဆရာတောင် နလန်မထူနိုင်တော့ဘူးတဲ့။
ပြောရက်လိုက်တာ
မောမောနဲ့ကနေသူတွေကို
ဘယ်လိုခံစားချက်နဲ့ ‘မုဒ်’သွင်းလို့ရမှာလဲတဲ့။
ရှု့ ခင်းကတော့ လှပါရဲ့
မလှတာက လူတွေဆိုပါလား
တယောက်မျက်နှာ တယောက်ကြည့် ကပါဆိုတော့
ဒီမျက်နှာကြီးကို ဘယ်လိုကြည့်ပြီး ကရပါ့မလဲတဲ့။
များများ‘က’ရင် ဗိုက်ကျတယ်ဆိုသူကရှိသေး
တခါတလေ အဲလိုကခုန်လိုက်တော့ ပေါ့သွားတယ်လို့ ဆိုသူကဆိုနဲ့
ဖန်ခွက်ကိုင်၊ ပုလင်းကိုင်
ထိုင်လိုက် ထလိုက် တချို့ကတော့ ငိုက်စိုက်
အဲလို ကနေလိုက်ကြတာကိုကြည့်ရင်း
ကဗျာဆရာ ကောက်ချက်ချဆိုလိုက်ပုံက
ဘုရားသခင် ဗျာဒိတ်ပေးခဲ့တဲ့
ကမ္ဘာပျက်မဲ့နေ့ဟာ ဒီလိုညမျိုး ဖြစ်မယ်ထင်တယ်တဲ့လေ။
ခြောက်ကြိမ်မြောက် နောက်ဆုံးည အမှတ်တရသို့
Subscribe to:
Posts (Atom)