Sunday, June 20, 2010

"မတရားတော့ ဘူးနော်"

> "မတရားတော့ ဘူးနော်"
> ~~~~~~~~~~~~~~~~~~~~~~~~
>
> တချို့ ကတော့ နေကောင်းပါစေတဲ့
> တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့
> တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
> တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ့
> တချို့ ကတော့ ......
> တချို့ က ............. ။ ။
>
> ကျနော်ကတော့ဗျာ
> ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
> အမေ့ မေတ္တာ ငတ်နေရရှာတဲ့
> အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
> တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
> အမြန်ဆုံး တွေ့ ခွင့်
> အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။
>
> တကယ်တော့
> ခင်ဗျားတို့ ရော ကျနော်ရော
> မြန်မာပြည်သူပြည်သားတွေရော
> ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
> ကီလို ပေါ် ကီလို ဆင့်
> ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
> ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
> သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
> "နင်မတရား တော့ ဘူးနော်"
> သြော် မတရားတော့ ဘူးနော်...............
> ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။
>
> ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
> တကယ်တော့လည်း
> သူမ ဟာ ၆၅ နှစ်။ ။
>
> ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)

No comments: