နှစ်ဆယ့်သုံးနှစ် စစ်တမ်း
ဟိုတစ သည်တစ
ဟိုဘ၀ သည်ဘဝ
တဖျောင်းဖျောင်းကျိုးကြေမွသံ
တတိုင်းပြည်လုံး ဘ၀ဂ်ထိညံခဲ့ပြီးနောက်
ဒီကနေ့ စာမျက်နှာပေါ်က ပြန်ပြောင်းသတိရမှုမီးလျှံများ
မကျေခဲ့သော တာဝန်များအတွက်
ဘ၀အဆက်ဆက် (ငါတို့ ကို )
တောက်လောင်မယ့်မီးပဲဖြစ်တယ် ..။
နှစ်ဆယ့်သုံးနှစ်လုံးလုံး
အရိုးတွန်သံတွေကြားမှာ
ရှက်ဖွယ်လိလိ ရှင်သန်နေခဲ့ရပုံများ
ကိုယ့်မျက်နှာ ကိုယ်မကြည့်ရဲလောက်အောင်ပဲ …။
အတိတ်အကြောင်း ပြန်ပြောင်းတွေးတိုင်း
ခံပြင်း နာကျည်း ကြေကွဲ
ပြန်ပြောပြတဲ့ပွဲလား
တစတစ နှစ်ကာလကြာလာတဲ့အခါ
ပြဇာတ်ဆံသလို ငါ့ မှာခံစားလာရ
ပေးဆပ် စွန့် လွှတ်သူများရဲ့  လိုအင်ဆန္ဒ
ရေစုံမျောရတော့မှာလား
ရွှေဘုန်းလူရဲ့  ကဗျာတစ
ဒီနေရာနဲ့  အံဝင်ခွင်ကျဖြစ်ရဲ့ …….
ဒါပါ ပဲ …..
နှစ်ဆယ့်သုံးနှစ်ရဲ့  စစ်တမ်း
ညစ်ညမ်းသော အတွေးအခေါ်များ
ကွမ်းတရာ ရေတမှုတ်နဲ့ 
မအိုဇာဇာတ် ခင်းချင်သူများ
ယာတောအလယ် ငါပြောမယ် ရှင်ရွှေဘုရင်ရဲ့ 
ငိုချင်းချလိုသူများ
ယောင်တောင်တောင် ကြောင်တောင်တောင်နှင့်
ယုံထင်ကြောင်ထင်ခံရ ပူးသတ်မည့်သူများ
ခွါသတ်မည့်သူများ သတိတရရှိကြ
သေသူရဲ့ အရိုးတွေက
၇ှင်သူကို ဘာလုပ်၇မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့  ဆိုရမယ် (ရွှေဘုန်းလူ)
အဲဒီသမိုင်းက မွေးဖွား
တပ်ဦးဟာ နှစ်ဆယ့်သုံးနှစ်သား
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲပါပဲ ……..။
(ရှစ်လေးလုံး ၂၃ နှစ်ပြည့်နှင့် ကျောင်းသားတပ်မတော်မွေးဖွားခြင်း၂၃နှစ်ပြည့်သို့ 
နှင့် ဒီမိုကရေစီအရေးတော်ပုံကြီး ၂၃ နှစ်ပြည့်)
ရဲရင့်သက်ဇွဲ
၀၄၀၈၂၀၁၁
Showing posts with label အမှတ်တရကဗျာ. Show all posts
Showing posts with label အမှတ်တရကဗျာ. Show all posts
Sunday, September 18, 2011
Saturday, June 11, 2011
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
သေခြင်းတရားဆိုတာ
မသိချင်ယောင်ဆောင်လို့  မရတဲ့အရာ
လောကကြီးထဲမှာ အစိပ္ပါယ်ရှိသော
သေချင်းတရားများ
လူသာမန်တို့  လက်ခံရင်ဆိုင်နိုင်ရန်
ကိုယ်ခံအားကောင်းဘို့ တော့လိုတယ် ။
ခေတ်ကတောင်းဆိုလို့ သမိုင်းကတင်ပေးလိုက်တဲ့
တာဝန်များကို သယ်ပိုး
အစိပ္ပါယ်ရှိသော သေချင်းမျိုးနဲ့ 
ဘ၀ကို အနိုင်ပိုင်းရိုက်ချိုးသွားချင်တယ် …။
ငါ ယုံတယ်
ကြိုးစင်ပေါ်ကကြိုး လေအဝှေ့ မှာ
ယိမ်းနွဲ့ ခါရမ်းနေကောင်းနေမယ်
သူ့ရင်ထဲမှာတော့ နဲနဲလေးမှ မတုန်လှုပ်
သေချင်းတရားကို ရှုမြင်သွားပုံက
ပန်းတပွင့်  ပွင့် ကြွေ
အုပ်စိုးသူလူတန်းစားကို မုန်းတီးမှုက
ရင့်လေ ခိုင်မြဲလေ …။
အဲဒီနေ့ က ကမ္ဘာမြေဟာ နာကျည်းကြေကွဲဘွယ်ရာ
တေးသွားတပုဒ်ကို ထပ်ခါတလဲလဲ လွှင့်ထုတ်နေတယ်
အဲဒီနေ့ အတွက် ငါ…
မောင်လေးအောင်ရဲ့ ဖူးချစ်ကသင်တို့ ကို ချစ်ခဲ့သည်
ကဗျာတေးသွားအကြိမ်ကြိမ် ပြန်ကြားနေမိတယ်
ကြိုးစင်ပေါ်ကမှတ်တမ်းများ ကြောက်ခမန်းလိလိ
ငါ့ကို ရိုက်ပုတ်နေတော့တယ် …။
ရိုင်ဖယ်သေနတ်မောင်းတင်လာသူများ
မသာလောင်းတွေပေါ်မှာ
အာဏာထူထောင်ချင်တဲ့ကောင်တွေ နဲ့
လက်ဆွဲနှုတ်ဆက်မေ့လျော့ပစ်ဖို့ အလိုမရှိ။ အလိုမရှိ--- အလိုမရှိ -
--ဒီနေရာ ဒီဋ္ဌာန မှာ တရားမျှတမှုကိုသာတောင်းဆိုတယ်
နားထောင်စမ်းရဲဘော် တို့---
မကြာခင် ပြည်သူ့အလံတော် ဝဲပျံလာလိမ့်မယ်။
လှိုင်းတံပိုးလို ခုန်ထ
တို့ တိုင်းပြည်ရဲ့ အလံတော်ကို ကြေကွဲခြင်းအဝတ်စနဲ့ ချုပ်သီခဲ့ကြပြီ --- တဲ့
ချီလီ ကဗျာဆရာ ဗတ်ပလိုနီရူးဒါးရဲ့“ပြည်သူ့အလံတော်” ကဗျာထဲမှာ
ငါတို့ ရဲ့  နောင်တော် ဆလိုင်းတင်မောင်ဦးရဲ့  ရုပ်ပုံပေါ်လာတယ် ..။
အားလုံးအတွက် တိုက်ပွဲခေါ်သံ
ကြိုးစင်ပေါ်က လာတဲ့အသံ
ခေတ်တွေကိုပိုင်းဖြတ် ပဲ့တင်ရိုက်ခတ်နေဆဲ
သူဟာ တိုင်းပြည်အတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ ဗကသရဲ့ 
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ မျိုးဆက်တိုင်းအတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
အဲဒိ သူရဲကောင်းရဲ့ စိတ်ဓာတ်နဲ့ 
အောင်ပွဲရသည့်အထိ တိုက်ပွဲဆက်ရမယ်။
ငါ ယုံတယ် ..
သူဟာ … ဆလိုင်းတင်မောင်ဦးဆိုတဲ့ သူရဲကောင်းကြီးဟာ
ကြိုးစင်ပေါ်မှာလည်း အပြုံးမပျက် တဲ့
သံမဏိစိတ်ဓာတ်နဲ့ 
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ …။
ရဲရင့်သက်ဇွဲ
၂၆၀၅၂၀၁၁

Tuesday, December 07, 2010
၉၆ ဒီဇင်္ဘာတမ်းခြင်း
မသေသောစိတ်ဓာတ်များ
မှတ်ကျောက်တင်ရာ
မတရားမှုပြုသူများ
ကြောက်ဒူးတုန်ရာ
ကိုယ့်လိပ်ပြာကိုယ်မလုံသူများ
စိတ်ယောက်ယက်ခတ်ရာ
အို … ဒီဇင်္ဘာ …..။
နီစွေးသောသွေးတို့ ရဲ့ 
တိုက်ပွဲခေါ်သံ
ခေတ် စနစ် အသစ်
အသစ် အသစ် အသစ်
ပညာတွေ သစ်စေဘို့ 
လူနေမှုတွေ သစ်စေဘို့ 
ဟောင်းနွမ်းတဲ့အတွေးအခေါ်များ သစ်စေဘို့ 
မိစ္ဆာတို့ ရဲ့ ရင်ကိုဖေါက်ထွင်း
မြားအစင်းစင်း ပြစ်ခွင်းခဲ့ရာ
အို … ဒီဇင်္ဘာ …..။
နားစွင့်ထားကြ
တဟုန်ထိုး ပျံသန်းလာတဲ့
ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ
ကြားကြရဲ့ လား …
ကြားကြရဲ့ လား …
သင်တို့ ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်ထားကြ
သင်တို့ ရဲ့ ရင်ဘတ်တွေနဲ့ ဆီးကြိုပွေ့ ဖက်ကြ …..။
လမ်းမပေါ်က သွေးစက်တွေဟာ
သင်တို့ ရဲ့ ခန္ဓာကိုယ်ထဲကသွေးတွေနဲ့  ထပ်တူထပ်မျှသာပ
မြင့်မြတ်သူတို့ ရဲ့  ယုံကြည်ချက်အောင်လံတော်
စစ်အာဏာရှင်တို့ ရဲ့  အလောင်းတွေအပေါ်
တလူလူလွှင့်ရမှာပေါ့ ညီအကိုတို့ရာ
အို … ဘယ့် ဒီဇင်္ဘာ …..။
(စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်)
ရဲရင့်သက်ဇွဲ ၄ ၁၂ ၂၀၁၀

Subscribe to:
Posts (Atom)