Showing posts with label သူတို့ ရေးတဲ့ ကဗျာ. Show all posts
Showing posts with label သူတို့ ရေးတဲ့ ကဗျာ. Show all posts

Sunday, March 21, 2010

ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်

ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
(အောင်ဝေး)

မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။

ပျဉ်းမနားက၊မန္တ​လေးက
တောင်ငူက၊ရန်ကုန်က
မုံရွာက၊မကွေးက
ပဲခူးက၊စစ်ကိုင်းက
တောင်ပိုင်းက၊မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။


ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။

ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။

ငမိုးရိပ်မှမစ်ရှီဂန်သို့ 
ဧရာဝတီမှမစ္စ စ္စ​ပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။

မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။

ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။

ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။

ကျနော်တို့ ရှေ့ ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။

ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။

ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။

ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။

အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။

ရန်သူကရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။

အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာကကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။

ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။

မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။

၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)

ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှနွံမနစ်။

ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့ အသံ
ဘယ်တော့မှအလံမလှဲ။

ကဗျာတစ်ပုဒ်
ထောင်အုတ်ရိုးကိုကျိုးစေနိုင်ရဲ့ ။

ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။

ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။

ကဗျာဆရာတို့ 
ဖောင်ပျက်ကိုဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွှဲလော့။

ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ပြည်ပက
ထောင်ထဲက၊အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။

မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာပြန်ဝေဖို့ 
အို...ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကိုအမှတ်ရစေတယ်။ ။

အောင်ဝေး
မတ် ၁၉၊၂၀၁၀
ု်
်



Friday, October 02, 2009

“သေနတ်တလက်ရဲ့ ဖြောင့်ချက်”

“သေနတ်တလက်ရဲ့ ဖြောင့်ချက်”

ငါ့
ခန္ဓာကိုယ်ထဲမှာ
ကျည်ဆံတတောင့်ရှိတယ်
အဲဒီကျည်ဆံထဲမှာ
သံလွင်ခက်ချီထားတဲ့
ငြိမ်းချမ်းရေးချိုးငှက်ရဲ့
နောက်ဆုံးထွက်သက်ရှိတယ်

တိန့်ရှောင်ဖိန်ရဲ့
ကမ္ဘာကျော်စကားတခွန်းရှိတယ်
ဝံပုလွေလာဆင်ရဲ့ သြ၀ါဒရှိတယ်
ဉီးနေ၀င်းရဲ့ နောက်ဆုံးမိန့်ခွန်းရှိတယ်
ငါဟာ
သက်မဲ့ဖြစ်တယ်
သင်တို့ဟာ သက်ရှိဖြစ်တယ်
သင်တို့ဟာ ငါ့ကိုမုန်းဖို့မလို
သင်တို့ရင်ထဲက‘အကြောက်တရား’ကိုသာ
မုန်းဖို့လိုတယ် ၊


နတ်ဆိုး

(ဉဒေါင်းတို့၏အိတ်ဖွင့်ပေးစာ ကဗျာစာအုပ်မှ)

Tuesday, June 30, 2009

“အမေစုသို့  ၀န်ခံခြင်း”

“အမေစုသို့  ၀န်ခံခြင်း”

အမေရေ
သူစိမ်းကောင်းတယ်ဆိုတာ
ဆွေမျိုးမုန်းသလောက်ရှိသတဲ့၊
ရှေးမြန်မာစကား
ကြားဖူးထားပါရဲ့  ။

အခုများတော့
ဆွေမျိုးက နှိပ်စက်
သူစိမ်းလက်မှာခိုလှုံ
အဖြစ်တွေက အမျိုးစုံလှပေါ့ ။


အသနား ခံလိုခံ
အကြံအဖန်လုပ်လိုလုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒုက္ခ္ခသည်တွေလုပ် ။

အိမ်ရှင်က ငြို ငြင်
ပြန်ပါပြန်ပါ နှင်တဲ့ကြားက
နေမယ်နေမယ်ဆိုတဲ့ စကားနဲ့
အကြောင်းတွေအမျိုးမျိုးပြ
နေခွင့်ရဖို့ ကြိုးစား
ရှေ့ မျက်နှာ နောက်ထားလို့ 
အမေ့ သားသမီးတွေအဖြစ် ။

အရင်းစစ်တော့
အမြစ်မြေက ဆိုသလိုပ
ရာသီဉတု အစ
ဘာသာစကားအဆုံး
လုံးလုံးမှ မတူတဲ့အရပ်
ဘယ်သူက နေတတ်မှာတုန်း ။

ရေအကြည် မြက်အနုတွေ့တဲ့
ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
အလဇ္ဇီတွေက အုပ်ချုပ်
ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။

အမေရေ
ဒီမိုကရေစီဆိုတာကြီး
အမြန်ရပြီး
အမေကအုပ်ချုပ်
သားသမီးတွေက အလုပ်လုပ်လို့ 
ပျော်ပျော်ကြီး ပြန်ဆုံရအောင်
တော်တော်ခရီးလှမ်းသေးပေမယ့်
ကျနော်တို့ မညည်းတမ်းပါပဲ
ပန်းတိုင်ရောက်တဲ့အထိ
လမ်းခိုင်ခိုင်လျှောက်မယ် အမေ ၊၊

မသီတာအောင်(တိုကျို)


(ကမ္ဘာ့နိုင်ငံ အနှံ့ အပြားသို့  ဒုက္ခသည်များအဖြစ်ရောက်ရှိ
နေသော မြန်မာနိုင်ငံသားများကိုယ်စား ခံစားရေးဖွဲ့ ပါသည်။)

Friday, June 05, 2009

ကြုံရင်

ကြုံတဲ့အခါ
ကဗျာ ခံစားရင် ၊ နတ်ရှင်နောင်က
ဗြစ်ရေ ချစ်သတဲ့ သား။
ကြုံတဲ့အခါ
ဖာနဲ့ ပျော်ပါးတော့
အဖေက ဘော့လုံးပွဲလည်း ကြိုက်တာပဲလားတဲ့။

ကြုံတဲ့အခါ
ကာတွန်းကားကြည့်တယ်၊
သားက
အဖေက ဟီးရိုးမဟုတ်ပါဘူးတဲ့။

ကြုံတဲ့အခါ
မာမာအေးသီချင်း ကြားတယ်၊
နားဆင်ရသမျှ၊
အလွမ်း ၊ မျက်ရည် ၊ ရှိုက်သံ
ကံကြမ္မာကိုက မင့်အဖေဖြစ်ခဲ့တာလေ။

ကြုံတဲ့အခါ
အနဂ္ဂ ၊ ဘာဘူတို့ရဲ့ ဂီတသစ်
ခံစားရတယ်။
သားက
ထိတယ် ၊ မိတယ်၊ ငြိတယ်၊
ရှင်းပြတ်တယ်တဲ့။
အဖေ နှုတ်ဆိပ်ခဲ့တယ်။

ကြုံတဲ့အခါ
ဗမာဗွီဒီယိုကားတွေကြည့်တဲ့အခါ
ထမင်းစားတယ်၊ ကုန်တိုက်သွားတယ်
ကားမောင်းမယ်၊ ကားစီးတယ်၊
တိုက်နဲ့ ခြံနဲ့၊ အသည်းကွဲတယ်
ဇာတ်ပို့တွေက သူငယ်ချင်းနဲ့ လူပျက်
မျက်ရည်က ကမ်းပြိုအိ
မချိတင်ကဲ၊ ငိုရှိုက်ကြတယ်။
သားက ပြောတာ
ဗမာတွေက အငိုသန်တဲ့ လူမျိုးလားတဲ့။

ကြုံတဲ့အခါ
ဘလော့ဂ်ဂါတွေရဲ့
ရင်ခုန်အက်ကြေ၊ ဝေဒနာတွေ ဖတ်ရ
နှလုံးကွာ ရင်ဝေး ၊ အဆွေးက
အဘိဓမ္မာ ကဗျာမဖြစ်တော့ပါဘူး သားရယ်ပေါ့။

ကြုံတဲ့အခါ
ကိုယ့်ဖာသာကို ၊ ရေမှာကြည့်မိတဲ့အခါ
ဂျိုကာတကောင် ဆွဲတက်တယ်။ ။

မောင်လွမ်းဏီ
၁ ၆ ၀၉