Friday, July 30, 2021

အဲဒီလမ်း‌လေးအ‌ပေါ်မှာ

အဲဒီလမ်းကလေးအပေါ်မှာ

 

ညမရှိတဲ့ ကောင်းကင်

ကောင်းကင်မရှိတဲ့လ

ကြုံဘူးကြရဲ့ လား၊

အလင်းမဲ့နေ့ များမှာ

ငါတို့ ရဲ့ အတ္တတွေကို

လောင်စာတခုလိုအသုံးချ

အားလုံးအတွက်

ယုံကြည်ချက်နဲ့  ၀င်းလက်တောက်ပနေခဲ့ဘူးတယ် ။

 

အခုများမှာတော့

ကွေးသောလက် မဆန့် မှီ

ဆန့် သောလက် မကွေးမှီ

ခေါက်ရှာငှက်တို့ရဲ့ ပျံသန်းမှုမှာ

ဘ၀ဟာပျော်ဝင်တယ်

အသက်က

ညာဏ်ရဲ့စေစားရာအတိုင်းရှင်သန်တယ်

အမေကတော့

မျှော်လင့်ချက်အကုန်လုံး

သားပြန်လာမယ့်

ဟောဒီ..လမ်းလေးအပေါ် ပုံထားတုန်းပဲ ။

 

တနေ့ တာရဲ့

နောက်ဆုံး အလင်းရောင်အကွယ်မှာ

ဘုရားစင်ရှေ့က ရှိုက်သံဟာ

လမ်းကလေးအပေါ်မှာ ပဲ့တင်ထပ်လို့ 

ချိုးဖြူငှက်တို့ ရဲ့ တောင်ပန်ခတ်သံမှာ ပဲ့တင်ထပ်လို့ 

ခွပ်ဒေါင်းတို့ ရဲ့ တောင်ပန်ခတ်သံမှာ ပဲ့တင်ထပ်လို့ 

သားပျောက်မိခင်တို့ ရဲ့ ရင်မှာ ပဲ့တင်ထပ်လို့ 

ပဲ့တင်ထပ်လို့ ...ပဲ့တင်ထပ်လို့...ပဲ့တင်ထပ်လို့ ...

 

(ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက်အသက်စွန့် 

သွားခဲ့ကြသော သူရဲကောင်းအပေါင်းနှင့်မိခင်များသို့ )

 

ရဲရင့်သက််််ဇွဲ

































































































































































No comments: