Saturday, July 31, 2021

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။ ပြည့်ဝန်းတဲ့လဟာ ညအမှောင်မှာ နီရောင်သန်းနေပေါ့ နှစ်ဝါထပ်သတဲ့ လမ်းကြုံရင် ရွာဦးကျောင်းက ကပ္ပိယကြီးကို အတိတ်တဘောင် ဘယ်လိုဆောင်သလဲမေးခဲ့ကြဦး..... မျက်မမြင်ဒွေးလေးရဲ့ စကား နားမှာကြားတချက် မကြားတချက်။ အာရုဏ်ကမတက်သေးဘူး ရေကတော့ တက်လာပြီ ညကလည်းနက်လှပြီ ဒီနှစ် လယ်လေးကိုင်းလေး အစဉ်ပြေရင် ခလေးတွေ ရှင်ပြု နားသ အလှူတော်မင်္ဂလာ ဝေးပြန်ပြီပေါ့ ။ အိမ်ရှေ့က ရေမမြုပ်သေးတဲ့ ကွပ်ပြစ်ပေါ်မှာ အတွေးတွေထဲနစ်မြူပ်နေတဲ့ ကိုဖိုးတုတ်ခမျာ ရွာတောင်ဘက်က အုံးအုံးကြွက်ကြွက် လူသံ ဆူညံ ဦးအီဗရာဟင်ရဲ့ အမောဖောက်နေတဲ့ သတိပေးအော်ဟစ်သံတွေက ကိုဖိုးတုတ်ကို လှုပ်နိုးလိုက်တယ်။ လက်နှိပ်စာတ်မီးရောင်အောက်မှာ ရင်ခေါင်းလောက်မြူပ်တဲ့ရေထဲမှာ အရေးပေါ် ၀ါးဖောင်ကိုဆွဲ ၀ါးဖောင်အထက်မှာ ဗလီဝတ်ကျောင်းတော်က ကိုရမ်ကျမ်းစာအုပ်တွေ ဘုရားဆင်းတုတော်တွေ၊ ရွာတောင်ပိုင်းက သက်ကြီးရွယ်အိုတွေနဲ့  ခလေးသူငယ်တွေ ဦးအီဗရာဟင်လက်တဘက် က ဖောင်ကိုဆွဲ တာရိုးကြိုးတယ်ဆိုလား သက်ကြီးရွယ်အိုတွေ ခလေးသူငယ်တွေ ရနိုင်သလောက်ပစ္စည်းတွေ ရွာအရှေ့ ပိုင်းကုန်းတော်ပေါ်က ဘုန်းကြီးကျောင်းကိုရွှေ့ ကြဟေ့ ငါတို့ တောင်ပိုင်းမှာတော့ ဗလီတလုံး ဘုံကျောင်းတခု့  အိမ်အလုံး၅၀ ရေအောက်ရောက်ခဲ့ပြီ.။ တရိပ်ရိပ်တက်လာတဲ့ရေ ကို ငေးကြည့်ရင်း အရေးကြုံလာတဲ့ အခါ အသားအရောင် လူမျိုး ဘာသာ ကိုးကွယ်ရာ မတူကြသော်လည်း လူ့ အသက်တချောင်း ရခဲကောင်းကြောင်း တရားသဘော သိနားလည်းသော ဘာသာတူ တူ မတူတူ မုန်းသူမရှိ ချစ်သူသာရှိ အတူတကွ ယှဉ်တွဲနေကြမှသာ အနာဂတ် လူဘောင်ခေါင်းထောင်နိုင်မယ်။ သဘာဝဘေး၊ စစ်အုပ်စုဘေး အမုန်းတရားဘေး အမှားများဘေး ဘေးဘယာများစွာ ဝေးကွာသွားပါစေ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။ (မြန်မာနိုင်ငံနှင့်တ၀ှမ်းရေကြီးမှုကို ခံစားရေးဖွဲ့ ပါသည်။) ၃၀ ဇူလိုင် ၂၀၁၈ ရဲရင့်သက်ဇွဲ

Friday, July 30, 2021

Why Oh why ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်

Why  Oh why

ဘာကြောင့်လည်း ဘာကြောင့်များလည်းကွယ်

 

ဒီလိုဆောင်းဦးပေါက်ရာသီမှာပဲ

မင်းကိုစတွေ့ခဲ့တာ မဟုတ်ဘူးလား

 ဒီလိုဆောင်းဦးပေါက်ရာသီထဲမှာပဲ

မင်းငါ့ကို လွှတ်ချထားခဲ့တာပဲမဟုတ်လား

မင်းရဲ့ရီ​မောသံ​လေး​တွေဟာ

ပတ္တလား သံသာသာ​လေးလို

ဒီ​နေ့အထိငါကြားေ​ယောင်​​နေဆဲပါ

မင်းမရှိတာ ကြာ​တောင့်​ကြာလှပီဖြစ်​​ပေမယ့်

မင်းရဲ့ကိုယ်​သင်းနံ့​လေး ​မွှေးမြ​နေဆဲပါ

မင်းရဲ့​နေရာ​ မင်းရဲ့အိပ်​ယာ အိမ်​ထဲမှာဗလာ

 

ရာသီတွေက ပုံမှန်အတိုင်း လည်ပတ်နေကြတယ်

နွေဦး နွေရာသီတို့ ကုန်ဆုံးလွန်မြောက်

ဆောင်းဦးပေါက်ကို ရောက်ခဲ့ပြီ

မင်းမရှိ​ပေမဲ့ မင်းရှိ​နေသလိုလို ငါထင်​မြင်​​နေမိ

ဘာ​ကြောင့်​လည်း ဘာ​ကြောင့်​များလည်းကွယ်

မင်းဘာ​ကြောင့်​ ငါ့ကိုတ​ယောက်​ထဲချန်​ထားခဲ့တာလည်း

ဘာ​ကြောင့်​လည်း ဘာ​ကြောင့်​များလည်းကွယ်

 

အနာဂါတ်ကို… ငါ….ကြိုမမြင်ခဲ့ပါဘူး

အနာဂါတ်ကို… ငါ….ကြိုမသိခဲ့ဘူး

အနာဂါတ်ကို… ငါ…….

ငါ့အတွက်​ကျန်​ခဲ့သမျှ​ဟာ

တမ်းတရတဲ့ အရိပ်​က​လေး​တွေပါဘဲကွယ်

မင်းရဲ့ပစ္စည်း ​လေး​တွေ အိမ်​ထဲမှာ

သူ့​နေရာသူ ဆက်​သိမ်းထားဆဲပါ

ငါ​လေ အဲဒိပစ္စည်း​လေး​တွေကို

တိတ်​တဆိတ်​​ငေးကြည့်​​နေမိ

ငါမင်းပြန်​အလာကို​စောင့်​​နေပါတယ်​ကွယ်

အဲတာထက်​ပိုပြီး​တော့ငါဘာများတတ်​နိုင်​မှာတဲ့လည်း​လေ

မင်းရဲ့​ဆံနွယ်​​ခွေ​လေး​တွေကိုလက်​နဲ့ဖွဖွရှင်း​ပေးခွင့်​​လေး တဖန်​ ​ပေးပါကွယ်

ဘာ​ကြောင့်​လည်း ဘာ​ကြောင့်​များလည်းကွယ်

ငါ့အတွက်​ကျန်​ခဲ့သမျှ​တွေဟာ

တမ်းတရတဲ့အရိပ်​က​လေး​တှေပါပဲ .....//

အဲဒီလမ်း‌လေးအ‌ပေါ်မှာ

အဲဒီလမ်းကလေးအပေါ်မှာ

 

ညမရှိတဲ့ ကောင်းကင်

ကောင်းကင်မရှိတဲ့လ

ကြုံဘူးကြရဲ့ လား၊

အလင်းမဲ့နေ့ များမှာ

ငါတို့ ရဲ့ အတ္တတွေကို

လောင်စာတခုလိုအသုံးချ

အားလုံးအတွက်

ယုံကြည်ချက်နဲ့  ၀င်းလက်တောက်ပနေခဲ့ဘူးတယ် ။

 

အခုများမှာတော့

ကွေးသောလက် မဆန့် မှီ

ဆန့် သောလက် မကွေးမှီ

ခေါက်ရှာငှက်တို့ရဲ့ ပျံသန်းမှုမှာ

ဘ၀ဟာပျော်ဝင်တယ်

အသက်က

ညာဏ်ရဲ့စေစားရာအတိုင်းရှင်သန်တယ်

အမေကတော့

မျှော်လင့်ချက်အကုန်လုံး

သားပြန်လာမယ့်

ဟောဒီ..လမ်းလေးအပေါ် ပုံထားတုန်းပဲ ။

 

တနေ့ တာရဲ့

နောက်ဆုံး အလင်းရောင်အကွယ်မှာ

ဘုရားစင်ရှေ့က ရှိုက်သံဟာ

လမ်းကလေးအပေါ်မှာ ပဲ့တင်ထပ်လို့ 

ချိုးဖြူငှက်တို့ ရဲ့ တောင်ပန်ခတ်သံမှာ ပဲ့တင်ထပ်လို့ 

ခွပ်ဒေါင်းတို့ ရဲ့ တောင်ပန်ခတ်သံမှာ ပဲ့တင်ထပ်လို့ 

သားပျောက်မိခင်တို့ ရဲ့ ရင်မှာ ပဲ့တင်ထပ်လို့ 

ပဲ့တင်ထပ်လို့ ...ပဲ့တင်ထပ်လို့...ပဲ့တင်ထပ်လို့ ...

 

(ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက်အသက်စွန့် 

သွားခဲ့ကြသော သူရဲကောင်းအပေါင်းနှင့်မိခင်များသို့ )

 

ရဲရင့်သက််််ဇွဲ