Showing posts with label နာဂစ်တနှစ်ပြည့်အမှတ်တရကဗျာ. Show all posts
Showing posts with label နာဂစ်တနှစ်ပြည့်အမှတ်တရကဗျာ. Show all posts

Monday, February 13, 2012

ရှာပုံတော်



ရှာပုံတော်

လိုချင်တာတွေ အရနည်းပြီး မလိုချင်တာတွေ

ဗုံးပေါလအော

ဘူးသီးနုနုမခူးရ အကင်းတောင် မတွေ့ လိုက်ရတဲ့ဘဝ

အဲဒီ ဘ၀ဆိုတာကြီးကို ထိပ်တုံးခတ်ထားလိုက်ချင်တယ် ….။

အရင်ဆုံး အစိုးမရတဲ့ စိတ်တွေကိုပဲ ထိပ်တုံးခတ်ထားလိုက်ပါ

ညညဆို ထထအော်တယ်

ဘုန်းကြီးတစ္ဆေတွေ ဘုန်းကြီးတစ္ဆေတွေ ပြီးတော့လည်း

ထရံမှာထိုးထားတဲ့ ၀ါးရင်းတုတ်ကြီးနဲ့ 

မှတ်ပလားကွ မင်းတို့ အလှည့်ကျမှ မင်းတို့ အလှည့်ကျမှ

စိတ်လိုလက်ရ ရှိလာတဲ့အခါ

တယောပြားလေုး ချစ်သူကိုထွေးပွေ့ သလိုမျိုး

တမိုးအောက်မှာ တယောက်ထဲရှိနေသလို

ကိုခင်ဝမ်းကြီးရဲ့  သီချင်းတွေကို တခုတ်တရ ဖွဲ့ နွဲ့ 

နာရီခေါက်သံဟာ ချောက်ကပ်ကပ်နဲ့  ညဥ့်ယံကိုခြောက်လှန့် နေ

အို …ဒီညဟာ တမျိုးပဲလေ …..

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး

နင်နဲ့ ငါ သူငယ်ချင်းပဲနော် သူစိမ်း

သူ့ အနုပညာကို နဲနဲလေးမှ မတိမ်းမယိမ်းစေခဲ့သူ

သူ့ အနုပညာအယူအဆ ငါ့သွေးသားကတောင်းတတယ်..

ကြောက်စရာကောင်းလောက်တဲ့ မှော်

အဖေ့သွား ရေထဲမှာ အိပ်နေသည် ….။



ဘာရယ်လို့  မဟုတ်ပါဘူး

အိပ်မပျော်တာနဲ့  ညကောင်းကင်ရဲ့ တေးသမားကို

နားထောင်ပီး

အချစ်ကို ရင်း၍ နားထောင်ပီး

ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်မိတဲ့ အကြောင်း …။



ရဲရင့်သက်ဇွဲ

၀၉၀၉၂၀၁၁

၆း၁၀အေအမ်

Tuesday, May 05, 2009

နာဂစ်အလွန်

(၂၀၀၉ မေ ၂ရက်နေ့ ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ ၊ ရှီဘူယမြို့ နယ်ရှိ ကုလသမဂ္ဂ သက္ကသိုလ်ရှေ့ 
တွင်ကျင်းပသော နာဂစ် ၁ နှစ်ပြည့်အမှတ်တရဆုတောင်းမေတ္တာပို့ ပွဲတွင် ကိုယ်တိုင်ရွတ်ဆိုသောကဗျာ)

အိပ်မက်ဆိုရင်လည်း
အိပ်မက်ပီသ
အိပ်ရာကနိုးထ
ကြေကွဲမှုအစအနများ ရှာမတွေ့ တဲ့ဘဝ
ရှိခဲ့ဘှုးတယ် ။

အခုများတော့ နာဂစ်ရေ
သုံးရာခြောက်ဆယ့်ငါးရက်ကိုခြွေ
ကြွေခဲ့ရတဲ့အသဲ
ရင်ကွဲပက်လက်ပါပဲ ။


အကြင်နာကင်းမဲ့တဲ့
လူမဆန်တဲ့
အုပ်စိုးသူလူတစုရဲ့ လက်ထဲမှာ
ကံဆိုးလို့  အသက်ရှင်ကျန်ရစ်ခဲ့ရသူတွေပါ ။

ဆားပေါက်လယ်မြေ
အကာအကွယ်မဲ့ အိမ်ရာ
ကျောချစရာတနေရာ
နာဂစ်ရဲ့ ရက်စက်မှုထက်
အာဏာရူးတို့ ရဲ့  ပက်စက်မှုကမ်းကုန်
ငါတို့ အားလုံး
ဒုက္ခအဖုံဖုံ ကုံလုံကြွယ်ဝခဲ့ကြတယ် မဟုတ်လား ။

ကဲ့  လာစမ်းဟေ့
တယောက်ပြီး တယောက်
ငရဲကလာသူ ပြာပူမကြောက်
လျှောက်သာလျှောက်ဟေ့
နာဂစ်ချေဖျက် ဘ၀ပျက်လည်း
ပျက်သည့်ဘ၀ ဆွဲမယူမည်
နာဂစ်ဒဏ်ချက် အကြင်နာလက်နဲ့ ဖေးမကူမည်
နာဂစ်ထက်ဆိုး အာဏာရှင်စနစ်ဆိုးအား
တိုက်ပွဲဆက်လက်ဝင်ဦးမည် ။