Sunday, September 18, 2011

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေတဲ့လား
မအံ့သြပေမယ့် အံ့သြတယ်။

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေကို
နိုင်နင်းစွာ ဆက်စပ်ခင်းကျင်းပြသနိုင်ခဲ့တယ်။
ဒါဟာ … ကဗျာဆရာရဲ့  ပိုင်ဆိုင်သမှု
ကြေကွဲမှုတွေနဲ့  ပြုစုထားတဲ့ အထ္တုပ္ပတ္တိတခုပါပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ပလက်ဖောင်းတခုအပေါ်ခြေအချမှာ
ဖြတ်သွားကြသောခြေထောက်များ
ငါ ကန့် ကွက်စရာအကြောင်းမရှိသော်လည်း
ငါဟာ ပလက်ဖောင်းတခုမဟုတ်ကြောင်းကြေငြာခဲ့တာ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ အယူအဆတွေနဲ့ 
စကားလုံးတွေကြားမှာ ဘ၀ဟာ ကြေမွနေခဲ့ဘူးတယ်။
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ ယုံကြည်ချက်အလံထူ
ငတ်မွတ်မှုကို အံတု့ ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ မိတ်ဆွေတွေရဲ့ 
သစ္စာတရားကို စောင့်သိခဲ့ဘူးတယ်
ဒီပလက်ဖောင်းပေါ်မှာပဲ မိတ်ဆွေတွေရဲ့ 
နောက်ကျောကဓါးကို ကျောကုန်းကြီးနဲ့ ပွေ့ ဖက်ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာပဲ ဒုက္ခရဲ့ သစ္စာတရားကို
တရှိုက်မက်မက် ရှာဖွေခဲ့ဘူးတယ်
ဒီိပလက်ဖောင်းပေါ်မှာပဲ အနာဂတ်ကို ပြောင်းဘို့ 
ခေတ်ရဲ့ တောင်းဆိုမှုထဲ ခုန်ဆင်းခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာမောင်ချောနွယ်ရဲ့  ကိုက်လမ်းကို
အသက်နဲ့ ရင်းပြီးခံစားခဲ့ရဘူးတယ်။
ဒီပလက်ဖောင်းပေါ်ကနေ တောင်ကုန်းလေးတခုပေါ်ကို
ရေတွင်းလေးတခုထဲကို … ကောင်မလေးရေ နှစ်တွေကြာခဲ့ပြီပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

အဲဒီပလက်ဖောင်းပေါ်မှာပါပဲ မျက်ရည်နဲ့ ချစ်ချင်းတရား
ရင်းနှီးပေးဆပ် ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့
ဒီလိုမျိုးရူးသွပ်တပ်မက်မှုကို ကျိန်စာလို့ ဖွဲ့ ဆိုမယ်။


ရဲရင့်သက်ဇွဲ
၁၅၀၉၂၀၁၁၁၂း၀၆အေအမ်








No comments: