သတိတရနဲ့  မက်တဲ့ အိပ်မက်
ပုဂံခေတ်သူရဲကောင်း လေးယောက်နဲ့ လဘက်ရည်ဆိုင်အတူထိုင်ဖြစ်တဲ့ညက
ကျန်စစ်သားရဲ့  တောက်ခေါက်သံ ဧရာဝတီ မြစ်တရိုးမှာညံသွားတယ်။
ကျန်သုံးယောက်ရဲ့  အသံ ဇာတိမာန်ဖြစ်တယ်။
... အဲဒီညက ဖွင့်တဲ့သီချင်းသံ
ဧရာဝတီ ဧရာဝတီ မဟာသဘာဝအရှင် အသက်ငင်နေပီ။
ထရီပိုလီကို သူပုန်တွေက ၀င်သိမ်းတယ်။
ကဒါဖီဟာ တရုတ်လိုဝတ်ပီး ဧရာဝတီမြစ်အတိုင်းစုန်ဆင်းအလာမှာ
ပုဂံရဲ့ တရုပ်ပြေးမင်းက ပြူံးပြုံးကြီးပါလာတယ်။
ဗျတ်ဝိဗျတ္တရဲ့ အရိုးတွေကို
ဘင်လာဒင်ရဲ့ အရိုးတွေနဲ့ လဲလှယ်လိုက်ပီးတဲ့နောက်မှာ
ကောသလမင်းကြိးဟာ နေပြည်တော်ရဲ့  လွှတ်တော်ရှေ့မှာ ချူံးပွဲချငိုရှာတယ်။
နောက်ကို အိပ်မက်အကြောင်း မရေးတာ့ပါဘူးလို
့အလှည့်ကျ အာဆီယံဥက္ကဌသစ်ထံမှာ ၀န်ခံလက်မှတ်ေ၇းထိုးလိုက်တယ်။
မှတ်မှတ်ရရ အဲဒီနေ့ က ဟယ်ဆင်ကီးမှာ မိုးတွေရွာလို့ 
ငါဟာ ဟယ်လီနာကိုတကယ်မသိခဲ့ပါဘူး။
ဘု၇ားစူးရပါစေရဲ့  ဥမ္မာဒဏ္ဏီရေ ဘုရားစူးရပါစေရဲ့ ...။
မင်းရေးတဲ့ ငါ့ ကို စွန့် လွှတ်ကြောင်းရသကောင်းကောင်းနဲ့ စာတကြောင်းကို
မင်းရဲ့ ကိုယ်အလင်းရောင်နဲ့  ဖတ်ခဲ့ရတဲ့
ဘ၀ရဲ့  နေ၀င်ဆည်းဆာ
ညကောင်းကင်ရဲ့ တေးသမားဟာ
ရန်ပယ်ချောင်းကရေအဟုန်ရဲ့  တိုက်စားမှုမှာ
လောင်မီးကျနေတဲ့ သူ့ နှလုံးသားကိုခွဲထုတ်
ရေလှိုင်းတွေအောက်ထဲပျောက်သွားတယ်။
ဒါပါပဲ.....သတိတယရှိရင်း မက်တဲ့အိပ်မက်မှာ
ကောသလမင်းနဲ့ ကျနော် ကဗျာတွေ အော်ရွတ်လို့ .....
ရဲရင့်သက်ဇွဲ
၁၄၉၂၀၁၁၁၂း၂၀အေအမ်
No comments:
Post a Comment