Showing posts with label သတင်းမှတ်တမ်း. Show all posts
Showing posts with label သတင်းမှတ်တမ်း. Show all posts

Saturday, March 13, 2010

(၂၂)နှစ်ပြည့်မြောက် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့  ချီတက်ပွဲ(တိုကျို)။



ယနေ့  မတ်လ(၁၃)ရက်နေ့  တွင် မြန်မာနိုင်ငံ လူအခွင့်အရေးနေ့  ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(JAC) မှဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်လူမျိုးများ ပူးပေါင်းပါဝင်သည့် ချီတက်ဆန္ဒပြ ပွဲကို ကျင်းပပြုလုပ် ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်ခံနေရသည့် အခြေအနေများကို ဂျပန်ပြည်သူများ ပိုမိုသိရှိ နားလည်ပြီး မြန်မာ့အရေးကို ပိုမို အားပေးကူညီလာရန်အတွက် ချီတက်ဆန္ဒပြပွဲ ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။

Sunday, September 27, 2009

2nd Anniversary of Saffron Revolution (27-9-2009)



မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့ တွင်၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့) ညနေ (၃) နာရီမှ (၅) နာရီထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။

Thursday, September 24, 2009

ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့်အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံတွင်သံဃာလူပ်ရှားမှုများထောက်ခံပွဲ




မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းများ ဆင်းရဲဒုက္ခဘေးများမှ ကင်းဝေးစေရေး အတွက် ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ မှ ငြိမ်းချမ်းစွာကြွချီမေတ္တာပို့ ဆုတောင်း မှုများနှင့် ၀ိုင်းရံအားပေးထောက်ခံကြသော ကျောင်းသား ပြည်သူလူထုအား ဘာသာ တရားမဲ့စွာ အကြမ်းဖက်ပစ်ခတ် ရိုက်နှက်ဖြိုခွင်း ဖြေရှင်းခဲ့ပြီး သံဃာတော်အသျှင်သူ မြတ်များနှင့်ကျောင်းသားပြည်သူများ သွေးမြေကျခဲ့ရပြီး မတရားဖမ်းဆီးထောင်သွင်း အကျဉ်းချခဲ့သည့်လုပ်ရပ်များကို စစ်အုပ်စုမှကျူးလွန်ခဲ့သည်ကို တကမ္ဘာလုံးက အံ့သြ ထိတ်လန့် တုန်လှုပ်ခဲ့ရသည့်အဖြစ်ဆိုးကြီးမှာ (၂)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ၎င်း (၂)နှစ်ကြာခဲ့သော်လည်း ကျနော်တို့ ရင်ထဲမှာ ယနေ့ တိုင်မေ့ပျောက်၍မရနိုင်သလို ကြေကွဲ၍လည်းမဆုံးပါ။ ထို့ အတွက်ကျနော်တို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အား စုများမှ အထိမ်းအမှတ်အဖြစ်နှင့် ယခုလက်ရှိမြန်မာနိုင်ငံတွင် ရဟန်းသံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲနှင့်သံဃာတော်များ၏လှုပ်ရှားမှုများအားထောက်ခံပွဲကို ဖေါ်ပြ ပါအစီအစဉ်အတိုင်းကျင်းပရာသို့  ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှပူးပေါင်း ပါဝင် တက်ရောက်ကြပါသည် ။

Tuesday, July 07, 2009

ဆဲဗင်းဇူလိုင်အခမ်းအနား(၂၀၀၉ ၊ ၇ ၊ ၇ နအဖ အခွန်ရုံးရှေ့  ၊ တိုကျို)

အာဏာသိမ်းစစ်အစိုးရ၏ပထမဦးဆုံး ကျောင်းသားများအား သတ်ဖြတ်မှုကြီးကျူးလွန်ခဲ့သည်မှာ ၄၇ နှစ်ပြည့် ခဲ့ပြီဖြစ်ပါသည်။ သမိုင်းဝင် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုအား ဦးညွှတ် ဂုဏ်ပြုသောအားဖြင့်၎င်း၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ် အဓွန့် ရှည်ရေးအတွက်လည်းကောင်း ကျင်းပခြင်းဖြစ်ပါသည်။


Sunday, July 05, 2009

(၄၇) နှစ်ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနား မှတ်တမ်း (တိုကျို)

ဂျပန်နိုင်ငံ တိုကျိုမြို့  တာကာဒါနိုဘာဘာ အရပ်တွင် (၄၇) နှစ်ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနားအား ဂျပန်နိုင် ငံရောက်ရှစ်လေးလုံးကျောင်းသားဟောင်းများ စာပေအင်အားစုများ ဒီမိုကရေစီရေးလှုပ်ရှားနေသောအဖွဲ့ အစည်းများမှပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပါသည်။