Saturday, March 13, 2010

(၂၂)နှစ်ပြည့်မြောက် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့  ချီတက်ပွဲ(တိုကျို)။



ယနေ့  မတ်လ(၁၃)ရက်နေ့  တွင် မြန်မာနိုင်ငံ လူအခွင့်အရေးနေ့  ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(JAC) မှဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်လူမျိုးများ ပူးပေါင်းပါဝင်သည့် ချီတက်ဆန္ဒပြ ပွဲကို ကျင်းပပြုလုပ် ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်ခံနေရသည့် အခြေအနေများကို ဂျပန်ပြည်သူများ ပိုမိုသိရှိ နားလည်ပြီး မြန်မာ့အရေးကို ပိုမို အားပေးကူညီလာရန်အတွက် ချီတက်ဆန္ဒပြပွဲ ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။

No comments: