ဘုရားသခင်လက်ထဲမှာ
သစ်ပင် ပန်းပွင့်
ကျေးငှက်သံသာ
တောတောင်ရေမြေ
သဘာဝတရား
မဟာလူသားကအစ
ဘုရားသခင် ဖန်ဆင်းပေးထားတာ မဟုတ်လား …။
ကမ္ဘာဦးအစ
အေဒင်ဥယျာဉ်ထဲက
စခဲ့တဲ့ဇာတ်လမ်း
ကြမ်းသလား ရမ်းသလား
ငါ … မသိချင် …..၊
တားမြစ်ထားတဲ့ အပင်ကအသီး
ချို ချဉ် ဖန် ခါး မှားသွားမှာလား
ငါ … မတွေးချင် …..။
ငါဟာ
မင်းစိတ်နဲ့  ငါ့ကိုယ်
ငါမပိုင်တဲ့ ငါ့ဘ၀ကို လိုက်ရှာတဲ့အခါ
အိပ်မက်တွေရဲ့  အဆုံး
ညကောင်းကင်တွေ အလယ်
ဘုရားသခင်ရဲ့ လက်ထဲ
ဘ၀ရဲ့ အစနဲ့ အဆုံးကိုတွေ့ တယ် …..။
အဲဒီ အစနဲ့ အဆုံးဟာ
တားမြစ်ထားတဲ့
သစ်သီးတလုံးဖြစ်နေခဲ့ပေါ့ …..။
ရဲရင့်သက်ဇွဲ ၀၆ ၀၁ ၂၀၁၁
Showing posts with label ဝေဒနာညကဗျာများ. Show all posts
Showing posts with label ဝေဒနာညကဗျာများ. Show all posts
Sunday, January 09, 2011
Thursday, December 09, 2010
ဥရောပ ဝေဒနာညများ
တုန်ခြင်း နှေးခြင်း
လေးလံခြင်း ရွေ့ မရခြင်း
ဝေဒနာများက
သေရွာကို တွန်းပို့ နေတဲ့ကြား
စာတိုပေစနဲ့ လွမ်း
ပါရမီဖြည့်ဖက်ကို တမ်းတတယ် …..။
အမေအို ဘယ်လိုနေရှာမလဲ
နရသိန်ထဲက ငါ့ သူရဲကောင်း
သူပုန်နဲ့ သူ့ ရဲဘော်ရဲဘက်များ
ဆယ်စုနှစ်တခု့ နီးပါး
ယုံကြည်တွဲလက်ခိုင်မြဲခဲ့သူများ
သမီး သား တူမများ
အလွမ်းဓာတ်က
ချူပ်တည်းတဲ့ကြား
ထိုးဖောက်စီးဆင်းသွားမြဲ …..။
လူမျိုး မတူဘူး
ဘာသာစကား မတူဘူး
ရာသီဥတု မတူဘူး
ဒါပေမယ့် တူတာတွေကိုစု
ငါတို့ လိုချင်တဲ့ စံနစ်တခု
သူတို့  ထုဆစ်ထားနိုင်ခဲ့ကြတယ်
အဲဒီစံနစ်အောက်မှာပါပဲ
အမေပေးတဲ့ အသက်တချောင်း
ဖြောင်းကနဲကျိုးကြေ
သူတို့ တတွေလက်နဲ့ 
ငါ အသက်ဆက်ရှင်သန်ခဲ့ရ …..။
ဘ၀ကတော့
မရေရာမသေချာသေးဘူး
ညစဉ် အိပ်မက်ထဲမှာ
ရထားဥသြသံ ကြားရမြဲ .....။
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )
ရဲရင့်သက်ဇွဲ ၁၀ ၁၁ ၂၀၁၀
လေးလံခြင်း ရွေ့ မရခြင်း
ဝေဒနာများက
သေရွာကို တွန်းပို့ နေတဲ့ကြား
စာတိုပေစနဲ့ လွမ်း
ပါရမီဖြည့်ဖက်ကို တမ်းတတယ် …..။
အမေအို ဘယ်လိုနေရှာမလဲ
နရသိန်ထဲက ငါ့ သူရဲကောင်း
သူပုန်နဲ့ သူ့ ရဲဘော်ရဲဘက်များ
ဆယ်စုနှစ်တခု့ နီးပါး
ယုံကြည်တွဲလက်ခိုင်မြဲခဲ့သူများ
သမီး သား တူမများ
အလွမ်းဓာတ်က
ချူပ်တည်းတဲ့ကြား
ထိုးဖောက်စီးဆင်းသွားမြဲ …..။
လူမျိုး မတူဘူး
ဘာသာစကား မတူဘူး
ရာသီဥတု မတူဘူး
ဒါပေမယ့် တူတာတွေကိုစု
ငါတို့ လိုချင်တဲ့ စံနစ်တခု
သူတို့  ထုဆစ်ထားနိုင်ခဲ့ကြတယ်
အဲဒီစံနစ်အောက်မှာပါပဲ
အမေပေးတဲ့ အသက်တချောင်း
ဖြောင်းကနဲကျိုးကြေ
သူတို့ တတွေလက်နဲ့ 
ငါ အသက်ဆက်ရှင်သန်ခဲ့ရ …..။
ဘ၀ကတော့
မရေရာမသေချာသေးဘူး
ညစဉ် အိပ်မက်ထဲမှာ
ရထားဥသြသံ ကြားရမြဲ .....။
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )
ရဲရင့်သက်ဇွဲ ၁၀ ၁၁ ၂၀၁၀
Subscribe to:
Posts (Atom)