(၂၀၀၉ မေ ၂ရက်နေ့ ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ ၊ ရှီဘူယမြို့ နယ်ရှိ ကုလသမဂ္ဂ သက္ကသိုလ်ရှေ့ 
တွင်ကျင်းပသော နာဂစ် ၁ နှစ်ပြည့်အမှတ်တရဆုတောင်းမေတ္တာပို့ ပွဲတွင် ကိုယ်တိုင်ရွတ်ဆိုသောကဗျာ)
အိပ်မက်ဆိုရင်လည်း
အိပ်မက်ပီသ
အိပ်ရာကနိုးထ
ကြေကွဲမှုအစအနများ ရှာမတွေ့ တဲ့ဘဝ
ရှိခဲ့ဘှုးတယ် ။
အခုများတော့ နာဂစ်ရေ
သုံးရာခြောက်ဆယ့်ငါးရက်ကိုခြွေ
ကြွေခဲ့ရတဲ့အသဲ
ရင်ကွဲပက်လက်ပါပဲ ။
အကြင်နာကင်းမဲ့တဲ့
လူမဆန်တဲ့
အုပ်စိုးသူလူတစုရဲ့ လက်ထဲမှာ
ကံဆိုးလို့  အသက်ရှင်ကျန်ရစ်ခဲ့ရသူတွေပါ ။
ဆားပေါက်လယ်မြေ
အကာအကွယ်မဲ့ အိမ်ရာ
ကျောချစရာတနေရာ
နာဂစ်ရဲ့ ရက်စက်မှုထက်
အာဏာရူးတို့ ရဲ့  ပက်စက်မှုကမ်းကုန်
ငါတို့ အားလုံး
ဒုက္ခအဖုံဖုံ ကုံလုံကြွယ်ဝခဲ့ကြတယ် မဟုတ်လား ။
ကဲ့  လာစမ်းဟေ့
တယောက်ပြီး တယောက်
ငရဲကလာသူ ပြာပူမကြောက်
လျှောက်သာလျှောက်ဟေ့
နာဂစ်ချေဖျက် ဘ၀ပျက်လည်း
ပျက်သည့်ဘ၀ ဆွဲမယူမည်
နာဂစ်ဒဏ်ချက် အကြင်နာလက်နဲ့ ဖေးမကူမည်
နာဂစ်ထက်ဆိုး အာဏာရှင်စနစ်ဆိုးအား
တိုက်ပွဲဆက်လက်ဝင်ဦးမည် ။
No comments:
Post a Comment