Thursday, May 14, 2009

ဆရာကြီး ဒဂုန်တာရာ ၉၀နှစ်ပြည့်မွေးနေ့ ကဗျာများ

အလွမ်းဆုံးမော်ကွန်း

ငြိမ်းချမ်းရေးနှင့် 
စိမ်းလန်းမွှေးမြ
လှပဘုံကဗျာ
ဒဂုန်တာရာ

သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ


ပေါ်တီယာ
ရင်ခုန်သံ
နိုင်ငံတကာ
ဒဂုန်တာရာ

ပျဉ်းမနားအစိမ်း
ဂေါ်ဂင်အနီ
ဝေါ့ ဒစ္စနေအပြာ
ဒဂုန်တာရာ

ခေတ်ပြိုင်ခံစားမှု
တပ်ပေါင်းစု
ဗဟုအဘိဓမ္မာ
ဒဂုန်တာရာ

ဗန်းမော်တင်အောင်ရဲ့ 
ကြည်အေးရဲ့ 
ဟေမာနေ၀င်းရဲ့ 
ဒဂုန်တာရာ

အရှေ့ ကနေ၀န်းထွက်သည့် ပမာ
တို့ ခေတ်ကိုတော့ 
ရောက်ရမည်မှာမလွဲပါ
ဒဂုန်တာရာ

အောင်ဆန်း(သို့ မဟုတ်)အရိုင်း
ဗဟိန်း(သို့ မဟုတ်)ကဗျာ
ဒဂုန်တာရာ(သို့ မဟုတ်)
ဒဂုန်တာရာ။ ။

(ဆရာဒဂုန်တာရာ ၉၀ ပြည့် မွေးနေ့ သို့ )

အောင်ဝေး

No comments: