Monday, August 24, 2009

တံလျှပ်

ဘ၀က (ည) အိပ်မက်ဆိုးတခုလို
ကျောက်စရစ်တော မာခေါင်ခေါင်မှာ
အတောင်ကျွတ်သည့် ကြိုးကြာ
ရေရှာမရသကဲ့သို့ 
့ ဆိုတာမျိုး
ငါ့ ၀င်တိုးတဲ့အချိန်
ချုပ်ညနေရီရဲ့ 
သက်တံ့ခုံးအစွန်းမှာ
လ ကလေးကတွဲလဲခိုလို့  ။

ဘာမှမသေချာဘူး
သံသရာတဆုံး
ရှိတာထက်ပို ရှုံးခဲ့ရပြီ
မှတ်တမ်းမှတ်ရာများလည်း
သက်တံ့ထဲမှာ ပျော်ဝင်
တံလျှပ်ကို ရေထင်
ရွှေသမင်အလိုက်မှားကြသူများအကြား
လရောင်ကရွှန်းပ အဲဒီညမှာ။

အဆုံးသတ် ဆုံးဖြတ်ချက်ဟာ
အဲဒီညကိုတောင် ချောက်ချားစေခဲ့ပြီးမှ

ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ
ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ


ရဲရဲရှေ့ တိုး
လရောင်ကိုပျိုးယူမယ်ကြံကာရှိသေး
ချုပ်ညနေရီထဲက လကလေး
သက်တံ့ခုံးအစွန်းနဘေးမှာ
ငါ အိပ်ရာကနိုးထ
အဲဒီည
ပြန်ရှာမရတော့ ၊၊

ရဲရင့်သက်ဇွဲ

No comments: