Friday, June 05, 2009

အညာသားများ - ၂

အညာသားတွေက
အစွဲအလမ်း ကြီးမားတယ်။

အညာသားတွေက
ရှားနှစ်လို မာကျောတယ်၊

အညာသားတွေက
ဝါးကြောလို တင်းခံတယ်၊

အညာသားတွေက
ဧရာဝတီကို သွေးနီဖြန်းခဲ့တယ်၊

အညာသားတွေက
ဓားတောင်ကိုလည်း ကျော်ခဲ့တယ်။

အညာသားတွေက
ပုဂံကို ယွန်းဆေးပန်းချီရေးခဲ့တယ်၊

အညာသားတွေက
မြေလတ်ကို သားအကြီးလို မွေးခဲ့တယ်။

အညာသားတွေက
လရောင်ကို ချစ်သလို
ဗိုလ်မင်းရောင်၊ ဗိုလ်လရောင်ကိုလည်း
စေတီလို ထီးတင်ခဲ့တယ်၊

အညာသားတွေက
အဖိုးကိုယ်တော်၊ ဇော်ဂျီ၊ မောင်ဝန်
ကျွန်စိတ်ပစင်၊ သခင်အစ
ဗဟိန်း တာရာ၊ တင်အောင် မြသန်းတင့်
ရင်နင့်အောင်မွှေး၊ မမလေး အမာ၊ သမိုင်းဆက်ထုံး
အရာအားလုံးကို ချစ်ခဲ့တယ်။

ဒါကြောင့်ပါခင်
အညာသားတွေက၊ သခင်အောင်ဆန်းကို
ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
ရိုးသားတာပါပဲပေါ့လေ။ ။

မောင်လွမ်းဏီ
၃ ၆ ၀၉

No comments: