ညီမလေး …. ငါတို့ ရဲ့ ရာဇ၀င်တွေရိုင်းခဲ့
ဖြတ်သန်းခဲ့တဲ့လမ်း
ဖြတ်သန်းနေဆဲလမ်းမှာ
နှလုံးသားက
ဦးနှောက်ထက် ကြီးနေမှတော့
ဒီ ဘ၀ … ဒီ သံသရာ
ဆန္ဒ နဲ့  ဘ၀ တထပ်ထဲ မကျခဲ့သမျှ
ညီမလေးရေ ….
ငါ့ကို ခွင့်လွှတ်ပါလေဦး …..။
အစဉ်အလာဆိုတဲ့ ဥခွံထဲက
ဖောက်ထွက်ချင်ခဲ့ကြသူတွေပါ
အတ္တတွေနဲ့  စီးချင်းထိုးတဲ့အခါ
ငါတို့ တတွေမှာ တကယ့်ကို
အလဲလဲ အပြိုပြို ဖြစ်လို့ 
ညီမလေးရေ ….
ရာသီဥတုတွေတောင်မှ
ငါတို့ ဘက်မှာ မရှိတော့တဲ့အဆုံး …..။
အလွမ်း အဆွေးဓာတ်အခံနဲ့ 
ငါ့  ရင်ထဲက ပြဇာတ်များ
ကပြခွင့် မရမှတော့
ဆည်းဆာချိန် နေ၀င်အလှဟာ
ဘ၀ကို အနည်မကျစေတော့ဘူးကွဲ့ 
ညီမလေးရဲ့  ….
ငါ့ အတွက်တော့ နာကျည်းစရာ
မုန်တိုင်းရက်တွေက များလှခဲ့ပေါ့ …..။
အဲဒီလိုပါပဲ …ဧရာဝတီခမျာ
စီးဆင်းခဲ့တဲ့ လမ်းမှာ
ရာဇ၀င်များကို ဖြတ်သန်း
သမိုင်းခေတ်တွေကို ဖြတ်သန်း
ကြုံတွေ့ ရတဲ့ သွေးအလိမ်းလိမ်းဇာတ်လမ်းများ
အမိမြေ လွတ်မြောက်ရေးအတွက် ပြန်ပြောင်းပြောပြ
ညီမလေးရေ …..
တော်လှန်ရေးကာလက ရှည်လျားခဲ့ပြီပဲ …..။
အလင်းရောင်ပေးဘို့ အတွက်
ကိုယ့်ကိုယ်ကို စတေးခံရတဲ့ အဖြစ်မျိုး
အမေ … ဘယ်လို တန်ခိုးနဲ့ များ
ဖြတ်ကျော်နေခဲ့သလဲ
ညီမလေးရေ …..
ငါတို့ တတွေမှာတော့ ဦးခေါင်းကို
သဲမြေထဲ ၀ှက်ထားလို့ ကောင်းနေဆဲ …..။
ကမ္ဘာဦး လူသားတွေ
မီးကို မျှော်လင့်တောင့်တသလိုမျိုး
စွန့် လွှတ် စွန့် စား လမ်းဖောက်သွားသူများရဲ့ 
သမိုင်းထဲက ပြည်သူ ပြည်သူထဲက သမိုင်း
ဘယ်တော့မှ ရာဇ၀င်မရိုင်းဘူးဆိုပေမယ့်
ညီမလေးရေ …..
နှစ်ဆယ့်နှစ်နှစ် တာကာလ
ကျော်လွန်ခဲ့တာတောင်မှ
ငါတို့ ခေတ်မှာ ငါတို့ ရဲ့  အနာဂတ်ဟာ
မသေချာ မရေရာသေးတာကတော့ 
(ငါတို့ ကို ငါတို့  အပြစ်ဖွဲ့ )
ငါတို့  အတွက် ရာဇ၀င်ရိုင်းလှချည်ရဲ့  ….။
ရဲရင့်သက်ဇွဲ
၀၆၀၃၂၀၁၁
Saturday, April 23, 2011
Monday, April 18, 2011
သေသာသွားရတော့မယ် ….. မအီမလယ်နဲ့ 
သေသာသွားရတော့မယ် ….. မအီမလယ်နဲ့ 
နေရတာမကောင်းဘူး
မအီမလယ်နဲ့ 
ရာသီဥတုကလဲ
မအီမလယ်နဲ့ 
မြင်တွေ့ နေရတဲ့မြင်ကွင်း
မအီမလယ်နဲ့ 
ကြားနေရတဲ့ အသံ သီချင်း
မအီမလယ်နဲ့ 
အသက်ရှင်နေရတာကိုက
မအီမလယ်နဲ့  ..
ခေတ်ကြီးက ကျနော်တို့ ရဲ့ 
မအောင်မြင်မှုများအပေါ်
မအီမလယ်နဲ့  …….။
မအီမလယ်နဲ့ 
ကျနော်နေတဲ့ အရပ်ရဲ့ 
အခင်းအကျင်း အားလုံး ပြဇာတ်ဆံတယ်…
မအီမလယ်နဲ့ 
ကျနော် ဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်
ဇာတ်ပွဲ ဆံလွန်းတယ် ……
မအီမလယ်နဲ့ 
ကျနော့်ရဲ့ ဘဝ
အနာဂတ်ကို မျှော်မှန်း
လျောက်လှမ်းခဲ့ရတဲ့လမ်းဟာ
နောက်ပိုင်း ဇာတ်ထုပ်တွေလို
ဇာတ်နာလွန်းတယ် ………
အဲဒီလို … မအီမလယ်နဲ့ ပဲ
ဇာတ်ခေါင်းကွဲခဲ့ရတဲ့ ခေတ် စံနစ် ထဲမှာ
အောင်မြင်မှုကို မသယ်ဆောင်နိုင်ခဲ့ပုံများ
ကျနော့်မှာ … သေသာသွားရတော့မယ်
မအီမလယ်နဲ့  ……………။
ရဲရင့်သက်ဇွဲ ၁၅၀၄၂၀၁၁
နေရတာမကောင်းဘူး
မအီမလယ်နဲ့ 
ရာသီဥတုကလဲ
မအီမလယ်နဲ့ 
မြင်တွေ့ နေရတဲ့မြင်ကွင်း
မအီမလယ်နဲ့ 
ကြားနေရတဲ့ အသံ သီချင်း
မအီမလယ်နဲ့ 
အသက်ရှင်နေရတာကိုက
မအီမလယ်နဲ့  ..
ခေတ်ကြီးက ကျနော်တို့ ရဲ့ 
မအောင်မြင်မှုများအပေါ်
မအီမလယ်နဲ့  …….။
မအီမလယ်နဲ့ 
ကျနော်နေတဲ့ အရပ်ရဲ့ 
အခင်းအကျင်း အားလုံး ပြဇာတ်ဆံတယ်…
မအီမလယ်နဲ့ 
ကျနော် ဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်
ဇာတ်ပွဲ ဆံလွန်းတယ် ……
မအီမလယ်နဲ့ 
ကျနော့်ရဲ့ ဘဝ
အနာဂတ်ကို မျှော်မှန်း
လျောက်လှမ်းခဲ့ရတဲ့လမ်းဟာ
နောက်ပိုင်း ဇာတ်ထုပ်တွေလို
ဇာတ်နာလွန်းတယ် ………
အဲဒီလို … မအီမလယ်နဲ့ ပဲ
ဇာတ်ခေါင်းကွဲခဲ့ရတဲ့ ခေတ် စံနစ် ထဲမှာ
အောင်မြင်မှုကို မသယ်ဆောင်နိုင်ခဲ့ပုံများ
ကျနော့်မှာ … သေသာသွားရတော့မယ်
မအီမလယ်နဲ့  ……………။
ရဲရင့်သက်ဇွဲ ၁၅၀၄၂၀၁၁
Friday, April 15, 2011
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့  သမီးမမေးတော့ပါဘူး …
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
၁။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….
တူမငယ်ရဲ့ 
အွန်လိုင်းကနေ စီးမြောလာတဲ့ အသံအဆုံးမှာ
ကော်နက်ရှင်အောက်သွားတဲ့အသံသာ
ဗုံးတလုံး ပေါက်ကွဲသံလို ငါ့ မှာ ကြေကွဲ …..။
၂။
အမေငိုတယ်
အမေငိုတယ်တဲ့
သားတယောက်က နရသိန်
သားတယောက်က အဝေးအိမ်
မြေးတွေက အတောင်အလက်စုံ
အဖွားရင်ကို ခြေစုန်မကန်ကြပေမယ့်
သူတို့  ယုံကြည်ရာ အရပ်ကို ခိုလှုံကြမယ့်ပုံ
အမေ့ဖြစ်ပုံများ
အဝေးကသားမှာ နှစ်သိမ့်စရာ
စကားရှာမရဘူးမေမေ…။
သင်္ကြန်ပြီးရင်
အမေ့သားကြီး ပြန်လွတ်လာမှာပါ
မျှော်လင့်ချက် ထားခဲ့သမျှ
ထောင်ပြောင်းရမယ်ဆိုတဲ့ သတင်း
သည် မနက်ခင်းမှာ အမေ့ရင်ကို ရိုက်ချိုးသွားပြီ…။
၃။
ရှင်လျက်ကနေ
သေသွားသူတယောက်ရဲ့ 
နှုတ်ဖျားကထွက်လာတဲ့ အသံလိုမျိုး
တိုးတိုးဖွဖွ မပီမသ
မျက်ရည်စတွေနဲ့ ကျနော်လေ
အမေ …..အမေ……အမေ
၎။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….
ရဲရင့်သက်ဇွဲ
၁၅၀၄၂၀၁၁
၂း၃၀အေအမ်
သမီးမမေးတော့ပါဘူး …
၁။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….
တူမငယ်ရဲ့ 
အွန်လိုင်းကနေ စီးမြောလာတဲ့ အသံအဆုံးမှာ
ကော်နက်ရှင်အောက်သွားတဲ့အသံသာ
ဗုံးတလုံး ပေါက်ကွဲသံလို ငါ့ မှာ ကြေကွဲ …..။
၂။
အမေငိုတယ်
အမေငိုတယ်တဲ့
သားတယောက်က နရသိန်
သားတယောက်က အဝေးအိမ်
မြေးတွေက အတောင်အလက်စုံ
အဖွားရင်ကို ခြေစုန်မကန်ကြပေမယ့်
သူတို့  ယုံကြည်ရာ အရပ်ကို ခိုလှုံကြမယ့်ပုံ
အမေ့ဖြစ်ပုံများ
အဝေးကသားမှာ နှစ်သိမ့်စရာ
စကားရှာမရဘူးမေမေ…။
သင်္ကြန်ပြီးရင်
အမေ့သားကြီး ပြန်လွတ်လာမှာပါ
မျှော်လင့်ချက် ထားခဲ့သမျှ
ထောင်ပြောင်းရမယ်ဆိုတဲ့ သတင်း
သည် မနက်ခင်းမှာ အမေ့ရင်ကို ရိုက်ချိုးသွားပြီ…။
၃။
ရှင်လျက်ကနေ
သေသွားသူတယောက်ရဲ့ 
နှုတ်ဖျားကထွက်လာတဲ့ အသံလိုမျိုး
တိုးတိုးဖွဖွ မပီမသ
မျက်ရည်စတွေနဲ့ ကျနော်လေ
အမေ …..အမေ……အမေ
၎။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….
ရဲရင့်သက်ဇွဲ
၁၅၀၄၂၀၁၁
၂း၃၀အေအမ်
Thursday, April 14, 2011
ဒီငလျင်တွေကြောင့် ……. ငါ့နှယ်
ဒီငလျင်တွေကြောင့် ……. ငါ့နှယ်
ငါ့နှယ်
သင်္ကြန်မှာ ပိတောက်မပွင့်မှာနဲ့ 
ပိတောက်ကို ချယ်ရီလို ပွေ့ ဖက်ခွင့်မရနိုင်တာများ
ကမ္ဘာပျက်အောင် လွမ်းရတယ်လို့  အပြောခံရ……
ငါ့နှယ်
မိသားစု တကွဲတပြား ဆိုပေမယ့်
နေ့ တဓူဝ အွန်လိုင်းမှာ တွေ့ နေရတာ
နရသိန်ထဲက သွေးသောက်များကို
အားနာပါဦးလားလို့  အပြောခံရ…….
ငါ့နှယ်
ဦးနှောက်ထက် နှလုံးသားကကြီးနေတာကိုပဲ
ဂုဏ်ယူရမလိုလို .. သတ်ပဲသေရမလိုလို
ကိုယ့်စိတ်ကို ကိုယ်အလိုလိုက်နေပုံများ
မြွေမနိုင်ပဲ မြွေလမ္ပာယ်ပြနေသူလို့် အပြောခံရ…..
ငါ့နှယ်
ကဗျာရေးချင်နေတဲ့ ယင်းထနေတာ
ပုန်းလျှိုး ကွယ်လျှိုး ဟိုချောင်သည်ချောင်တိုး ရေးရမှာလား
အိမ်သူနဲ့  အွန်လိုင်းမှာ သိုင်းကစားရတာ အကြိမ်ကြိမ် ……
ငါ့နှယ်
မိုင်ထောင်ချီဝေးတဲ့အရပ်မှာ … ငါ
ငလျင်က ငါမရှိ တဲ့အချိန်မှာလာ
ငါ ရှိတော့ရော ငါ့ကိုယ်ငါ ပြန်မေး
အေး အနည်းဆုံးတော့ မိသားစု ဖက်သေလို့ ရတာပေါ့ကွာ ….
ငါ က ငါ့ကို အပြစ်တင် (အဲဒီကြားက)
ကဗျာတွေ တပုဒ်ပီး တပုဒ် ရေးထုတ်လို့  …
တောင်ရောက် မြောက်ရောက် ငါ့ စိတ် ကိုယ်ငါ
စစ်တမ်းကောက်ထား
အိမ်သူနဲ့  စကားများတဲ့နေ့ က
စကိုက်ပ်(skype)ကနေ လှမ်းအခေါ်
ပေါ်လာတဲ့ ပုံရိပ်နဲ့  စကားသံ အပေါ်
ရောမမြို့ ကြီး မီးဟုန်းဟုန်းတောက်တော့
နီရိုးဘုရင်ဟာ စောင်းတီးရုံတင်မက
ကဗျာလဲရေး ကဗျာလဲရွတ်တယ်ဆိုတဲ့အကြောင်းကို
ငါ ကြားအောင် သားကို သူမပြောပြနေပုံများ
ငါ့နှယ် ………..။
ရဲရင့်သက်ဇွဲ
၀၄၂၀၁၁
(ဧပြီ ၇ ၇က်နေ့ လှုပ်သွားသောငလျင်ပီး နောက်ဆက်တွဲ မိမိ၏ငလျင်အကြောင်းကို
ရေးဖွဲ့ ရာတွင် ဆရာခင်အောင်အေး၏ကဗျာမှ ငါ့ နှယ် ဆိုသော အသုံးအနှုန်းအား ယူသုံးပါသည်။)
ငါ့နှယ်
သင်္ကြန်မှာ ပိတောက်မပွင့်မှာနဲ့ 
ပိတောက်ကို ချယ်ရီလို ပွေ့ ဖက်ခွင့်မရနိုင်တာများ
ကမ္ဘာပျက်အောင် လွမ်းရတယ်လို့  အပြောခံရ……
ငါ့နှယ်
မိသားစု တကွဲတပြား ဆိုပေမယ့်
နေ့ တဓူဝ အွန်လိုင်းမှာ တွေ့ နေရတာ
နရသိန်ထဲက သွေးသောက်များကို
အားနာပါဦးလားလို့  အပြောခံရ…….
ငါ့နှယ်
ဦးနှောက်ထက် နှလုံးသားကကြီးနေတာကိုပဲ
ဂုဏ်ယူရမလိုလို .. သတ်ပဲသေရမလိုလို
ကိုယ့်စိတ်ကို ကိုယ်အလိုလိုက်နေပုံများ
မြွေမနိုင်ပဲ မြွေလမ္ပာယ်ပြနေသူလို့် အပြောခံရ…..
ငါ့နှယ်
ကဗျာရေးချင်နေတဲ့ ယင်းထနေတာ
ပုန်းလျှိုး ကွယ်လျှိုး ဟိုချောင်သည်ချောင်တိုး ရေးရမှာလား
အိမ်သူနဲ့  အွန်လိုင်းမှာ သိုင်းကစားရတာ အကြိမ်ကြိမ် ……
ငါ့နှယ်
မိုင်ထောင်ချီဝေးတဲ့အရပ်မှာ … ငါ
ငလျင်က ငါမရှိ တဲ့အချိန်မှာလာ
ငါ ရှိတော့ရော ငါ့ကိုယ်ငါ ပြန်မေး
အေး အနည်းဆုံးတော့ မိသားစု ဖက်သေလို့ ရတာပေါ့ကွာ ….
ငါ က ငါ့ကို အပြစ်တင် (အဲဒီကြားက)
ကဗျာတွေ တပုဒ်ပီး တပုဒ် ရေးထုတ်လို့  …
တောင်ရောက် မြောက်ရောက် ငါ့ စိတ် ကိုယ်ငါ
စစ်တမ်းကောက်ထား
အိမ်သူနဲ့  စကားများတဲ့နေ့ က
စကိုက်ပ်(skype)ကနေ လှမ်းအခေါ်
ပေါ်လာတဲ့ ပုံရိပ်နဲ့  စကားသံ အပေါ်
ရောမမြို့ ကြီး မီးဟုန်းဟုန်းတောက်တော့
နီရိုးဘုရင်ဟာ စောင်းတီးရုံတင်မက
ကဗျာလဲရေး ကဗျာလဲရွတ်တယ်ဆိုတဲ့အကြောင်းကို
ငါ ကြားအောင် သားကို သူမပြောပြနေပုံများ
ငါ့နှယ် ………..။
ရဲရင့်သက်ဇွဲ
၀၄၂၀၁၁
(ဧပြီ ၇ ၇က်နေ့ လှုပ်သွားသောငလျင်ပီး နောက်ဆက်တွဲ မိမိ၏ငလျင်အကြောင်းကို
ရေးဖွဲ့ ရာတွင် ဆရာခင်အောင်အေး၏ကဗျာမှ ငါ့ နှယ် ဆိုသော အသုံးအနှုန်းအား ယူသုံးပါသည်။)
ဧပရယ် ကောင်းကင်
ဧပရယ် ကောင်းကင်
တယောက်ဘ၀နဲ့ 
တယောက် ဘဝ
ပတ်သက် ဆက်နွယ်နေပုံများ
အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ
အချိန်အခါနဲ့  ပွင့်လန်းလာတဲ့
ပိတောက်ပန်းလိုမျိုး
ငါတို့ သွေးထဲက ကောင်းကင်မှာ
ရွှေရည်တွေ လိမ်းကျန်လို့ 
ငါ့ … မှာ
တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။
ဧပရယ် ကောင်းကင်
တယောက်ဘ၀နဲ့ 
တယောက် ဘဝ
ပတ်သက် ဆက်နွယ်နေပုံများ
အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ
အချိန်အခါနဲ့  ပွင့်လန်းလာတဲ့
ပိတောက်ပန်းလိုမျိုး
ငါတို့ သွေးထဲက ကောင်းကင်မှာ
ရွှေရည်တွေ လိမ်းကျန်လို့ 
ငါ့ … မှာ
တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။
ကောင်းကင်ကို ဖြိုမချကြပါနဲ့ 
မြေပြင်ပေါ်မှာ ကြေကွဲစရာ
ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 
ပိတောက်ဝါတွေမှာတော့
စစ်ဖိနပ်တွေကြားမှာတောင်မှ
မကြောက်တရားတွေနဲ့ 
ထိန်ထိန်တောက်နေဆဲ …..၊
ရိုးရာသင်္ကြန် မှသည်
သရုပ်ပျက် သင်္ကြန်
ခေတ်လွန် သင်္ကြန်
စီးပွားရေး သင်္ကြန်
ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်
နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်
ထိုထို ဤဤ သင်္ကြန်တို့ အား
(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)
စောင့်ရှောက်တော်မူစေသတည်း …. လို့ 
ရွဲ့ ရွဲ့ စောင်းစောင်း
ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။
သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ
ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ
သိကြားမင်းလဲ လာမြဲလာပါ
ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ
ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ
လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ
သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ
ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။
ရဲရင့်သက်ဇွဲ
ကောင်းကင်ကို ဖြိုမချကြပါနဲ့ 
မြေပြင်ပေါ်မှာ ကြေကွဲစရာ
ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 
ပိတောက်ဝါတွေမှာတော့
စစ်ဖိနပ်တွေကြားမှာတောင်မှ
မကြောက်တရားတွေနဲ့ 
ထိန်ထိန်တောက်နေဆဲ …..၊
ရိုးရာသင်္ကြန် မှသည်
သရုပ်ပျက် သင်္ကြန်
ခေတ်လွန် သင်္ကြန်
စီးပွားရေး သင်္ကြန်
ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်
နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်
ထိုထို ဤဤ သင်္ကြန်တို့ အား
(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)
စောင့်ရှောက်တော်မူစေသတည်း …. လို့ 
ရွဲ့ ရွဲ့ စောင်းစောင်း
ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။
သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ
ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ
သိကြားမင်းလဲ လာမြဲလာပါ
ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ
ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ
လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ
သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ
ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။
ရဲရင့်သက်ဇွဲ
တယောက်ဘ၀နဲ့ 
တယောက် ဘဝ
ပတ်သက် ဆက်နွယ်နေပုံများ
အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ
အချိန်အခါနဲ့  ပွင့်လန်းလာတဲ့
ပိတောက်ပန်းလိုမျိုး
ငါတို့ သွေးထဲက ကောင်းကင်မှာ
ရွှေရည်တွေ လိမ်းကျန်လို့ 
ငါ့ … မှာ
တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။
ဧပရယ် ကောင်းကင်
တယောက်ဘ၀နဲ့ 
တယောက် ဘဝ
ပတ်သက် ဆက်နွယ်နေပုံများ
အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ
အချိန်အခါနဲ့  ပွင့်လန်းလာတဲ့
ပိတောက်ပန်းလိုမျိုး
ငါတို့ သွေးထဲက ကောင်းကင်မှာ
ရွှေရည်တွေ လိမ်းကျန်လို့ 
ငါ့ … မှာ
တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။
ကောင်းကင်ကို ဖြိုမချကြပါနဲ့ 
မြေပြင်ပေါ်မှာ ကြေကွဲစရာ
ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 
ပိတောက်ဝါတွေမှာတော့
စစ်ဖိနပ်တွေကြားမှာတောင်မှ
မကြောက်တရားတွေနဲ့ 
ထိန်ထိန်တောက်နေဆဲ …..၊
ရိုးရာသင်္ကြန် မှသည်
သရုပ်ပျက် သင်္ကြန်
ခေတ်လွန် သင်္ကြန်
စီးပွားရေး သင်္ကြန်
ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်
နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်
ထိုထို ဤဤ သင်္ကြန်တို့ အား
(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)
စောင့်ရှောက်တော်မူစေသတည်း …. လို့ 
ရွဲ့ ရွဲ့ စောင်းစောင်း
ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။
သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ
ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ
သိကြားမင်းလဲ လာမြဲလာပါ
ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ
ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ
လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ
သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ
ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။
ရဲရင့်သက်ဇွဲ
ကောင်းကင်ကို ဖြိုမချကြပါနဲ့ 
မြေပြင်ပေါ်မှာ ကြေကွဲစရာ
ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 
ပိတောက်ဝါတွေမှာတော့
စစ်ဖိနပ်တွေကြားမှာတောင်မှ
မကြောက်တရားတွေနဲ့ 
ထိန်ထိန်တောက်နေဆဲ …..၊
ရိုးရာသင်္ကြန် မှသည်
သရုပ်ပျက် သင်္ကြန်
ခေတ်လွန် သင်္ကြန်
စီးပွားရေး သင်္ကြန်
ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်
နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်
ထိုထို ဤဤ သင်္ကြန်တို့ အား
(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)
စောင့်ရှောက်တော်မူစေသတည်း …. လို့ 
ရွဲ့ ရွဲ့ စောင်းစောင်း
ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။
သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ
ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ
သိကြားမင်းလဲ လာမြဲလာပါ
ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ
ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ
လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ
သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ
ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။
ရဲရင့်သက်ဇွဲ
Sunday, April 10, 2011
ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်
ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်
ဝမ်းနည်းကြေကွဲမှုဆိုတာ ......
တရားလား ......
သိတယ် ..
မြင်တယ်...
ဒီအသက်အရွယ် ကြွေချိန်တန်ပါပီလေ .......
အော်. ..ကြယ်တပွင့် ကြွေလင့် .......
အို...ဘုရားရှင်..စောင့်ရှောက်တော်မူပါ .....
အစားထိုးမရတဲ့ ဆုံးရှုံးမှု .......
ကျနော်တို့ ကို ထားခဲ့ပီလား..ဆရာ ပါ....
ဆရာရေ ..... ရာဟုလာသံကစ္စည်း အငမ်းမရ
ဖတ်ခဲ့ရတဲ့ ကာလများ ......
ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် .....
ဆရာ ရေ.....
ဘုရားရှင်ကိုယ်တော်တောင်မှ
မလွန်ဆန်နိုင်ခဲ့ တဲ့ ကိစ္စ .........
ဆရာ ပါရဂူ ....................
သေခြင်းသည်မဆန်း ...ပန်းတပွင့်ကြွေ ....
မြေ၀သုန်ရေ ..... ဆီးကြိုပေတော့ ......
စသည့်စသည့် အသံလှိုင်းများ ဆူညံ
ကမ္ဘာပျက်သည့်အလား ......
ကြေကွမှု အတိုင်းအဆ
နှိုင်းပြမှုများ ..................
မိတ်ဆွေတို့ ခင်ဗျား........
ကျေးဇူးပြုပီး တိတ်ဆိတ်စွာ
ကြေကွဲ
ဟောဒီမှာ .....တရားကို
တရားနဲ့  ဖြေဖို့ ကြိုးစားနေဆဲ ......။
(အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးရပ်စလုံးအတွက် ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်။)
ရဲရင့်သက်ဇွဲ
၀၉၀၄၂၀၁၁
ဝမ်းနည်းကြေကွဲမှုဆိုတာ ......
တရားလား ......
သိတယ် ..
မြင်တယ်...
ဒီအသက်အရွယ် ကြွေချိန်တန်ပါပီလေ .......
အော်. ..ကြယ်တပွင့် ကြွေလင့် .......
အို...ဘုရားရှင်..စောင့်ရှောက်တော်မူပါ .....
အစားထိုးမရတဲ့ ဆုံးရှုံးမှု .......
ကျနော်တို့ ကို ထားခဲ့ပီလား..ဆရာ ပါ....
ဆရာရေ ..... ရာဟုလာသံကစ္စည်း အငမ်းမရ
ဖတ်ခဲ့ရတဲ့ ကာလများ ......
ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် .....
ဆရာ ရေ.....
ဘုရားရှင်ကိုယ်တော်တောင်မှ
မလွန်ဆန်နိုင်ခဲ့ တဲ့ ကိစ္စ .........
ဆရာ ပါရဂူ ....................
သေခြင်းသည်မဆန်း ...ပန်းတပွင့်ကြွေ ....
မြေ၀သုန်ရေ ..... ဆီးကြိုပေတော့ ......
စသည့်စသည့် အသံလှိုင်းများ ဆူညံ
ကမ္ဘာပျက်သည့်အလား ......
ကြေကွမှု အတိုင်းအဆ
နှိုင်းပြမှုများ ..................
မိတ်ဆွေတို့ ခင်ဗျား........
ကျေးဇူးပြုပီး တိတ်ဆိတ်စွာ
ကြေကွဲ
ဟောဒီမှာ .....တရားကို
တရားနဲ့  ဖြေဖို့ ကြိုးစားနေဆဲ ......။
(အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးရပ်စလုံးအတွက် ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်။)
ရဲရင့်သက်ဇွဲ
၀၉၀၄၂၀၁၁
Sunday, April 03, 2011
တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
တလှုပ်လှုပ် တရွရွ သင်္ကြန်ပိုး ထနေပုံများ
နေမြင့်လေ အရူးရင့်လေဆိုသလို
ဒီလိုအချိန်မျိုး အမှတ်ရ
တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ ကျန်းမာရေးချို့ ယွင်း
သင်္ကြန်ရက်တွေအတွင်း မိုးမရွာရင်
ပိတောက်ဖူးလေးတွေ အပွင့်ခက်ပေါ့
သင်္ကြန်လည်း အလှပျက်ပေါ့……။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်ပြည်က နာမကျန်း
သမတ သိန်းစိန် နဲ့  လူကြမ်းများ
သင်္ကြန်ရက်အတွင်း ကြမ်းကြ ရမ်းကြ
ပြည်သူတွေ ကြားထဲ ဗုံးခွဲမှဖြင့် ….။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်းပြည်ရဲ့ အနာဂါတ်က
လွှတ်တော်သစ်ကြီးထဲမှာ ငန်းဖမ်း လေဖြတ်
မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုလည်း အသေသတ်နေပါပေါ့ ….။
ငါ….ယုံတယ်…. စိုးရိမ်စိတ်တွေနဲ့ ပါပဲ
သောကများခေတ္တ မေ့လျော့ထားရာ ထွက်ပေါက်တခုဟာ
ဟောဒီ အတာသင်္ကြန်…. အတာသင်္ကြန် ပါပဲ….
ခင်ဝမ်းသီချင်းတစ ငါ ရွတ်ပြပါရစေ
အပျော်ငတ်သူဟာ ကွမ်းတရာနဲ့  အဆာမပြေဘူး ……။
ရဲရင့်သက်ဇွဲ
၀၂၀၄၂၀၁၁
တလှုပ်လှုပ် တရွရွ သင်္ကြန်ပိုး ထနေပုံများ
နေမြင့်လေ အရူးရင့်လေဆိုသလို
ဒီလိုအချိန်မျိုး အမှတ်ရ
တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ ကျန်းမာရေးချို့ ယွင်း
သင်္ကြန်ရက်တွေအတွင်း မိုးမရွာရင်
ပိတောက်ဖူးလေးတွေ အပွင့်ခက်ပေါ့
သင်္ကြန်လည်း အလှပျက်ပေါ့……။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်ပြည်က နာမကျန်း
သမတ သိန်းစိန် နဲ့  လူကြမ်းများ
သင်္ကြန်ရက်အတွင်း ကြမ်းကြ ရမ်းကြ
ပြည်သူတွေ ကြားထဲ ဗုံးခွဲမှဖြင့် ….။
စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်းပြည်ရဲ့ အနာဂါတ်က
လွှတ်တော်သစ်ကြီးထဲမှာ ငန်းဖမ်း လေဖြတ်
မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုလည်း အသေသတ်နေပါပေါ့ ….။
ငါ….ယုံတယ်…. စိုးရိမ်စိတ်တွေနဲ့ ပါပဲ
သောကများခေတ္တ မေ့လျော့ထားရာ ထွက်ပေါက်တခုဟာ
ဟောဒီ အတာသင်္ကြန်…. အတာသင်္ကြန် ပါပဲ….
ခင်ဝမ်းသီချင်းတစ ငါ ရွတ်ပြပါရစေ
အပျော်ငတ်သူဟာ ကွမ်းတရာနဲ့  အဆာမပြေဘူး ……။
ရဲရင့်သက်ဇွဲ
၀၂၀၄၂၀၁၁
Saturday, April 02, 2011
ဥရောပကို ခြေချတဲ့ ညက
နှင်း ပွင့်တွေက လေယာဉ်ပြူတင်းပေါက်မှာ လာကပ်ကြတယ်
လေးယာဉ်ဟာ တဖြည်းဖြည်းနိမ့်ဆင်း နှင်းဖုံးမြေကို ဆင်းတော့မယ်..၊
အရပ်ရှစ်မျက်နှာ နှင်းတွေဖုံးလွှမ်း တိုက်လာတဲ့လေကြမ်းကြမ်းမှာ
ငါဟာ …. ဘဏ်ဓါးပြတယောက်လို မျက်နှာဖုံးနဲ့  ကိုယ့်ကိုယ်ကို ပြုံးမိသေးတယ်..။
ဒီမြေ ဒီရေ ဒီလေ အမျိုးသားရေးဝါဒီ ဟစ်တလာရဲ့  နာဇီဝါဒထွန်းကားရာနေရာလေ …။
အေးခဲလွန်းတဲ့ ဆောင်းညတွေ
တိတိကျကျပြောရရင် ဥရောပရဲ့ ဆောင်းညတွေ
ငါ အလူးလူးအလိမ့်လိမ့် ခံစား မှေးကနဲပျော်အသွားမှာ
နာဇီတို့ ရဲ့  စစ်ဖိနပ်သံကို ကြားရတယ်
ဂတ်စတာပိုတွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေမြင်ရတယ်
ဥရောပတိုင်းပြည်များရဲ့  ပြည်သူတို့ ငိုကြွေးသံ
မိုးယံမှာ ပဲ့တင်ထပ်လို့  ……..။
ဆီးနှင်ကျသံ ချောက်ချားဖွယ်ရာ ညကြီးးထဲမှာ
အော့နှလုံးနာစရာ အကျဉ်း စခန်းများထဲက
အစုလိုက် အပြုံလိုက် သမိုင်းဝင် ရာဇ၀တ်မှုများ သမိုင်းတင်ခဲ့ပြီ
လူသား ရဲ့ ဖြစ်တည်မှုကို လူသားကပဲဖျက်ဆီး
ပျက်ဆီးသွားတဲ့ လောကပါလတရား
ခံစားတတ်တဲ့ နှလုံးသားမှာ မျက်ရည်များဝေလာ ….။
ဆောင်းအိပ်မက်ပါ…..
ဥရောပမြေပေါ်မှ အဖြစ်အပျက်များ
စစ်အာဏာရှင်တို့ ရဲ့  စရိုက်တူမှုများ
ဥရောပ အမေရိက အာရှ အာဖရိက နေရာအနှံ့ အပြား
အာဏာရှင်ဆိုတာ ဒီ ပုတ်ထဲက ဒီပဲများသာ ….။
ဟစ်တလာရဲ့  ဇာတ်သိမ်း
အာဏာရှင်တို့ ရဲ့  အာဏာရှင်တို့ ရဲ့  ဇာတ်သိမ်း
ဒီကမ္ဘာမှာ ထပ်တူထပ်မျှပြည်သူတို့ ရဲ့  ဒဏ်ခတ်ခြင်းကို
ခံရတာပဲမဟုတ်လား ……။
ရဲရင့်သက်ဇွဲ ၃၀ အောက်တိုဘာ၂၀၁၁ (ဥရောပဝေဒနာညများကဗျာစုမှ)
နှင်း ပွင့်တွေက လေယာဉ်ပြူတင်းပေါက်မှာ လာကပ်ကြတယ်
လေးယာဉ်ဟာ တဖြည်းဖြည်းနိမ့်ဆင်း နှင်းဖုံးမြေကို ဆင်းတော့မယ်..၊
အရပ်ရှစ်မျက်နှာ နှင်းတွေဖုံးလွှမ်း တိုက်လာတဲ့လေကြမ်းကြမ်းမှာ
ငါဟာ …. ဘဏ်ဓါးပြတယောက်လို မျက်နှာဖုံးနဲ့  ကိုယ့်ကိုယ်ကို ပြုံးမိသေးတယ်..။
ဒီမြေ ဒီရေ ဒီလေ အမျိုးသားရေးဝါဒီ ဟစ်တလာရဲ့  နာဇီဝါဒထွန်းကားရာနေရာလေ …။
အေးခဲလွန်းတဲ့ ဆောင်းညတွေ
တိတိကျကျပြောရရင် ဥရောပရဲ့ ဆောင်းညတွေ
ငါ အလူးလူးအလိမ့်လိမ့် ခံစား မှေးကနဲပျော်အသွားမှာ
နာဇီတို့ ရဲ့  စစ်ဖိနပ်သံကို ကြားရတယ်
ဂတ်စတာပိုတွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေမြင်ရတယ်
ဥရောပတိုင်းပြည်များရဲ့  ပြည်သူတို့ ငိုကြွေးသံ
မိုးယံမှာ ပဲ့တင်ထပ်လို့  ……..။
ဆီးနှင်ကျသံ ချောက်ချားဖွယ်ရာ ညကြီးးထဲမှာ
အော့နှလုံးနာစရာ အကျဉ်း စခန်းများထဲက
အစုလိုက် အပြုံလိုက် သမိုင်းဝင် ရာဇ၀တ်မှုများ သမိုင်းတင်ခဲ့ပြီ
လူသား ရဲ့ ဖြစ်တည်မှုကို လူသားကပဲဖျက်ဆီး
ပျက်ဆီးသွားတဲ့ လောကပါလတရား
ခံစားတတ်တဲ့ နှလုံးသားမှာ မျက်ရည်များဝေလာ ….။
ဆောင်းအိပ်မက်ပါ…..
ဥရောပမြေပေါ်မှ အဖြစ်အပျက်များ
စစ်အာဏာရှင်တို့ ရဲ့  စရိုက်တူမှုများ
ဥရောပ အမေရိက အာရှ အာဖရိက နေရာအနှံ့ အပြား
အာဏာရှင်ဆိုတာ ဒီ ပုတ်ထဲက ဒီပဲများသာ ….။
ဟစ်တလာရဲ့  ဇာတ်သိမ်း
အာဏာရှင်တို့ ရဲ့  အာဏာရှင်တို့ ရဲ့  ဇာတ်သိမ်း
ဒီကမ္ဘာမှာ ထပ်တူထပ်မျှပြည်သူတို့ ရဲ့  ဒဏ်ခတ်ခြင်းကို
ခံရတာပဲမဟုတ်လား ……။
ရဲရင့်သက်ဇွဲ ၃၀ အောက်တိုဘာ၂၀၁၁ (ဥရောပဝေဒနာညများကဗျာစုမှ)
Thursday, March 31, 2011
သမီးကြီးရေ … အားတင်းထား
သမီးကြီးရေ … အားတင်းထား
ယောင်ဝါးဝါးလား
အချောင်းသမားလား
တမိုးလုံး ဖျောက်ဆိပ်ကြားမှာ
အားငယ်နေသလား သမီးကြီးရေ ……။
စိုက်လိုက်မတ်တပ် ရှေ့ ကိုတိုး
အနာဂတ်ကို ပျိုးယူ
(စိတ်တွေကတော့ ဗလောင်ဆူ)
ကျန်ရစ်ခဲ့သူ ဘွားအေ အတွက်
နိုင်ငံရေးအကျဉ်းသူဟောင်း မိခင်အတွက်
ညီမနှစ်ယောက်အတွက်
ယုံကြည်ချက်နှစ်ရှည် အကျဉ်းသား ဖခင်အတွက်
ဘ၀ကို တွယ်ဖက် အသက်ရှင်သန်ရမကွဲ့  သမီးကြီးရဲ့ …….။
ရဲဘော်ကြီးရေ
သမီးကြီး မိသားစုကို ကျနော့်ကိုယ်စား
စောင့်ရှောက်ပေးပါဗျာ …..
နရသိန်ထဲက သွေးသောက်ကြီးရဲ့ 
ကြေကွဲဘွယ်ရာ မြားတစင်းဟာ
ငါတို့  နှလုံးသားကို ဖောက်ထွင်းသွားပေါ့ ….။
သွေးသောက်ကြီးရေ
စိတ်ချလက်ချ နရသိန်ထဲက
တိုက်ပွဲကိုသာ အာရုံစိုက်ပါလေ
ဗုံမဟုတ် ပတ်မဟုတ် တွေကောင်းစားတဲ့ခေတ်ကြီးထဲမှာ
ဒီခလေးတွေအတွက် အမှန်တရားနဲ့  တရားမျှတမှုဟာ
လူရာဝင်စေရမယ် …။
ရဲရင့်သက်ဇွဲ
၃၀၀၃၂၀၁၁
ယောင်ဝါးဝါးလား
အချောင်းသမားလား
တမိုးလုံး ဖျောက်ဆိပ်ကြားမှာ
အားငယ်နေသလား သမီးကြီးရေ ……။
စိုက်လိုက်မတ်တပ် ရှေ့ ကိုတိုး
အနာဂတ်ကို ပျိုးယူ
(စိတ်တွေကတော့ ဗလောင်ဆူ)
ကျန်ရစ်ခဲ့သူ ဘွားအေ အတွက်
နိုင်ငံရေးအကျဉ်းသူဟောင်း မိခင်အတွက်
ညီမနှစ်ယောက်အတွက်
ယုံကြည်ချက်နှစ်ရှည် အကျဉ်းသား ဖခင်အတွက်
ဘ၀ကို တွယ်ဖက် အသက်ရှင်သန်ရမကွဲ့  သမီးကြီးရဲ့ …….။
ရဲဘော်ကြီးရေ
သမီးကြီး မိသားစုကို ကျနော့်ကိုယ်စား
စောင့်ရှောက်ပေးပါဗျာ …..
နရသိန်ထဲက သွေးသောက်ကြီးရဲ့ 
ကြေကွဲဘွယ်ရာ မြားတစင်းဟာ
ငါတို့  နှလုံးသားကို ဖောက်ထွင်းသွားပေါ့ ….။
သွေးသောက်ကြီးရေ
စိတ်ချလက်ချ နရသိန်ထဲက
တိုက်ပွဲကိုသာ အာရုံစိုက်ပါလေ
ဗုံမဟုတ် ပတ်မဟုတ် တွေကောင်းစားတဲ့ခေတ်ကြီးထဲမှာ
ဒီခလေးတွေအတွက် အမှန်တရားနဲ့  တရားမျှတမှုဟာ
လူရာဝင်စေရမယ် …။
ရဲရင့်သက်ဇွဲ
၃၀၀၃၂၀၁၁
Tuesday, March 29, 2011
ရင်ငလျင်
ရင်ငလျင်
တာလေမှာ
ကဗျာတွေမတွေ့ ဘူး၊
အနိဌာရုံ နဲ့  မသာတွေ့ တယ်။
ကြေးစည်သံလား
မေတ္တာတရား နဲ့ 
စာနာစိတ်တွေ တောင်းခံနေစဉ်။
သင် မြင်ခွင့် မရလို့  နေမှာပါ
ကဗျာတွေက
အက်ကြောင်းထဲမှာလေ။
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၁
တာလေမှာ
ကဗျာတွေမတွေ့ ဘူး၊
အနိဌာရုံ နဲ့  မသာတွေ့ တယ်။
ကြေးစည်သံလား
မေတ္တာတရား နဲ့ 
စာနာစိတ်တွေ တောင်းခံနေစဉ်။
သင် မြင်ခွင့် မရလို့  နေမှာပါ
ကဗျာတွေက
အက်ကြောင်းထဲမှာလေ။
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၁
Monday, March 28, 2011
ကျိန်စာ
ကျိန်စာ
အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။
အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။
ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉
အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။
အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။
ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉
Friday, March 25, 2011
ငလျင် … ကောက်ရိုးတမျှင် …ချစ်ခြင်းတရား
ငလျင် … ကောက်ရိုးတမျှင် …ချစ်ခြင်းတရား
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
အိပ်စက်ခြင်းတို့ က အညှာအတာမဲ့စွာ
သားကို ရက်ရက်စက်စက် ပြစ်ခွါသွားကြတယ်။
မဆီမဆိုင် အတွေးများ ကစင့်ကလျား
ကျူးကျော်စစ်သုံးခုနဲ့  သားတို့ တိုင်းပြည် နယ်ချဲ့လက် ကျခဲ့ရတယ်။
အခုတော့ … စစ်ပွဲ တပွဲမှ မနွှဲလိုက်ရပဲနဲ့  သားရဲ့ ညဟာ
အတွေး နယ်ချဲ့ လက်မှာ လုံးလုံးကြီးကျရှုံးခဲ့ရပါပီ၊
အဓိကတရားခံကတော့ ကမ္ဘာမြေကို ကိုင်လှုပ် ဆူနာမီလှိုင်းနဲ့ ရိုက်ပုတ်
လူတွေထောင်သောင်းချီ သေကျေ ပျက်စီး တုန်လှုပ်ခြင်းကြီးခဲ့ရတဲ့
ငလျင်ပဲပေါ့ …. မေမေ။
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
ဥရောပရဲ့  ဆောင်းနှောင်းရာသီလေဟာ
ရေခဲရေငွေ့ ကိုလျော့ချ သယ်ဆောင်လာသည့်တိုင်အောင်
အအေးဓာတ်က တကိုယ်လုံးကို ထိုးဖောက် အာရုံတွေ နောက်လှပီ။
အဖြစ်အပျက်က ကိုယ့်လက်ပေါ်မှာ အသက်ထွက်သွားတာကို ကြုံရသလိုမျိုး
ချောက်ချောက်ချားချား ရှိနေရတဲ့အထဲ ပြေးစရာ မြေမရှိ ရေမရှိ
အန္တရာယ်အတိနဲ့  လေကိုကြည့်ဦးမလား
မြေ ရေ လေ အားလုံးအဆိပ်ငွေ့ တွေဖုံးလို့ 
ကျနော် လေ ဘယ်လိုလုပ်ပီးတော့များ ပြုံး နိုင် ရယ်နိုင်ဦးမှာလဲ၊
သား နဲ့  သူ့ အမေ ၊ ပီးတော့ လုပ်ဖော် ကိုင်ဖက်များ မိတ်ဆွေများ
ကျနော့်နိုင်ငံသူနိုင်ငံသားများ၊ သူတို့ နိုင်ငံသူနိုင်ငံသားများ
ဘေးကင်းစေချင်တဲ့ ဆန္ဒက ငယ်ထိပ်တက်နေခဲ့ပေါ့ … မေမေ ။
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
သားမှာ ဒုက္ခိတ ပျားတုတ် သတင်းတပုဒ် ရောက်လာတယ်
ခုနှစ် ပြင်းအားရှိတဲ့ ငလျင်တခု ဗမာပြည်ဘက်ကို ချီတက်သွားတယ်ဆိုရဲ့ 
ကျနော်လေ ရင်မှာ လှိုင်းထ အမေနဲ့  အမေ့မြေး(မြည်း)တွေအတွက်ပ ၊
စိုးရိမ်စိတ် နဲ့  ဖုံးခွက်ကို အသာမ ခပ်သွက်သွက် နံပါတ်ကို နှိပ်ချလိုက်တယ် ။
သတ္ထုလှိုင်သံကိုဖြတ်သန်း အေးမြတဲ့ အမေ့ရဲ့  စမ်းရေသံကြားရတဲ့အခါ
ဖြစ်ချင်းပျက်ခြင်းတရားများ အပြန်အလှန်မှာကြား အမေနဲ့ သားအကြားမှာ
တောင် မင်းကို မြောက်မင်းက မကယ်နိုင်
ဇနီး၊သား၊ မိတ်ဆွေများနဲ့  ငါ့ အကြားမှာ
မြောက်မင်းက တောင်မင်းကို မကယ်နိုင် ….
ငါ ကလဲ ငါ့ကို အားမပေးနိုင်
ဘေးဘယာ ဝေးကွာ အောင် တဦးနဲ့ တဦး
မေတ္တာကြိုးနဲ့  ချည်နှောင် ဒီလူ့ ဘောင်မှာ
နောကိဆုံးထွက်သက် ကောက်ရိုးတမျှင်ဖြစ်ချင် ဖြစ်မကွဲ့ 
မသေခင်လေး နောက်ဆုံးအခွင့်အရေး
အမေ့ကို တခါလောက်တော့ ပွေ့ ဖက်ခွင့် ရချင်သေးရဲ့  ။
ရဲရင့်သက်ဇွဲ
၂၅၀၃၂၀၁၁
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
အိပ်စက်ခြင်းတို့ က အညှာအတာမဲ့စွာ
သားကို ရက်ရက်စက်စက် ပြစ်ခွါသွားကြတယ်။
မဆီမဆိုင် အတွေးများ ကစင့်ကလျား
ကျူးကျော်စစ်သုံးခုနဲ့  သားတို့ တိုင်းပြည် နယ်ချဲ့လက် ကျခဲ့ရတယ်။
အခုတော့ … စစ်ပွဲ တပွဲမှ မနွှဲလိုက်ရပဲနဲ့  သားရဲ့ ညဟာ
အတွေး နယ်ချဲ့ လက်မှာ လုံးလုံးကြီးကျရှုံးခဲ့ရပါပီ၊
အဓိကတရားခံကတော့ ကမ္ဘာမြေကို ကိုင်လှုပ် ဆူနာမီလှိုင်းနဲ့ ရိုက်ပုတ်
လူတွေထောင်သောင်းချီ သေကျေ ပျက်စီး တုန်လှုပ်ခြင်းကြီးခဲ့ရတဲ့
ငလျင်ပဲပေါ့ …. မေမေ။
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
ဥရောပရဲ့  ဆောင်းနှောင်းရာသီလေဟာ
ရေခဲရေငွေ့ ကိုလျော့ချ သယ်ဆောင်လာသည့်တိုင်အောင်
အအေးဓာတ်က တကိုယ်လုံးကို ထိုးဖောက် အာရုံတွေ နောက်လှပီ။
အဖြစ်အပျက်က ကိုယ့်လက်ပေါ်မှာ အသက်ထွက်သွားတာကို ကြုံရသလိုမျိုး
ချောက်ချောက်ချားချား ရှိနေရတဲ့အထဲ ပြေးစရာ မြေမရှိ ရေမရှိ
အန္တရာယ်အတိနဲ့  လေကိုကြည့်ဦးမလား
မြေ ရေ လေ အားလုံးအဆိပ်ငွေ့ တွေဖုံးလို့ 
ကျနော် လေ ဘယ်လိုလုပ်ပီးတော့များ ပြုံး နိုင် ရယ်နိုင်ဦးမှာလဲ၊
သား နဲ့  သူ့ အမေ ၊ ပီးတော့ လုပ်ဖော် ကိုင်ဖက်များ မိတ်ဆွေများ
ကျနော့်နိုင်ငံသူနိုင်ငံသားများ၊ သူတို့ နိုင်ငံသူနိုင်ငံသားများ
ဘေးကင်းစေချင်တဲ့ ဆန္ဒက ငယ်ထိပ်တက်နေခဲ့ပေါ့ … မေမေ ။
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
သားမှာ ဒုက္ခိတ ပျားတုတ် သတင်းတပုဒ် ရောက်လာတယ်
ခုနှစ် ပြင်းအားရှိတဲ့ ငလျင်တခု ဗမာပြည်ဘက်ကို ချီတက်သွားတယ်ဆိုရဲ့ 
ကျနော်လေ ရင်မှာ လှိုင်းထ အမေနဲ့  အမေ့မြေး(မြည်း)တွေအတွက်ပ ၊
စိုးရိမ်စိတ် နဲ့  ဖုံးခွက်ကို အသာမ ခပ်သွက်သွက် နံပါတ်ကို နှိပ်ချလိုက်တယ် ။
သတ္ထုလှိုင်သံကိုဖြတ်သန်း အေးမြတဲ့ အမေ့ရဲ့  စမ်းရေသံကြားရတဲ့အခါ
ဖြစ်ချင်းပျက်ခြင်းတရားများ အပြန်အလှန်မှာကြား အမေနဲ့ သားအကြားမှာ
တောင် မင်းကို မြောက်မင်းက မကယ်နိုင်
ဇနီး၊သား၊ မိတ်ဆွေများနဲ့  ငါ့ အကြားမှာ
မြောက်မင်းက တောင်မင်းကို မကယ်နိုင် ….
ငါ ကလဲ ငါ့ကို အားမပေးနိုင်
ဘေးဘယာ ဝေးကွာ အောင် တဦးနဲ့ တဦး
မေတ္တာကြိုးနဲ့  ချည်နှောင် ဒီလူ့ ဘောင်မှာ
နောကိဆုံးထွက်သက် ကောက်ရိုးတမျှင်ဖြစ်ချင် ဖြစ်မကွဲ့ 
မသေခင်လေး နောက်ဆုံးအခွင့်အရေး
အမေ့ကို တခါလောက်တော့ ပွေ့ ဖက်ခွင့် ရချင်သေးရဲ့  ။
ရဲရင့်သက်ဇွဲ
၂၅၀၃၂၀၁၁
Tuesday, March 22, 2011
ညီတော်တယောက် ကဗျာကောက်ရခြင်း
ညီတော်တယောက် ကဗျာကောက်ရခြင်း
မွေးနေ့ ရက်မှာလည်း
ဘေးတွေ့ လျက်သာပဲလို့ 
ကဗျာထဲ ရေးရမလို။
ဘယ်နှနှစ်မြောက်လဲ
ဒါလည်း မဝေခွဲတတ်တော့
ကြေကွဲဇာတ်က အတိပြီးပြန်။
အော့ဇ၀စ်အကျဉ်းထဲမှာလား
နာဇီလက်သစ်တွေ လက်ထဲမလား
မယားနဲ့ သားအတွက် ဗလောင်ဆူ
ဂျပန်ဆူနာမီ ငလျင်လှိုင်းက
ဘာလင်တံတိုင်းကို ကျော်ခဲ့
အဖော်မဲ့သူရဲ့ သောက
လောကပြက်ရယ် ပြုသကို။
ငိုလို့ လဲ မဆုံးတဲ့ ၀တ္ထု
ဒီရာစုမှာ ရေးသား
တရားရှင်ရဲ့  စီရင်ချက်ပေလား
ဘ၀ခါးခါးကိုမှ မြိန်မြိန်ယှက်ယှက်
သေမင်းလက်ကို ပုတ်ထုတ်ခဲ့
နောက်မဆုတ်တတ်တဲ့ ရာဇ၀င်
မွေးနေ့ ရှင်သာ ရေးပေတော့။ ။
(ရဲရင့်သက်ဇွဲ မွေးနေ့ သို့ )
မောင်လွမ်းဏီ
၂၂ မတ် ၂၀၁၁
မွေးနေ့ ရက်မှာလည်း
ဘေးတွေ့ လျက်သာပဲလို့ 
ကဗျာထဲ ရေးရမလို။
ဘယ်နှနှစ်မြောက်လဲ
ဒါလည်း မဝေခွဲတတ်တော့
ကြေကွဲဇာတ်က အတိပြီးပြန်။
အော့ဇ၀စ်အကျဉ်းထဲမှာလား
နာဇီလက်သစ်တွေ လက်ထဲမလား
မယားနဲ့ သားအတွက် ဗလောင်ဆူ
ဂျပန်ဆူနာမီ ငလျင်လှိုင်းက
ဘာလင်တံတိုင်းကို ကျော်ခဲ့
အဖော်မဲ့သူရဲ့ သောက
လောကပြက်ရယ် ပြုသကို။
ငိုလို့ လဲ မဆုံးတဲ့ ၀တ္ထု
ဒီရာစုမှာ ရေးသား
တရားရှင်ရဲ့  စီရင်ချက်ပေလား
ဘ၀ခါးခါးကိုမှ မြိန်မြိန်ယှက်ယှက်
သေမင်းလက်ကို ပုတ်ထုတ်ခဲ့
နောက်မဆုတ်တတ်တဲ့ ရာဇ၀င်
မွေးနေ့ ရှင်သာ ရေးပေတော့။ ။
(ရဲရင့်သက်ဇွဲ မွေးနေ့ သို့ )
မောင်လွမ်းဏီ
၂၂ မတ် ၂၀၁၁
Subscribe to:
Posts (Atom)