Monday, April 18, 2011

သေသာသွားရတော့မယ် ….. မအီမလယ်နဲ့ 

သေသာသွားရတော့မယ် ….. မအီမလယ်နဲ့ 

နေရတာမကောင်းဘူး
မအီမလယ်နဲ့ 
ရာသီဥတုကလဲ
မအီမလယ်နဲ့ 
မြင်တွေ့ နေရတဲ့မြင်ကွင်း
မအီမလယ်နဲ့ 
ကြားနေရတဲ့ အသံ သီချင်း
မအီမလယ်နဲ့ 
အသက်ရှင်နေရတာကိုက
မအီမလယ်နဲ့  ..
ခေတ်ကြီးက ကျနော်တို့ ရဲ့ 
မအောင်မြင်မှုများအပေါ်
မအီမလယ်နဲ့  …….။

မအီမလယ်နဲ့ 
ကျနော်နေတဲ့ အရပ်ရဲ့ 
အခင်းအကျင်း အားလုံး ပြဇာတ်ဆံတယ်…
မအီမလယ်နဲ့ 
ကျနော် ဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်
ဇာတ်ပွဲ ဆံလွန်းတယ် ……
မအီမလယ်နဲ့ 
ကျနော့်ရဲ့ ဘဝ
အနာဂတ်ကို မျှော်မှန်း
လျောက်လှမ်းခဲ့ရတဲ့လမ်းဟာ
နောက်ပိုင်း ဇာတ်ထုပ်တွေလို
ဇာတ်နာလွန်းတယ် ………

အဲဒီလို … မအီမလယ်နဲ့ ပဲ
ဇာတ်ခေါင်းကွဲခဲ့ရတဲ့ ခေတ် စံနစ် ထဲမှာ
အောင်မြင်မှုကို မသယ်ဆောင်နိုင်ခဲ့ပုံများ
ကျနော့်မှာ … သေသာသွားရတော့မယ်
မအီမလယ်နဲ့  ……………။

ရဲရင့်သက်ဇွဲ ၁၅၀၄၂၀၁၁



No comments: