Sunday, April 03, 2011

တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး

တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး


တလှုပ်လှုပ် တရွရွ သင်္ကြန်ပိုး ထနေပုံများ
နေမြင့်လေ အရူးရင့်လေဆိုသလို
ဒီလိုအချိန်မျိုး အမှတ်ရ
တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။

စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ ကျန်းမာရေးချို့ ယွင်း
သင်္ကြန်ရက်တွေအတွင်း မိုးမရွာရင်
ပိတောက်ဖူးလေးတွေ အပွင့်ခက်ပေါ့
သင်္ကြန်လည်း အလှပျက်ပေါ့……။

စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်ပြည်က နာမကျန်း
သမတ သိန်းစိန် နဲ့  လူကြမ်းများ
သင်္ကြန်ရက်အတွင်း ကြမ်းကြ ရမ်းကြ
ပြည်သူတွေ ကြားထဲ ဗုံးခွဲမှဖြင့် ….။

စိုးရိမ်မိတယ်
ကမ္ဘာကြီးက ဖျားနာ
တိုင်းပြည်ရဲ့ အနာဂါတ်က
လွှတ်တော်သစ်ကြီးထဲမှာ ငန်းဖမ်း လေဖြတ်
မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုလည်း အသေသတ်နေပါပေါ့ ….။

ငါ….ယုံတယ်…. စိုးရိမ်စိတ်တွေနဲ့ ပါပဲ
သောကများခေတ္တ မေ့လျော့ထားရာ ထွက်ပေါက်တခုဟာ
ဟောဒီ အတာသင်္ကြန်…. အတာသင်္ကြန် ပါပဲ….

ခင်ဝမ်းသီချင်းတစ ငါ ရွတ်ပြပါရစေ
အပျော်ငတ်သူဟာ ကွမ်းတရာနဲ့  အဆာမပြေဘူး ……။

ရဲရင့်သက်ဇွဲ
၀၂၀၄၂၀၁၁



No comments: