Sunday, April 10, 2011

ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်

ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်



ဝမ်းနည်းကြေကွဲမှုဆိုတာ ......

တရားလား ......

သိတယ် ..

မြင်တယ်...





ဒီအသက်အရွယ် ကြွေချိန်တန်ပါပီလေ .......

အော်. ..ကြယ်တပွင့် ကြွေလင့် .......

အို...ဘုရားရှင်..စောင့်ရှောက်တော်မူပါ .....

အစားထိုးမရတဲ့ ဆုံးရှုံးမှု .......

ကျနော်တို့ ကို ထားခဲ့ပီလား..ဆရာ ပါ....

ဆရာရေ ..... ရာဟုလာသံကစ္စည်း အငမ်းမရ

ဖတ်ခဲ့ရတဲ့ ကာလများ ......

ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် .....

ဆရာ ရေ.....

ဘုရားရှင်ကိုယ်တော်တောင်မှ

မလွန်ဆန်နိုင်ခဲ့ တဲ့ ကိစ္စ .........

ဆရာ ပါရဂူ ....................

သေခြင်းသည်မဆန်း ...ပန်းတပွင့်ကြွေ ....

မြေ၀သုန်ရေ ..... ဆီးကြိုပေတော့ ......



စသည့်စသည့် အသံလှိုင်းများ ဆူညံ

ကမ္ဘာပျက်သည့်အလား ......

ကြေကွမှု အတိုင်းအဆ

နှိုင်းပြမှုများ ..................



မိတ်ဆွေတို့ ခင်ဗျား........

ကျေးဇူးပြုပီး တိတ်ဆိတ်စွာ

ကြေကွဲ

ဟောဒီမှာ .....တရားကို

တရားနဲ့  ဖြေဖို့ ကြိုးစားနေဆဲ ......။



(အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးရပ်စလုံးအတွက် ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်။)



ရဲရင့်သက်ဇွဲ

၀၉၀၄၂၀၁၁

No comments: