Saturday, October 04, 2008

“ပြန်မလာနိုင်သူ”

ကောင်းကင်တခုလုံး
ကြေကွဲမှုတွေနဲ့ ပိတ်ဖုံးလို့ 
စွန့် လွှတ်လိုက်ရမှာလား
ခွင့်လွှတ်လိုက်ရမှာလား
ဦးနှောက်နဲ့ နှလုံးသား
အားပြိုင်မှုကြားမှာ
ကိုယ်က
အသိုက်အမြုံရှိရာ ပြန်မလာနိုင်သူပဲလေ ၊


လရောင်နဲ့ မက်တဲ့ အိပ်မက်မှာ
ကြယ်မစုံညများရဲ့ 
တကိုယ်ရေလွမ်းဆွတ်မှုတို့ 
ရွှေပြည်တော် မျှော်လေတိုင်း မှိုင်းရီလို့ 
ခံစားမှုအစိတ်အပိုင်းတိုင်းဟာ
ချစ်သူရဲ့  အလိုကျအတိုင်းသာ
အိပ်မက်ကနိုးထ မျက်ရည်စတွေနဲ့ ကြေကွဲခဲ့ရပေါ့ ၊

အမှတ်တရတခုကို
ဘ၀တခုနဲ့ လဲခဲ့ရသူမို့ 
ကံ ကံ၏အကျိုးပေးမှာ
ချောလဲ ရောမထိုင်ချင်သူ
သစ္စာဖောက်ခံရသူတယောက်ရဲ့ မှတ်တမ်း
ရင်ကွဲနာကျခန်းဟာ
အလွမ်းတွေနဲ့ တမ်းချင်းပဲလေ ။

ပျော်ချင်သူနဲ့ 
ပျော်ရာမှာ ပျော်ရှာပါတော့
ကိုယ်က
အသိုက်အမြုံရှိရာ ပြန်မလာနိုင်သူပဲလေ ။


No comments: