Saturday, September 27, 2008

စပယ်တွေ့  ဖွေးဖွေးလှုပ်လို့

၁။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ က
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။
၂။
ငါတို့ 
နွေးထွေးသော
ရင်ခွင်များ
အိမ်များ
အမေများ
ချစ်သူများ
အနာဂတ်များ
ပိုင်ဆိုင်နိုင်ခွင့်ရှိသော အရာများ
ထားရစ် ချန်ရစ်
ကျောခိုင်းထွက်ခွါခဲ့ကြ
ယုံကြည်ချက်တွေက
စပယ်တွေလို ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့  ။

၃။
အခုတော့ 
ဆရာမောင်သောကရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
ဗိုလ်မှူးချစ်ကောင်းရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
နူးညံ့သော နှလုံးသား
ခံနိုင်ရည်နဲ့  အားတင်းထားခဲ့တဲ့
အမေအိုရဲ့ မျက်ဝန်းများမှာ
စွန်းထင်းပေကျန်နေတဲ့
သောကရဲ့ အတိုင်းအဆ
အနှစ်နှစ်ဆယ်ကာလ့ 
ဟုတ်တယ့့် 
အမေအိုရဲ့  အနှစ်နှစ်ဆယ် ။

စပယ်ပွင့်တွေကြားမှာ အမေပြုံးတယ်
သောက မျက်ရည်စတွေနဲ့ 
နာနာ ကျည်းကျည်း ပြုံးတယ် ။
ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေနဲ့ 
ရောက်ရှိလာဦးမယ့် နေ့ သစ်တွေမှာ
အမေ့ရဲ့ စိတ်ဟာ သားနဲ့ ထပ်တူ
အောင်ပွဲကို ပွေ့ ဖက်မယ့်သူပါ
အမေ စောင့်နေတယ် သားရေ
စပယ်နံ့ တွေနဲ့ မွှမ်းထုံနေတဲ့ အမေ့ရဲ့ စကား
သားရှိရာအရပ်ဆီကို
သယ်ဆောင်သွားပေးပါလား လေညှင်းကလေးးရေ ။
၎။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ ကလိုပါပဲ
သားရယ့့် အခုလည်း
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။

No comments: