အဖေ နဲ့  ကျနော်တို့ ဘဝ
ငယ်စဉ် ခလေးဘဝ
အဖေထက် အမေ့ကို
အချစ်ပိုခဲ့ကြ …၊
လူတိုင်းထက် မသာတောင်မှ
လူတိုင်းထက် အောက်မကျစေရအောင်
ရှာဖွေကျွေးမွေး
မိသားစုနဲ့ ဝေးရ အဖေ့ဘဝ …..။
အရွယ်ရောက်လို့ 
လူလားမြောက်လာ
မိသားစုအပေါ် ထားရှိတဲ့
အဖေ့ အကြင်နာ မေတ္တာ
စာနာ နားလည်တတ် လာတဲ့အခါ
အဖေ က …
ဘုရားသခင်ရဲ့ ထံတော်အပါးမှာ
အနားယူ အိပ်စက်သွားခဲ့ရှာပြီ …..။
အဖေရဲ့  သားသမီးတွေအပေါ်
အချစ်တွေကို ပုံအောခဲ့တာ
ငါတို့  … မမြင်တတ်ခဲ့ကြဘူး
သားသမီးတွေကို ပညာတတ်တွေဖြစ်စေချင်ခဲ့သူ
သားသမီးဟာ မိဘထက် တော်ရမယ်
ကိုယ့်ရေ ကိုယ့်မြေ ဘာသာ သာသနာ
လွတ်လပ်မှု တန်းတူညီမျှမှု အတွက်
တိုက်ပွဲဝင်ရမယ် …
အဖေ့ရဲ့  အယူဝါဒ
ငါတို့  … နားမကျခဲ့ကြဘူး …
အခုတော့ ရင်မှာ နာကျင်စူးရှ
ဘဝမှာ ပြန်ပြင်မရတဲ့ နောင်တတွေနဲ့ 
အဖေ ကတော့
ကောင်းကင်ဘုံကနေ
ခွင့်လွှတ်ပြုံးနဲ့  ပြုံးနေဦးမှာပဲ
သားတို့ ယုံတယ် …..။
ဝဠှ်ဆိုတာ
နောက်ဘဝအထိ
စောင့်တဲ့ အရာမဟုတ်တော့ပါဘူး
သားတို့  အလှည့်ကျမှ …..
အဖေ … ရေ ……. တဖွဖွ
အဖေ … ရေ …..တသသ …..။။
(ဖခင်မေတ္တာကို မသိတတ်ခဲ့ကြသော အလေးမမူ ဂရုမထားခဲ့မိကြသော သားများအတွက်)
ရဲရင့်သက်ဇွဲ
၂၀ ၁၂ ၂၀၁၀
No comments:
Post a Comment