Friday, February 11, 2011

ရေနစ်သူ

ရေနစ်သူ


မြို့ ပျက်ကြီးများ

ခေတ်ပျက်ကြီးများ

ဂန္တ၀င်ဆန်ဆန်

ထမ်းပိုးထားခဲ့ရမှုများ

ချစ်ချင်းမေတ္တာတရား

ခေတ္တ သိမ်းထားပါ ၊




တဘ၀စာကြေကွဲမှုများ

သံသရာအဆက်ဆက်

ပက်ပက်စက်စက်

မက်မောနေတယ်ထင်ရင်လဲ

ရက်ရက်စက်စက်

ခြေကုန်လက်ကုန် ရယ်(ရီ)မောပြစ်လိုက်ပါ

ဟက်ဟက်ပက်ပက်

အိတ်သွန်ဖာမှောက် ငိုကြွေးလိုက်ပါ ။



ဆဒ္ဒဆင်မင်းဇာတ် ဖတ်ရတုန်းက

ငယ်သေးတော့ ငိုလိုက်ရတာ

အရွယ်လေးရလာမှ ပြန်ဖတ်

ဇာတ်ကနာလွန်းလှတယ် ၊



ဘယ်သူက ဘယ်သူ့ ကို

အပြစ်တင်ရမှာလဲ

ဆင်မင်းလား

မိဘုရားလား

မုဆိုးလား

သေချာတာကတော့

ခေတ်ကို အပြစ်မမြင်ဘို့ ပဲ

ခေတ်ကို အပြစ်မြင်ရင်လဲ

မုဒိတာပွားကြဖို့ ပဲ ။



တယောက်လက်ကို

တယောက် ဆုပ်ကိုင်ထားကြ

တယောက်ဘ၀ကို

တယောက် ပွေ့ ဖက်ထားကြ

သံသာလေ ကမ်းတိုင်မှာ

ကောက်ရိုးတမျှင်ဟာ

မင်းလဲ ဖြစ်နိုင်တာပဲ

ငါလဲ ဖြစ်နိုင်တာပဲ။


ရဲရင့်သက်ဇွဲ

No comments: