Thursday, February 24, 2011

ယုတ်သေးပွဲ ကြည့်ရအောင်

ယုတ်သေးပွဲ ကြည့်ရအောင်


အနုပညာ သုခုမသဘင်

ရုပ်သေးစင်ခေတ်

တိမ်မြုပ်ပျောက်ကွယ်လုနီးပါး

ဖြစ်နေရတာ ၀မ်းနည်းစရာ …။



ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ

ကမ္ဘာဟာ ရွာကြီးတခုဖြစ်လာ

အဲဒီရွာကြီးထဲက

ငါတို့  မြန်မာအပိုင်မှာ

မြတ်နိုးစရာ ရုပ်သေးစင်မဟုတ်တဲ့

ယုတ်သေးတခေတ် အသစ်ပေါ်ပြီ ….


ကြပ်ပြေးနေပြည်တော်

လွှတ်တော် ဇတ်ရုံတော်အသစ်ကြီးမှာ

ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲ

ကဲ … လာ …..

ယုတ်သေးပွဲ ကြည့်ရအောင် ……။



ရဲရင့်သက်ဇွဲ

၁၅၀၂၂၀၁၁

No comments: