Tuesday, February 01, 2011

ခေတ်သစ် လွတ်မြောက်ရေးတေး



ခေတ်သစ် လွတ်မြောက်ရေးတေး

၁။
မိုးခေါင်တော့
မိုးခေါ်တေးဆို
မိုးကိုမျှော်နိုင်ကြတယ် ။

ဆင်းရဲမွှဲတေ ငတ်မွတ်မှုခေါင်တော့
ဘာတေးကိုဆို
ဘာကိုမျှော်နိုင်ကြမလဲ ….။

၂။
ခလေးငယ်ရဲ့ 
ညှိုးငယ် ဖျော့တော့တဲ့ မျက်ဝန်းအစုံဟာ
ဆာလောင်မှုနဲ့  တောက်ပ
သူ့ ရှေ့ ဈေးတောင်းထဲက
ထမင်းရည် ပုလင်းပေါ် မှောက်ကျသွားတယ် ။

ဈေးသည်ခမျာ
ခလေးငယ်ရဲ့ အရှေ့ မှာ
အနေခက်လှ
သူမကိုယ်တိုင်က
ထမင်းရည်ပုလင်းကို တပ်မက်နေရှာ …..။

၃။
တထွာသော သမုဒ္ဒရာရဲ့ 
လှိုင်းတံပိုးများ ရိုက်ခတ်သံ
ခလေးထံကလား
ဈေးသည်ဆီကလား
ကောင်းကင်ထဲ လေထုကိုဖမ်း
စစ်တမ်းကောက်စမ်း
နိုင်ငံတ၀ှမ်းက ပဲ့တင်သံတွေ ကြားရမယ် …..။

ဆင်းရဲမွဲတေမှုရဲ့  အရိပ်မဲ
အုပ်စိုးသူလူတစုပဲလေ၊
မတရားမှန်သမျှ
မွေးရာပါ လူ့ အခွင့်အရေးအရ
တော်လှန်ကြ …..။
၎။
မိုးခေါင်တော့
မိုးခေါ်တေးဆို
မိုးကိုမျှော်နိုင်ကြတယ် ။

ဆင်းရဲမွှဲတေ ငတ်မွတ်မှုခေါင်တော့
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး တေးကိုဆို
အောင်ပွဲကိုမျှော်နိုင်ကြမှာပဲ
အောင်ပွဲမှာ ပျော်နိုင်ကြမှာပဲ ….။

ရဲရင့်သက်ဇွဲ
၃၁ ၀၁ ၂၀၁၁

No comments: