Tuesday, December 27, 2011

သိသလိုလို မသိသလိုလို

သိသလိုလို မသိသလိုလို

တကယ်ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့ လိုတယ် ။။။

သစ္စာတရားဆိုတာကို
တကယ်ယုံကြည်ခဲ့ကြတာလား
မယုံကြည်ခဲ့ ကြဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့ လိုတယ် ။။။

မွေးရာပါ ၀ဠ်နာကံနာတခုလို
ချစ်ခြင်းတရား ငါ့ကို စွဲကပ်
ကျေနပ်တယ်
မင်းရဲ့ ရှေ့ မှောက် ဒူးထောက်ခစား
နှလုံးသားနဲ့  ဦးနှောက် အားပြိုင်လွန်ဆွဲ
သီတာဒေ၀ီကို ရယူမယ့်လေးတင်ပွဲအလား
မင်းရဲ့ အဆုံးအဖြတ်မှာ ဘ၀ကို ပုံအပ်မယ့်သူပါ ။။။

ကမ္ဘာမြေအနှံ့ 
စိမ်းလန်းသော ငြိမ်းချမ်းသော
မေတ္တာတရား လွှမ်းခြုံ
ငါ့ကိုယ်ငါထက် မင်းကို ယုံခဲ့ပုံများ
ကမ္ဘာကုန်ကျယ်သရွေ့ 
ငါ နောက်ကျခဲ့ပုံတွေ ပြဇာတ်ဆန်လှချည့်ရဲ့  ….။

ရဲရင့်သက်ဇွဲ
၂၆၁၂၂၀၁၁



No comments: