(အလိုတူခြင်း မတူခြင်းတွေကို ရပ်ခံပြီးငြင်းမနေတော့ပါဘူး
ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြဘို့ ပါပဲ။)
ကြက်ဥအရောင် တိမ်တောင်သဖွယ်
ထူထဲတဲ့ မျက်မှန်အောက်က
ရီဝေတဲ့မျက်ဝန်းအစုံဟာ
မရေရာ မသေချာတဲ့အနာဂတ်ကို
သေချုာလိုစိတ်နဲ့ 
ငေးမျှော်ကြည့်နေချိန်မှာ
သူ့ ရဲ့ နှလုံးသားက
သူ့ ရဲ့ လက်ဖ၀ါးအပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတော့တယ် …။
ငါ့လက်အပေါ်မှာ အသက်ပျောက်ခဲ့ရတဲ့
သူငယ်ချင်းများ
ငါ့ ရှေ့မှောက်မှာ ဒဏ်ရာဗလပွနဲ့ မငိုက်သောဦးခေါင်း
ရွှေဝါရောင်များ
ငါ့ ရှေ့ မှောက်မှာ ယုံကြည်ချက်ကို ဘ၀နဲ့ ရင်း နရသိန်အတွင်း
ရင်ကော့ဝင်ရောက်သွားသူများ
သင်တို့ အားလုံးရဲ့  စွန့် လွှတ်ပေးဆပ်မှုဟာ
နိပါတ်တော်တွေထဲက ဘုရားလောင်းတွေရဲ့ 
စွန့် ကြီးခြင်းမျိုးထက် နိမ့်ကျမှုမရှိကြောင်း
ငါတို့  ကောင်းကောင်းသိကြတယ် …။
ငါတို့ …
ဘယ်ကလောက်များ ရှက်စရာကောင်းလိုက်သလဲ
စကားလုံးတွေနဲ့ သာ နှစ်သိမ့်နိုင်ခဲ့ကြလို့ 
သင်တို့  ခွင့်မလွှတ်ကြပါနဲ့ 
ရန်သူကို နာကျည်းမုန်းတီးစိတ်ဟာ
တိုင်းပြည်အကျိုးနဲ့ ယှဉ်လာတဲ့အခါ
ငါတို့ ရဲ့ ပုဂ္ဂလိက ခံစားချက်များ
ခေတ္တခဏ ချထားခဲ့ပါ
အမေစုကို ၀န်းရံအားပေး
ပြည်သူနဲ့ တသားတည်းရပ်တည်ပေးရမှာ …။
တကယ်တော့  သူ့ ရဲ့ လက်ဖ၀ါးပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတာ
သူ့ နှလုံးသားမဟုတ်ဘူး
စွန့် လွှတ်ပေးဆပ်သူများရဲ့ 
နှလုံးသားသာ ဖြစ်နေတော့တယ် …။
ရဲရင့်သက်ဇွဲ
၂၃၁၁၂၀၁၁
။မနက်၆း၀၆
No comments:
Post a Comment