Saturday, December 03, 2011

ခရီးသည်(၂)

ခရီးသည်(၂)



ဆောင်းဦးကာလရဲ့ မြူနှင်းတွေ

ဝင်ရိုးစွန်းဒေသမှာ ယင်းထနေပုံများ
မယုံနိုင်စရာ ငါ့အတွက်အသစ်ပါပဲ ..



လမ်းမများဖြောင့်ဖြူး ကျယ်ဝန်း

ကောက်ကွေ့ ကျဉ်းမြောင်း

သစ်တောများ မျက်စေ့ တဆုံး
ရေအိုင် ရေပြင်များနေရာတိုင်းမှာမြင်ရတယ

်။

ဒါဟာ.. လတ်တလော ငါ

ငါ့သားကို စကိုက်ပ် ကနေပြောပြနေတဲ့

ဝင်ရိုးစွန်းနိုင်ငံတခုရဲ့ တောင်ပိုင်းကို
ဖြတ်သန်းခြင်းအကြောင်းပေါ့ ……။



ငါ … ဒီဝင်ရိုးစွန်းမှာ

ကဗျာဆရာကြီး ခင်အောင်အေးနဲ့  တွေ့ လိုက် ရတယ်

ကိုကိုသက် နဲ့ တွေ့ တယ်

နတ္တလင်း လူ့ ဘောင်သစ် ကိုလင်းနဲ့ တွေ့ တယ်

ကဗျာဆရာ မြတ်သစ်နဲ့ တွေ့ တယ်

ဘလောက်ဂါ သာဆွေ နဲ့ တွေ့ တယ်…

ကဗျာဆရာကြီးမောင်အောင်ပွင့်သား

ကိုငြိမ်းချမ်း နဲ့ ဖုန်းပြောဖြစ်တယ်

ပြီးတော့ ငါ့ ဘ၀ ကို ငါပြန်တွေး တယ်
ငါပြန်တွေးတယ် …..။



သေချင်လို့  တံတားပေါ်ကနေ

ရေထဲ ခုန်ချလိုက်တယ်

ရေရဲ့ အေးခဲမှု အထိအတွေ့ က

အသက်ကို ကုန်းမြေအပေါ်ပြန်ဆွဲတင်ခဲ့တယ်

သံသရာမှာ ၀ဠ်ကြွေးမကုန်ပုံများ
ဒါကို ဘ၀လို့  ငါယုံလိုက်ရမှာလား။



ငယ်ငယ်တုံးက စာစုံဖတ်တယ်

အတွေးစုံတယ် ဖြစ်ချင်တာတွေစုံတယ်

အဲဒီထဲကမှ မဖြစ်လာတာတွေ အပုံပဲ

ကံကိုယုံလို့  ဆူးပုံနင်းတယ်

ဆူး ဆူးတာပဲ အဖတ်တင်တယ်

တရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ ကျား ငါဖြစ်သွားလား ။



မီးစတဖက် ရေမှုတ်တဖက်

လောကရဲ့ လှည့်စားချက်များ

ငါ ဘယ်သူလဲ ငါ ဘယ်ကလာတာလဲ

ငါဘယ်ကိုသွားမလဲ အဖြေရှာ

ဝင်ရိုးစွန်းရဲ့  အဝေးပြေးလမ်းမများအပေါ်

(ခင်ဝမ်းရဲ့  အဝေးပြေးကိုသတိရ)

ပြေးလွှားနေတဲ့ ကားကိုငါ စီး

ဖျတ်ကနဲ လက်သွားတဲ့ အလင်းရောင်အာက်မှာ

ငါရှာနေတဲ့အရာ
ဇာတိ ဇရာ ဗျာဓိ မရဏ ….ငါ့ကို စီးလို့  ……။



ရဲရင့်သက်ဇွဲ

၁၈၁၁၂၀၁၁
မနက် ၆း၃၈Edit

No comments: