Wednesday, August 17, 2011
အကိုခင်အောင်အေးကို ဖတ်ပြတဲ့ကဗျာ
အကိုခင်အောင်အေးကို ဖတ်ပြတဲ့ကဗျာ
ဘ၀ကမရေရာ မသေချာဘူး
အချိန်တန်ရင် အိမ်ပြန်ရမယ်
ငါထိုင်နေတဲ့ တောအုပ်အစပ်မှာ
ဘောလုံးကွင်းလေး တကွင်းကို
စမ်းချောင်းလေးရစ်ခွေစီးဆင်း
ချောင်းစပ်က မျက်ရိုင်းခြုံတွေကြားမှာ
တောပန်းလေးတွေ ဟိုတပွင့် ဒီတပွင့်
ငှက်ကလေးတွေက တီိတီတာတာ တေးဆို
ငါ … သတိရတယ်
တဂိုးရဲ့  ကဗျာတွေနဲ့  ရှန်တိနိကေတန်
ဒီအသက်အထိ အိပ်မက်တုန်း
ငါ … သတိရတယ်
မုန်သူမရှိ ချစ်သူသာရှိ ရန်သူမရှိ မိတ်ဆွေသာရှိ
ငြိမ်းချမ်းရေးတမာန် ဆရာကြီး ဒဂုန်တာရာရဲ့ဟန်
စာကဗျာတွေ စွဲလန်းနှစ်သက် တရှိုက်မက်မက်ရှိနေခဲ့
တဆက်တည်းမှာပဲ ငါတွေးနေမိတယ်
ငါ…ချစ်တဲ့ ကဗျာဆ၇ာတွေ အကြောင်း
သူတို့ ရေးတဲ့ ကဗျာတွေ အကြောင်း….
ဘ၀မှာ သတိ၇စ၇ာတွေက အများသား
မင်းနဲ့  ငါ့အကြားမှာ ခြားထားတဲ့
အတ္တမာန ခပ်ပါးပါး ကိုလည်း သတိရ
အဲ့သလို သတိရစရာတွေကို သတိတရဖြစ်နေရင်း
နေ့ စဉ်သောက်နေရတဲ့ ဆေးလုံးတွေကို သတိရမိပြန်တော့
အကို ခင်အောင်အေးရဲ့  ကဗျာတစက နှုတ်ဖျားကထွက်ကျလာပြန်ရော
တနေ့ တနေ့  ကျနော်တို့ 
မမေ့မလျော့ ပြောဆိုမိကြတာက
ဘ၀ ကို ဆေးလုံးတွေလို မျိုမချဘို့ မိရယ်… အချိန်ကို
ပေကြိုးနဲ့  မတိုင်းမိဘို့ ရယ်ပါပဲ …(ခင်အောင်အေး)
ဆေးသောက်ရတာ ဆေးလုံးတွေကို မြင်ရတာ
ငါ မုန်းတယ် သို့ ပေသော်လည်း
ငါမုန်းတဲ့ ဆေးလုံးတွေက ငါ့ကို ပြုံးကြည့်နေကြတယ် ။
မုန်းလိုက်တာ ငါ့ ဘ၀ကို ငါ မုန်းလိုက်တာ
ဘ၀ ကို အကန့် အသတ်နဲ့  အသက်ရှင်ရမတဲ့
ရက်စက်တဲ့ ကံကြမ္မာ ဇာတ်ညွှန်းက ကြမ်းလှချည်ရဲ့  ။
စမ်းချောင်းလေးထဲ ရွက်ကြွေတချို့ မျောပါသွားကြ ။
နေလုံးက တောအုပ်လေးရဲ့  ထိပ်ဖျားပေါ်ကနေ
ငါ့ …ကိုငုံ့ ကြည့်နေတယ်
ကောင်းကင်ကိုမော့ကြည့်မိပြန်တော့
တိမ်တွေက လေအဝှေ့ မှာ တရွေ့ ရွေ့ 
လွတ်လပ်ခြင်း ကောင်းကင်မှာ အတွေးစများ
တိမ်တွေလို တရွေ့ ရွေ့ 
စမ်းချောင်းလေးထဲ ပန်းပွင့်တချို့  မျောပါသွားကြ။
တိုက်ခတ်လာတဲ့ လေထဲမှာ အအေးဓာတ်က
သိသိသာသာ လူကို အနေခက်စေပြီ
အကုန်မြန်တဲ့ နွေရာသီ
နေ့ ည မရှိတဲ့ ကာလဟာ တိုတောင်း
ဥရောပမှာ တဆောင်းသစ်တော့မယ်
ငါ့ မှာ အလွမ်းတွေ တဆောင်းသစ်တော့မယ်
အလွမ်းရင့်တော့ ပန်းပွင့်လိုမကြွေပြီ
ဟုတ်ပါရဲ့  …. အလွမ်းတွေ နင့်နင့်သည်းသည်း
မျက်ရည်တာရိုးကို အလွမ်းပွင့်တွေက ရိုက်ချိုးသွားကြရဲ့  ။
တောအုပ်အစပ် စမ်းချောင်းလေးဘေးက
ငါ့ရဲ့ အတွေးများ ကစဥ့်ကလျားနဲ့ အမေ့ထံပါးရောက်သွားတယ်
သားတွေကို ချစ်တဲ့စိတ် မြေးတွေနဲ့ မြစ်အပေါ်စုပုံထား
ဒါဟာ သုခ မဖြစ်ခဲ့ရင်တောင်မှ
သောကကို အခိုက်အတန့် မေ့လျော့ထားနိုင်တဲ့အမေ
သူ့ မြေးနဲ့  သူ့ မြစ် အနာဂတ်သစ်ဘို့ အရေး
အဝေးကိုထွက်သွားကြတော့
အမေကတိတ်တိတ်ကြေကွဲ ပင်လယ်ဟာ အမေပဲလေ။
စမ်းချောင်းလေးထဲ ရွက်ကြွေတချို့  ငါ မျှောချလိုက်တယ်
အမေ ရယ်… ဘ၀ကိုတပ်မက်တွယ်တာ
အနာဂတ်ဆိုတာကို မြင်လာကြတဲ့အခါ
ပျံသန်းသွားမှာ သဘာဝလေ အမေ့ကို ငါ က တရားပြ
တရားက ငါ့ကို ပြန်ချ အမေကတော့ မျက်ရည်စတွေနဲ့  ကြေကွဲနေပ ။
စမ်းချောင်းလေးထဲ စူးရှနေခြည်အောက်မှာ
ငါးလေးတကောင်ခုန်ထ ဖြစ်လာတဲ့ ရေလှိုင်းဂယက်တွေ ကိုငေးရင်း
ငါ့ရဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မှုအပေါ်မှာ
တောအုပ်လေးတောင် အထိတ်တလန့် ဖြစ်သွားပုံရတယ်
ဘယ်သူဘာတတ်နိုင်မှာတဲ့လဲ
နရသိန်ထဲက ငါ့ရဲဘော်ကြီးရေ …. တောင့်ထားကွ
ရှစ်ဆယ့်ရှစ်ကာလက အောင်ပွဲဟာ အိပ်မက်မဟုတ်ခဲ့တာ သေချာ
တကျော့ပြန်လည်လာမယ့် အောင်ပွဲအတွက်
တိုက်ပွဲဆက်ရဦးမယ် ရဲဘော်ကြီးရေ
တိုင်းပြည်ရဲ့ အပြောင်းအလဲ အနာဂတ်နဲ့ လွဲခဲ့ ရတာက စ
ဘ၀မှာ လွဲ ခဲ့ရတာ အကြိမ်ကြိမ်
ကောင်းကင်က လွင့်ပါးတဲ့ တိမ်တွေလို
အဲဒီကာလပါပဲ
ရဲရင့်သက်ဇွဲ ဆိုတဲ့ ကဗျာသမားတယောက်ကို
ခေတ်ကြီးက မွေးထုတ်ပေးလိုက်တာလေ ။
ရဲရင့်သက်ဇွဲ
၁၁၀၆၂၀၁၁
ဟယ်လ်ဆင်ကီးမြို့ 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment