Thursday, August 18, 2011
ပါရမီအခံမကောင်းရင်း ရူးသွားနိုင်တယ်
ပါရမီအခံမကောင်းရင်း ရူးသွားနိုင်တယ်
ဟုတ်လိမ့်နိုးနိုး
အားသွန်ခွန်စိုက် တက်ခဲ့တယ်
ဟုတ်လိမ့်နိုးနိုး
ဦးနှောက်ထဲ အိတ်သွန်ဖာမှောက်
ရင်းနှီးခဲ့သမျှ
မှောက်ထားတဲ့ ဖဲချပ်မှာ
ကံကြမ္မာက ရေခဲအမှတ်အောက်ဒီဂရီ
ရာသီတွေက မှားယွင်း
ဆွဲလိုက်တဲ့ ဖဲကမျှော်လင့်ချက်အသေ
ပြစ်လိုက်တဲ့ဖဲမှာ တနွေလုံးရဲ့  ဝေဒနာပါသွားရှာရဲ့  ။
ဟုတ်လိမ့်နိုးနိုး
ပြီးတော့လည်း ပြီးသွားတာပါပဲ
အာရုံတွေက နှလုံးသားမှာ
ဝေဒနာက ခန္တာကိုယ်တခု့ လုံးမှာ
အပြုံးတွေက အသက်သာဆုံးသွားတယ်
ကမ္ဘာကြီးတခုလုံး အပျော်တွေဖုံးသွားသလား
ဟောဒီ ဒွန္ဒယာမှာ ကျနော်တို့ အတွက်
မတော်မတရား အလျော်အစားတွေများလွန်းတယ် ။
ရဲရင့်သက်ဇွဲ
၁၃၀၈၂၀၁၁
ဟယ်လ်ဆင်ကီးမြို့ 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment