Tuesday, August 02, 2011

ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့  မရွေ့ တရား

ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့  မရွေ့ တရား

အချိန်ကာလတွေက မရပ်မနား သွားနေကြတယ်
ရာသီစက်ဝိုင်း ပုံမှန်အတိုင်းလည်ပတ် ဆိုပေမယ့်
ဖေါက်ပြန်တဲ့ အကြိမ်တွေများများလာ
တော်လှန်ရေးဆိုတာကရော မရပ်မနား
သွားတော့ သွားနေတာပဲ
မရွေ့ တာကလွဲလို့ 
ဖေါက်ပြန်မှုဆိုတာကလည်း
ဆွမ်းဆန်ထဲ ကြွက်ချေး ရောမြဲလေ
ဒါဟာ တော်လှန်ရေးတရပ်ရဲ့ ဟန်
ဓလေ့ထုံးစံတခုလို့  ဘယ်သူတွေ ထုဆစ်ခဲ့လေသလဲ
သမိုင်းက သက်သေရှိတယ် ။

တနေ့ တလံ ပုဂံဘယ်ရွေ့ မလဲ တဲ့
တော်လှန်ရေးသမားလည်း တနေ့ တလံ
ပုဂံ ဘယ်ရွေ့ မလဲ
အချောင်းသမားလည်း တနေ့ တလံ
ပုဂံ ဘယ်ရွေ့  မလဲ
ဘေးထိုင် ဘုပြော ကိုယ့်မနော ကိုယ်မဆစ်ကြောတဲ့သူလည်း
တနေ့ တလံ ပုဂံဘယ်ရွေ့ မလဲ
မရွေ့ တဲ့ပုဂံ နဲ့  ဒီမိုး ဒီရေ ဒီလေ ဒီလူတွေအကြား
အမှန်တရားဟာ ဗျာများနေရှာတယ်
အမှန်တရားဟာ နာဖျားနေရှာတယ် …

တကယ်တော့ ….
အမှန်တရားဟာ မရွေ့ တဲ့ ပုဂံတရားနာကြား
အမှန်တရားဟာ မရွေ့ တဲ့ တော်လှန်ရေးတရား နာကြား
အမှန်တရားဟာ မသမာသူများရဲ့ အမနာပ တရားနာကြား
နာကြားမှုများလာတဲ့အခါ အမှန်တရားဟာ ဟုန်သွားလေရော့လား
အမှန်တရားကို သယ်ဆောင်လာတဲ့ ကာလယန္တယား
သွးတော့ သွားနေတာပဲ … မရွေ့ တာကလွဲ လို့ …။


ရဲရင့်သက်ဇွဲ ၀၁၀၈၂၀၁၁



No comments: