Wednesday, January 19, 2011

ဖြစ်တည်မှု

ဖြစ်တည်မှု

ဆည်းဆာရဲ့ အရောင်
တိမ်တောက်ပုံက အဆန်းတကြယ်
ဆေးမှင်ရည် ဖျန်းပက်ထားသလိုပ
လှတာမက်၍ ညစာခက်ခဲ့ရသူ …။

မသေချာ မရေရာမှုများ
ငါ့ အပေါ်ပြိုကျ
အလင်းရောင်တစ လိုချင်လှပြီ …..။

ကောက်ကွေ့ တဲ့ လမ်းများနဲ့ 
ကောက်ကွေ့ တဲ့  စိတ်များအပေါ်
အပြစ်ဖွဲ့ စကား မဆိုချင်ပါ
ငါ လိုချင်တာ ရိုးဖြောင့်မှုတခုသာ …။

ချောင်းရေတွေက မြစ်ထဲစီးဝင်
မြစ်ရေတွေက ပင်လယ်ထဲစီးဆင်း
ဘ၀ရဲ့ နေထိုင်မှု အနုပညာထဲ
ပင်လယ်ရှာမတွေ့ တဲ့မြစ်ဟာ
ငါ … ကိုယ်တိုင် ဖြစ်နေတော့တယ်….။

ရဲရင့်သက်ဇွဲ
၁၈ ၀၁ ၂၀၁၁


No comments: