Wednesday, January 19, 2011

မေးခွန်းများ

မေးခွန်းများ

ငိုကြွေးခြင်းတခုနဲ့ စ
လူ့ ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီ ခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။

တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့  သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း အရှိသားမဟုတ်လား ……။

ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒ မပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ့ ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ ပဲ့တင်ထပ်မျှ ……။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေးခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ် …..။

ရဲရင့်သက်ဇွဲ
ဒီဇင်္ဘာ ၂၀၁၀


No comments: