အာရုံကမ္ဘာမှာ
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
ကောင်းကင်ဆိုတာက အမြင့်မြတ်ဆုံးစင်ကြယ်နေမှ ။
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
မြေပြင်ဆိုတာက အရိုးသားဆုံး သန့်စင်နေမှ ။
မိတ်ဆွေတို့
သူရဲကောင်းဆိုတာ
အကြောင်းမဲ့အသက်စွန့်မှုကြီးမဟုတ်ဘူး
လိုအပ်တဲ့အခါ လိမ်လိမ်မာမာနဲ့
လက်နက်ချတတ်ဖို့လိုတယ်။
ချစ်သူတို့
အိမ်မက်မှာ တိတ်ဆိတ်မနေပါနဲ့
အကျယ်လောင်ဆုံး ရဲရင့်ကြ။
ဒီမိုကရေစီဆိုတာ
အာဏာရူးတွေအတွက်
နွေခေါင်ခေါင်မှာ ဝတ်ရတဲအနွေးထည်
လက်နက်ရှိလို့ လက်ခုပ်သံရတာ
အောင်မြင်မှု စစ်စစ်မဟုတ်ဘူး ။
လက်နက်ရှိသူတွေက
လက်နက်မဲ့လူသားအားလုံးကို
ထွေးပွေ့ထားနိုင်တာဟာ
အောင်မြင်မှု စစ်စစ်ဖြစ်တယ်။
အမုန်းတွေကို အခုချက်ချင်း
မီးသဂြိင်္ဟပြစ်ကြ
မေတ္တာတရားသာ ပစ္စုပ္ပန်နဲ့အနာဂါတ်အတွက်
အားဖြစ်မှာ။
အာရုံကမ္ဘာမှာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
အာရုံကမ္ဘာမှာ
ကျနော် စောဝေပါ။
ကိုစောဝေ ထောင်တွင်းမှရေးလာသော ကဗျာကို ထောင်ကလွတ်လွတ်ခြင်း ရွတ်ပြခဲ့တဲ့ ရင်တွင်းဖြစ်ကဗျာပါ
Thursday, May 27, 2010
Tuesday, May 25, 2010
ဘရုတပ်စ်နှင့် သူ၏နောက်လိုက်များ
ပွဲလန့် တုန်း
ဖျာ ခင်းချင်သူ
ကုလားထိုင် ဦးချင်သူတွေ
အုတ်အော်သောင်းတင်း
ပျာယာခတ်နေပုံများ
(မြင်ရ တွေ့ ရ သူတိုင်း)
လူတိုင်းရဲ့  ရင်ဘတ်တိုင်းမှာ
မီးတောင်တွေ ပေါက်နေတယ် ……။
အပ်ကြောင်းထပ်နေတဲ့
မုသာဝါဒကံတွေက
ထီမထင်မျက်နှာပေးနဲ့ 
ဘောင်းဘီချွတ်လိုက်ကြတယ်
မြို့ မေတ္တာခံယူမယ့် သားတွေမှာ
ချက်ကြိုးနဲ့ ရှက်ကြိုးမှားဖြတ်ခဲ့ပြီးသားမဟုတ်လား …..။
ယုတ်မာကောက်ကျစ်မှုတို့ 
လက်နက်အပြည့်အစုံ တပ်ဆင်ပြီးတဲ့အခါ
တအိမ်တက်ဆင်း
ပြည်သူတို့ ရဲ့ အိပ်မက်ကို နင်းချေကြ ပြီ ….၊
အော်သံ ဟစ်သံ
တရံမလပ် ဖေးမအားပေး
ငရဲကလူ ပြာပူမကြောက်
တောင်လို မောက်တဲ့
အရိုးပုံအောက်က အသံ
သစ္စာဖောက်တွေ
သစ္စာဖောက်တွေ
မင်းတို့ ရဲ့  ယုတ်မာမှုဟာ
မင်းတို့ ရဲ့  ရွေးချယ်မှုဖြစ်တယ်
မင်းတို့ ရဲ့  ရွေးချယ်မှုဟာ
ရိုင်းစိုင်းတဲ့ မင်းတို့ ရဲ့ သမိုင်းသာဖြစ်တယ် ….၊
အလှည့်ကျရင် မနွဲ့ ကြစတမ်းဟေ့ ….၊
သစ္စာဖောက်တွေ
သစ္စာဖောက်တွေ
အရိုးတွန်သံ
နားမှာ လျှံပြီ
ခွပ်ဒေါင်း အလံတော်ကို မြဲမြဲဆုပ်ကိုင်ပြီး
ရွှေဂုံတိုင်ကြေညာစာတမ်းကို ရဲရဲဆုပ်ကိုင်
တိုက်ပွဲခေါ်သံ
(ကြားကြရဲ့ လား) ဆယ်ရက်ဆယ်လ
တိုက်ပွဲခေါ်သံဟာ အလျှံတငြီးငြီး
ခင်ဗျားတို့  ကျုပ်တို့ ကိုယ်မှာတောက်လောင်လို့  ….။
ရဲရင့်သက်ဇွဲ
မေ ၂၅ ၂၀၁၀

“ဒွိဟသားကောင်”
“ဒွိဟသားကောင်”
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
Monday, May 17, 2010
ဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြေကွဲခြင်း
စွယ်စုံရ အနုပညာရှင် အကယ်ဒမီ သုမောင် သည် ၂၀၁၀၊ မေ ၊၁၆ ရက်နေ့ ကကွယ်လွန်သွား
သည့်အတွက် အာဟာရစာစောင် ၀ိုင်းတော်သားများ (တိုကျို ၊ ဂျပန်)မှ ကျန်ရစ်သူ မိသားစုနှင့်
ထလ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်၊
အာဟာရ၀ိုင်းတော်သားများ
တိုကျို
အကယ်ဒမီ သုမောင် (၁၉၅၁-၂၀၁၀)
၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။ ၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။ ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။ ၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။) ၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင့်တမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။ ၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံတေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။ ၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။ ၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။ ၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။ ၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။ ၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။ ၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။ ၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။ ၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။ ၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။ ၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။ ၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။ ၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။ ၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။ ၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။ ၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။ ၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။ ၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။ ၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။ ၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။ ''ထင်ရှားသောစာအုပ်အချို့'' ၁။အချစ် ၂။အချစ်လား သူဖျားနေတယ် ၃။ဍရင်ကောက်နှင့်အခြားဝတ္ထုတိုများ ၄။ဝတ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်) ၅။ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်) ၆။သာဓုအင်ဆန်း(စ်)(စုပေါင်း) ၇။အရုပ်ကလေး ၈။အရက်သမား အမှားတစ်ရာ(ဆောင်းပါးပေါင်းချုပ်) ၉။ပင်တိုင်စံ မကောင်းပါဘူးကွယ်။ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီး-စသည်ဖြင့် တေးသီချင်းပုဒ်ရေပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။ ယခုအခါ ဂီတထက် စာပေကိုအလေးထားဆောင်ရွက်ရင်း ကွယ်လွန်ချိန်၂၀၁၀ခုနှစ်မေလ ၁၆ရက်နေ့ တွင် ကွယ်လွန်ခြဲ့ပီး ၊ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား- သားသမီး(၄)ယောက် ကျန်ရစ်ခဲ့သည်။

Saturday, May 15, 2010
ရေစောင်းထက်ချိန်
ရေစောင်းထက်ချိန်
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
Tuesday, May 11, 2010
“နှလုံးသွေးနဲ့ မီးဆေးတဲ့ “ဓါး”
ဝရုန်းသုန်းကား
ကစဉ့်ကလျား ဖြစ်စဉ်ထဲမှာ
စိဉ္စမာဏဉာဏ်နဲ့
ရွေးကောက်ပွဲဝင်ရေးတရား
ငါ ... နားခါးလှတယ် ။
အရှက်တရား ဆိုတာ
ဘယ်မှာမွေးဖွားပြီး
ဘယ်အရပ်မှာ
ဘယ်လိုဇာတ်မျိုးနဲ့ အဆုံးသတ်ကြမှာလဲ
ငါ ... မသိလို မကြားလို မမြင်လို။
အမှန်တရားဆိုတာ
ကာလ သုံးပါး မရွေး
နွေးထွေးစွာ ရဲရင့်စွာမွေးဖွား
သစ္စာတရားဆိုတာကလည်း
အသက်ပေးသွားသူတွေရဲ့
မဆုံးနိုင်သော သမိုင်းများထဲက
အရိုးတွန်သံတွေ ဖြစ်သလို
တိုက်ပွဲအတွင်းမှာ
ရှင်သန်ကျန်ရစ်သူတွေရဲ့
နှလုံးသွေးနဲ့ မီးဆေးပေးရတဲ့
“ဓါး” တလက်လည်းဖြစ်တယ် ။
သတ္တ၀ါတခု ကံတခုတဲ့
သူရဲကောင်းအာဇာနည်တို့ ရဲ့ အသက်ဟာ
တဘ၀မှာ တခါသာသေရသတဲ့
ကဲ ... လာ ... ရဲဘော်
ခေတ်အဆက်ဆက်
အသက်စွန့်သွားသူတွေအတွက်
ကမ္ဘာမကြေတဲ့ ခံစားချက်တွေကို ပွေ့ဖက်
အမှန်တရားအတွက်
(အဲဒီ ဓါး တလက်နဲ့ )
ခရီးဆက်မယ် ။
ရဲရင့်သက်ဇွဲ
၁၀ မေ ၂၀၁၀
ကစဉ့်ကလျား ဖြစ်စဉ်ထဲမှာ
စိဉ္စမာဏဉာဏ်နဲ့
ရွေးကောက်ပွဲဝင်ရေးတရား
ငါ ... နားခါးလှတယ် ။
အရှက်တရား ဆိုတာ
ဘယ်မှာမွေးဖွားပြီး
ဘယ်အရပ်မှာ
ဘယ်လိုဇာတ်မျိုးနဲ့ အဆုံးသတ်ကြမှာလဲ
ငါ ... မသိလို မကြားလို မမြင်လို။
အမှန်တရားဆိုတာ
ကာလ သုံးပါး မရွေး
နွေးထွေးစွာ ရဲရင့်စွာမွေးဖွား
သစ္စာတရားဆိုတာကလည်း
အသက်ပေးသွားသူတွေရဲ့
မဆုံးနိုင်သော သမိုင်းများထဲက
အရိုးတွန်သံတွေ ဖြစ်သလို
တိုက်ပွဲအတွင်းမှာ
ရှင်သန်ကျန်ရစ်သူတွေရဲ့
နှလုံးသွေးနဲ့ မီးဆေးပေးရတဲ့
“ဓါး” တလက်လည်းဖြစ်တယ် ။
သတ္တ၀ါတခု ကံတခုတဲ့
သူရဲကောင်းအာဇာနည်တို့ ရဲ့ အသက်ဟာ
တဘ၀မှာ တခါသာသေရသတဲ့
ကဲ ... လာ ... ရဲဘော်
ခေတ်အဆက်ဆက်
အသက်စွန့်သွားသူတွေအတွက်
ကမ္ဘာမကြေတဲ့ ခံစားချက်တွေကို ပွေ့ဖက်
အမှန်တရားအတွက်
(အဲဒီ ဓါး တလက်နဲ့ )
ခရီးဆက်မယ် ။
ရဲရင့်သက်ဇွဲ
၁၀ မေ ၂၀၁၀
Thursday, April 29, 2010
အစိမ်းခွဲ …ခွဲရက်တယ်
ဝမ်းနည်းကြေကွဲခြင်း
ရိုးမ(၃) သတင်းဌာန၏ အယ်ဒီတာချုပ်
ကဗျာဆရာ ကိုငြိမ်းလူ (၄၃ နှစ်)သည်
၂၉ ဧပြီ ၂၀၁၀ တွင် ကွယ်လွန်ကြောင်း
ကြားသိရပါသဖြင့် အာဟာရစာစောင် ၀ိုင်း
တော်သားများမှ ကျန်ရစ်သူမိသားစုနှင့် ထပ်
တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
အာဟာရစာစောင်ဝိုင်းတော်သားများ
တိုကျို ၊ ဂျပန် ။
အစိမ်းခွဲ …ခွဲရက်တယ်
ရဲဘော်ကြီးရေ …..
ရက်ရက်စက်စက်ပါပဲ
ငါတို့ရင်ကို …. အစိမ်းခွဲ …. ခွဲရက်တယ် ။
အုံနဲ့ ကျင်းနဲ့ 
ပက်စက်လွန်းတဲ့ စနစ်ဆိုးကို
ကလောင်လက်နဲ့ 
ခင်ဗျား …. ရိုက်ချိုးခဲ့တယ် ။
အဲဒီကလောင်လက်နဲ့ ပဲ
ကမ္ဘာမြေအတွက် ပန်းတွေ ပွင့်စေခဲ့တယ် မဟုတ်လား ။
ရဲဘော်ကြီးရေ ….
မိုးအောက်မြေပြင် တခွင်လုံးမှာ
ကြေကွဲမှုတွေနဲ့ အုံ့ ဆိုင်း
ခင်ဗျား ချစ်တဲ့ ရိုးမတွေတောင်မှ
ခါတိုင်းထက်ပိုပြီး ညို့ ညို့ မှိုင်းမှိုင်း
မလန်းဆန်းနိုင်ကြတော့ဘူး ။
ရဲဘော်ကြီးရေ ….
တော်လှန်ရေးခရီးလမ်းတ၀က်မှာ
ခင်ဗျား .. ချန်ထားရစ်တဲ့
ယုံကြည်ချက်အလံ
မယိုင်မလဲ (ကျနော်တို့ )
ဆက်လက်ကိုင်ဆွဲ တိုက်ပွဲတွေနွှဲကြမယ်၊ ။
ရဲဘော်ကြီးရေ …
အခုတော့ … နှုတ်မဆက်ပဲ
ရုတ်တရက် ထွက်ခွါသွားတဲ့ ရဲဘော်ကြီးအတွက်
ချယ်ရီပင်အောက်က
ပိတောက်ချစ်သူ တယောက်မှာတော့
ကြေကွဲမှုတွေနဲ့  ကမ္ဘာပျက်လို့  …။
ရဲရင့်သက်ဇွဲ
၂၉ ဧပြီ ၂၀၁၀

Thursday, April 22, 2010
“ပိတောက်ပန်း”
(၁)
စစ်ဖိနပ်တွေကြီးစိုးတဲ့
ခေတ်တွေမှာ
ကျက်သရေအလှတွေနဲ့တင့်ဆန်း
ဝါထိန်ထိန်ပိတောက်ပန်းကို
အသရေ ညှိုးနွမ်းအောင် မပြုစားနိုင်ကြဘူး ။
(၂)
‘အတာရေလေး .... အေးပါတယ်ဆို’ ကအစ
‘တူးပို့တူးပို့ တေးသံသာ’အဆုံး
ငါတို့ခေတ်ရဲ့ ဂန္တ၀င်
သင်္ကြန်မိုး တေးသီချင်းသံစဉ်များ
‘အိုး .... ကလေးလှုပ်ပါဉီးး’ထဲ
မြုတ်ချည် ပေါ်ချည် ....။
ရေကူးဝတ်စုံ သာသာ
မလုံ့တလုံတွေကြားထဲမှာ
မြုတ်ချည် ပေါ်ချည် ....။
မတရား ရက်စက် ဖိနှိပ်မှုများ အောက်မှာ
မြုတ်ချည် ပေါ်ချည် ။
အာဏာရှင်တို့ လက်ထက်သင်္ကြန်တိုင်းဟာ
ပျက်စီးချင်တိုင်း ပျက်စီး
ညီအကိုတို့ရေ ....
ယဉ်ကျေးမှုတခုကို .... (ဒင်းတို့ )
စနစ်တကျ ဖျက်စီးပြနေတယ် ....။
(၃)
ကပ်ဆိုးများ
တရွေ့ရွေ့နဲ့ တဖြေးဖြေးများလာ
ဘုရားသခင်ရဲ့ဗျာဒိတ်တော်လာ
ကမ္ဘာကိုဆေးကြောမယ့် နေ့ရက်တွေဟာ
အလုအယက် ရောက်ရှိလာကြပြီပဲ ....။
အကြောက်တရားနဲ့ ချောက်ချားနေတဲ့
လူတစုရဲ့ လက်မှာ
စွန်းထင်းပေကျန်နေတဲ့
အပြစ်မဲ့ ပြည်သူရဲ့သွေး
အတာရေနဲ့ ဆေးလဲမရ
ဘာရေနဲ့မှ ဆေးလို့မရ
ပျက်စီး ဆုံးရှုံး ဘ၀တုန်းရတဲ့
အသက်တွေအတွက်
‘အလှည့်ကျရင် မနွဲ့ကြစတမ်းပေါ့ကွာ’
ဝါထိန်ထိန်ပိတောက်ပန်းက ပြောတဲ့အသံ
ခေတ်တခေတ်လုံး ပဲ့တင်ရိုက်ခတ်လို့ ....။
ရဲရင့်သက်ဇွဲ
ဧပြီ၊ ၂၀၁၀
စစ်ဖိနပ်တွေကြီးစိုးတဲ့
ခေတ်တွေမှာ
ကျက်သရေအလှတွေနဲ့တင့်ဆန်း
ဝါထိန်ထိန်ပိတောက်ပန်းကို
အသရေ ညှိုးနွမ်းအောင် မပြုစားနိုင်ကြဘူး ။
(၂)
‘အတာရေလေး .... အေးပါတယ်ဆို’ ကအစ
‘တူးပို့တူးပို့ တေးသံသာ’အဆုံး
ငါတို့ခေတ်ရဲ့ ဂန္တ၀င်
သင်္ကြန်မိုး တေးသီချင်းသံစဉ်များ
‘အိုး .... ကလေးလှုပ်ပါဉီးး’ထဲ
မြုတ်ချည် ပေါ်ချည် ....။
ရေကူးဝတ်စုံ သာသာ
မလုံ့တလုံတွေကြားထဲမှာ
မြုတ်ချည် ပေါ်ချည် ....။
မတရား ရက်စက် ဖိနှိပ်မှုများ အောက်မှာ
မြုတ်ချည် ပေါ်ချည် ။
အာဏာရှင်တို့ လက်ထက်သင်္ကြန်တိုင်းဟာ
ပျက်စီးချင်တိုင်း ပျက်စီး
ညီအကိုတို့ရေ ....
ယဉ်ကျေးမှုတခုကို .... (ဒင်းတို့ )
စနစ်တကျ ဖျက်စီးပြနေတယ် ....။
(၃)
ကပ်ဆိုးများ
တရွေ့ရွေ့နဲ့ တဖြေးဖြေးများလာ
ဘုရားသခင်ရဲ့ဗျာဒိတ်တော်လာ
ကမ္ဘာကိုဆေးကြောမယ့် နေ့ရက်တွေဟာ
အလုအယက် ရောက်ရှိလာကြပြီပဲ ....။
အကြောက်တရားနဲ့ ချောက်ချားနေတဲ့
လူတစုရဲ့ လက်မှာ
စွန်းထင်းပေကျန်နေတဲ့
အပြစ်မဲ့ ပြည်သူရဲ့သွေး
အတာရေနဲ့ ဆေးလဲမရ
ဘာရေနဲ့မှ ဆေးလို့မရ
ပျက်စီး ဆုံးရှုံး ဘ၀တုန်းရတဲ့
အသက်တွေအတွက်
‘အလှည့်ကျရင် မနွဲ့ကြစတမ်းပေါ့ကွာ’
ဝါထိန်ထိန်ပိတောက်ပန်းက ပြောတဲ့အသံ
ခေတ်တခေတ်လုံး ပဲ့တင်ရိုက်ခတ်လို့ ....။
ရဲရင့်သက်ဇွဲ
ဧပြီ၊ ၂၀၁၀
Saturday, April 03, 2010
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေခံနိုင်ငံရေးရပ်တည်ချက်နဲ့ ဝါဒသဘော ထားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းမှာ ပြင်ပသို့ အမှာစကားပါးလိုက်ရာမှာ အောက်ဖော်ပြပါ မိန့်ခွန်းသုံးခု အတိုင်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ မိန့်ခွန်း/ဆောင်းပါးတွေကတော့ --
၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃
၂။ "ကျမတို့လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ" New York Times သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇ (ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
(၁)
လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်
မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲလို့ မေးကြည့်မိပါတယ်။ မကြာခဏဆိုသလို အကြားရဆုံးအဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ဆိုတာပါပဲ။ သူတို့ အကျယ် ချဲ့ပြီးမပြောရဘဲ သူတို့ဘာပြောတယ်ဆိုတာ ကျမနားလည်ပါတယ်။ သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့်မရှိဘဲ ဖိနှိပ်ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက်အင်အားပေါ်အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝကြုံတွေ့နေရတဲ့ အဖြစ်တွေကို မလိုချင်ကြတော့ပါဘူး။
လူငယ်တွေကို ကျမက လွတ်လပ်ခြင်းဆိုတာဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့စိတ်ထဲရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့်ပြောပြချင်တာလို့ဆိုပါတယ်။ သူတို့အသိဉာဏ်ပညာစိန်ခေါ်မှုကို ဖြည့်ဆည်းမပေးနိုင်တဲ့ ပညာ ရေးစနစ်အပေါ် မကျေနပ်ချက်တွေကို သူတို့ ထုတ်ဖော်ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမကစုဝေးနိုင်သူတွေ ဖြစ်လိုကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမခန်းမှုတွေပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြားတက်ကြွတဲ့ အရွယ်တွေကို အပြည့်အဝပိုင်ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပခမ်းနား မှုနဲ့ ဖီလာဆန့်ကျင်မှုတွေ ကြမ်းတမ်းခက်ထန်မှုနဲ့သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ်ဘာဝကို အပြည့်အဝရယူလို ကြပါတယ်။
မြန်မာအမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှုဒဏ်ကြောင့် အား ဆုတ်ငြီးငွေ့လောက်အောင် အိမ်မှုထိန်းသိမ်းနေရတဲ့ဘဝက လွတ်မြောက်ချင်ကြပါတယ်။ လွတ်လပ်စွာတွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေးအရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ကင်းလွတ်ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ဘဝက လွတ်မြောက်ဖို့ တောင့်တနေကြတဲ့အမျိုးသမီးတွေလည်း တော်တော်များများ (အများကြီးကို) ရှိပါ တယ်။
ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုးထွန်ယက်ချင်ကြတယ်။ မတော် မတရားဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက်ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင်ရောင်းချလိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလိုကြမ်းတမ်းတဲ့ဘဝတွေအပေါ်မှာ ကျိုးကြောင်းမဆီလျော်တဲ့အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ်ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။
ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရော လို့မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက်ခဲခဲလုပ်ကိုင်နေပါသလဲ။ ဒီလိုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီအပေါ် မရေမရာနဲ့ အကောင်း မြင်မျှော်လင့်ပြီး ထင်ရာလုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင် အောင် အမြဲတစေအရောင်တင်ပေးရတဲ့ ရတနာတပါးဖြစ်တယ်ဆိုတာ ကျမတို့သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရ တာတွေမဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေရပါလိမ့်မယ်။
လွတ်လပ်တဲ့မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ် မြောက်ရေးအတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်ကြိုးစားနေကြတာဖြစ်ပါတယ်။
တိုင်းပြည်တဝှန်းလှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယအကြိမ် ဆယ့်ကိုးလနေရတာမှာ ဘယ်လိုခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမဘယ်လိုနေခဲ့သလဲပေါ့။ ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ်လွတ်လပ်သူဖြစ်နေတာ ဂွကျလှတယ်လို့ ကျမပြာချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန်ဘဝလွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက်အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံရပ်နေခဲ့ကြပါတယ်။
ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့်သေးသိမ်စေတဲ့ အနှောင်အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာပြည်သူတွေဟာ လွတ်လပ်တဲ့လူသားတွေအဖြစ် ခေါင်းမော့ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင်လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်းပိုရှိတဲ့ လူ့ဘောင်ဘဝ တည် ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာကို ကျမတွေ့မြင်လိုပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကိုတက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မားမားနဲ့ စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်တာ ကျမတွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာသေခဲ့သူအားလုံးအတွက် ထိုက်တန်တဲ့တိုင်းပြည်အဖြစ် ဘိုးဘွားအမွေအနှစ်အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေမဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာအောင်ပွဲမုချရရမယ် ဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကျမတို့အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေတာတွေရဲ့ ပကတိဦးတည်ရာပဲဖြစ်ပါတယ်။
(ဝါရှင်တန်ပို့စ် သတင်းစာနှင့်တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံမဂ္ဂဇင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆိုတင်ပြထားသည်။)
(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ
ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်နေသူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုများလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေးနေမယ့်အစား အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှုအပေါ် အရင်းခံ တဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်းမဖက်လှုပ်ရှားမှုတရပ်သာဖြစ်ပါတယ်။
လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ ဒေး ရှိသေးတယ်ဆိုတာကိုကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုး ကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက်များစွာရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိ ပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်း လဲမှုတွေ ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ်ရှိတယ်လို့ အများကလက်ခံထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။
ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင်အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်း က အာဏာရလာတဲ့ မြန်မာစစ်အစိုးရကတော့ အာဏာရပြီးသိတ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်းဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ဘဲ ဖြစ်ပါတယ်။
ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါဘဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်ကကျောင်းသား ကျောင်းသူတွေဟာ မိမိတို့အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင်သေးပါဘူး။
အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျူရှုခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာတော့မှာ ဖြစ် ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့မျှော်မှန်းချက်တွေကို စာနာထောက်ခံကြောင်း ဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသား ထဲ ပေါင်းစည်းယှက်နွယ်သွားအောင် ဖြစ်ပါတယ်။
ကျမတို့ဟာ ကိုယ့်ထက်အဆမတန်သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိအခြေအနေကိုဘဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါဘဲ။
ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက် မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့် ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆထားပါတယ်။
ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင်မရွေး နေရာတိုင်းက ခံစားတွေးတောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်းအကြောင်းမလှသူတွေကိုကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။
ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေ ရတာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေ တဲ့ အခြေခံအဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာကို သိမြင်နားလည်စေခြင်း ပါဘဲ။
ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေဖို့သာဖြစ်တယ်လို့ အကြောင်းပြလေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော် ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်သွားပါလို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။
(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)
(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် မိတ်ဆွေများရှင့်
ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်း များစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေရှိပါ တယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံအကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့မိသားစုကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင် မဖြစ်ခဲ့တဲ့အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ထူထောင်ထားတဲ့ နိုင်ငံတကာနားလည် မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူဝမ်းသာစရာဖြစ်ပါတယ်။
တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ရတာမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက်အဖြစ် ရတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသ တဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်းမြောက်စိတ် ပြည့်လျှမ်းသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန်အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့တိုင်းပြည်မှာတော့ နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်းရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာနားလည်မှုဆိုင်ရာနေရူးအမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။
ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီကနေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင်မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူး ဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန်ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက် ထက်ထက်သန်သန်ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆု လက်ခံမယ် ဆိုတာ ကျမယုံကြည်ပါတယ်။
နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင်ကပြခဲ့တဲ့အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှုဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေ ကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။
ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေ ဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယအမျိုးသားနှစ်ယောက် ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေစာရင်းထဲ ထည့်ထားပါ တယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက်နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ် ကြီးကိုယ်တိုင်ရေးအထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။
တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင် သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလိုလားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်းဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေး ဟူသည်မှာ ကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး ဟုခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့်ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံ ထားသော မည်သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုယန္တရား ပေါ် အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှုနှင့် ပိုတူနေပါသည်။ ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယားရာဇဝင်ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့က စောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာ လည်း ပြည်သူပြည်သားများအနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက်စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။
အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါ တယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါ တယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ်ဆွေတယောက်အဖြစ်လောက်ဘဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစားမိခဲ့ပါဘူး။
ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာကရုဏာဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာခဏနားပြီး ပန်ဒစ်နေရူးနဲ့တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေအပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်း ဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေးယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်း ရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတွက်အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။
၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။ အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည် ချက် နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်း အတွက် အကောင်းဆုံးဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးက အကောင်းဆုံးသက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထား က ရှေ့ဆောင်လမ်းပြပြီး ဓမ္မ နဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယမြေပေါ်က ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှု နဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ဟာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ်ဖြစ်မှုက စည်းနှောင်ထား တာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေတောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။
ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက် လှမ်းနေပါတယ်။ ကျမရဲ့နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံ ယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကိုဂုဏ်ယူစရာဖြစ်ပါတယ်။
သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြု တဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)

Thursday, March 25, 2010
Wednesday, March 24, 2010
ယမမင်းထံ အယူခံမ၀င်မီ
သူငယ်ချင်း
မင်းအကြောင်းသတင်း
အသင်းအပေါင်းရောင်းရင်းတွေဆီက
ကိုယ်ကြားပါရဲ့။
အဓမ္မ၀ါဒီတွေ
မတရားစီရင်နေတဲ့
တရားခွင်ဆိုတဲ့ဆီမှာ
တရားသူကြီးအရေခြုံပြီး
မတရားမှုကြီးတွေလုပ်နေသတဲ့။
သူငယ်ချင်း
မင်းကြိုက်စိုးကြိုက်
အကြိုက်လိုက်ဖား
သိသိကြီးနဲ့မှားနေတာများ
သြချလောက်ရဲ့။
ဘုရားတရားသံဃာစော်ကား
ဒုစရိုက်မျိုးစုံပွားနေတဲ့
လူ့ဗာလဂြိုလ်ဆိုးတသိုက်ရဲ့
အကုသိုလ်ယန္တရားထဲမှာ
ရမ်းကားသူတစ်ယောက်အဖြစ်
စာရင်းတင်ခံမလား
မင်းစဉ်းစားနော်။
ငါတော့လေ
သံသရာမှာ ၀ဋ်ဒုက္ခတွေနဲ့ လည်း
မနစ်မြုပ်ချင်
ငရဲမှာသစ်ငုတ်အဖြစ်လည်း
အဖြစ်မကုပ်ချင်သမို့ 
အလုပ်ကြမ်းအနေဆိုး
ဘယ်လိုမျိုးပဲဖြစ်ဖြစ်
အကြောက်တရားရှင်းလင်း
အပြစ်ကင်းတဲ့အလုပ်နဲ့ 
ထမင်းတလုတ်စားရတာ
သိက္ခာမငယ် အပယ်မလန့် ရတာမို့
လိပ်ပြာသန့် တယ် သူငယ်ချင်း။
သီတာအောင်
မင်းအကြောင်းသတင်း
အသင်းအပေါင်းရောင်းရင်းတွေဆီက
ကိုယ်ကြားပါရဲ့။
အဓမ္မ၀ါဒီတွေ
မတရားစီရင်နေတဲ့
တရားခွင်ဆိုတဲ့ဆီမှာ
တရားသူကြီးအရေခြုံပြီး
မတရားမှုကြီးတွေလုပ်နေသတဲ့။
သူငယ်ချင်း
မင်းကြိုက်စိုးကြိုက်
အကြိုက်လိုက်ဖား
သိသိကြီးနဲ့မှားနေတာများ
သြချလောက်ရဲ့။
ဘုရားတရားသံဃာစော်ကား
ဒုစရိုက်မျိုးစုံပွားနေတဲ့
လူ့ဗာလဂြိုလ်ဆိုးတသိုက်ရဲ့
အကုသိုလ်ယန္တရားထဲမှာ
ရမ်းကားသူတစ်ယောက်အဖြစ်
စာရင်းတင်ခံမလား
မင်းစဉ်းစားနော်။
ငါတော့လေ
သံသရာမှာ ၀ဋ်ဒုက္ခတွေနဲ့ လည်း
မနစ်မြုပ်ချင်
ငရဲမှာသစ်ငုတ်အဖြစ်လည်း
အဖြစ်မကုပ်ချင်သမို့ 
အလုပ်ကြမ်းအနေဆိုး
ဘယ်လိုမျိုးပဲဖြစ်ဖြစ်
အကြောက်တရားရှင်းလင်း
အပြစ်ကင်းတဲ့အလုပ်နဲ့ 
ထမင်းတလုတ်စားရတာ
သိက္ခာမငယ် အပယ်မလန့် ရတာမို့
လိပ်ပြာသန့် တယ် သူငယ်ချင်း။
သီတာအောင်
Sunday, March 21, 2010
ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
(အောင်ဝေး)
မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။
ပျဉ်းမနားက၊မန္တလေးက
တောင်ငူက၊ရန်ကုန်က
မုံရွာက၊မကွေးက
ပဲခူးက၊စစ်ကိုင်းက
တောင်ပိုင်းက၊မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။
ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။
ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။
ငမိုးရိပ်မှမစ်ရှီဂန်သို့ 
ဧရာဝတီမှမစ္စ စ္စပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။
ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။
ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။
ကျနော်တို့ ရှေ့ ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။
ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။
ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။
ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။
အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။
ရန်သူကရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။
အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာကကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။
ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။
မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။
၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)
ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှနွံမနစ်။
ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့ အသံ
ဘယ်တော့မှအလံမလှဲ။
ကဗျာတစ်ပုဒ်
ထောင်အုတ်ရိုးကိုကျိုးစေနိုင်ရဲ့ ။
ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။
ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။
ကဗျာဆရာတို့ 
ဖောင်ပျက်ကိုဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွှဲလော့။
ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ပြည်ပက
ထောင်ထဲက၊အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။
မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာပြန်ဝေဖို့ 
အို...ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကိုအမှတ်ရစေတယ်။ ။
အောင်ဝေး
မတ် ၁၉၊၂၀၁၀
ု်
်
(အောင်ဝေး)
မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။
ပျဉ်းမနားက၊မန္တလေးက
တောင်ငူက၊ရန်ကုန်က
မုံရွာက၊မကွေးက
ပဲခူးက၊စစ်ကိုင်းက
တောင်ပိုင်းက၊မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။
ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။
ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။
ငမိုးရိပ်မှမစ်ရှီဂန်သို့ 
ဧရာဝတီမှမစ္စ စ္စပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။
ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။
ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။
ကျနော်တို့ ရှေ့ ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။
ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။
ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။
ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။
အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။
ရန်သူကရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။
အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာကကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။
ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။
မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။
၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)
ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှနွံမနစ်။
ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့ အသံ
ဘယ်တော့မှအလံမလှဲ။
ကဗျာတစ်ပုဒ်
ထောင်အုတ်ရိုးကိုကျိုးစေနိုင်ရဲ့ ။
ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။
ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။
ကဗျာဆရာတို့ 
ဖောင်ပျက်ကိုဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွှဲလော့။
ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ပြည်ပက
ထောင်ထဲက၊အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။
မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာပြန်ဝေဖို့ 
အို...ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကိုအမှတ်ရစေတယ်။ ။
အောင်ဝေး
မတ် ၁၉၊၂၀၁၀
ု်
်
Subscribe to:
Posts (Atom)
.jpg)