Thursday, April 29, 2010

အစိမ်းခွဲ …ခွဲရက်တယ်

ဝမ်းနည်းကြေကွဲခြင်း

ရိုးမ(၃) သတင်းဌာန၏ အယ်ဒီတာချုပ်
ကဗျာဆရာ ကိုငြိမ်းလူ (၄၃ နှစ်)သည်
၂၉ ဧပြီ ၂၀၁၀ တွင် ကွယ်လွန်ကြောင်း
ကြားသိရပါသဖြင့် အာဟာရစာစောင် ၀ိုင်း
တော်သားများမှ ကျန်ရစ်သူမိသားစုနှင့် ထပ်
တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။

အာဟာရစာစောင်ဝိုင်းတော်သားများ
တိုကျို ၊ ဂျပန် ။




အစိမ်းခွဲ …ခွဲရက်တယ်

ရဲဘော်ကြီးရေ …..
ရက်ရက်စက်စက်ပါပဲ
ငါတို့ရင်ကို …. အစိမ်းခွဲ …. ခွဲရက်တယ် ။


အုံနဲ့ ကျင်းနဲ့ 
ပက်စက်လွန်းတဲ့ စနစ်ဆိုးကို
ကလောင်လက်နဲ့ 
ခင်ဗျား …. ရိုက်ချိုးခဲ့တယ် ။
အဲဒီကလောင်လက်နဲ့ ပဲ
ကမ္ဘာမြေအတွက် ပန်းတွေ ပွင့်စေခဲ့တယ် မဟုတ်လား ။

ရဲဘော်ကြီးရေ ….
မိုးအောက်မြေပြင် တခွင်လုံးမှာ
ကြေကွဲမှုတွေနဲ့ အုံ့ ဆိုင်း
ခင်ဗျား ချစ်တဲ့ ရိုးမတွေတောင်မှ
ခါတိုင်းထက်ပိုပြီး ညို့ ညို့ မှိုင်းမှိုင်း
မလန်းဆန်းနိုင်ကြတော့ဘူး ။

ရဲဘော်ကြီးရေ ….
တော်လှန်ရေးခရီးလမ်းတ၀က်မှာ
ခင်ဗျား .. ချန်ထားရစ်တဲ့
ယုံကြည်ချက်အလံ
မယိုင်မလဲ (ကျနော်တို့ )
ဆက်လက်ကိုင်ဆွဲ တိုက်ပွဲတွေနွှဲကြမယ်၊ ။

ရဲဘော်ကြီးရေ …
အခုတော့ … နှုတ်မဆက်ပဲ
ရုတ်တရက် ထွက်ခွါသွားတဲ့ ရဲဘော်ကြီးအတွက်
ချယ်ရီပင်အောက်က
ပိတောက်ချစ်သူ တယောက်မှာတော့
ကြေကွဲမှုတွေနဲ့  ကမ္ဘာပျက်လို့  …။

ရဲရင့်သက်ဇွဲ
၂၉ ဧပြီ ၂၀၁၀

No comments: